fbpx

သွင်းကုန်လုပ်ငန်းရှင်တိုင်း သိရှိထားသင့်သည့် Imort Planning Schedule ၏အခြေခံအဆင့်များ

Import Planning Schedule ဆိုသည်မှာ လူကြီးမင်းတို့အနေဖြင့် ပြည်ပနိုင်ငံများမှ ကုန်ပစ္စည်းများအား ပြည်တွင်းသို့ ဝယ်ယူတင်သွင်းသည့်အခါတွင် အမှားနည်းပါးစွာဖြင့် ဒဏ်ကြေးကိစ္စရပ်များ မကြုံတွေ့ရနိုင်စေရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့် အစီအစဉ်အရပ်ရပ်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ အသေးစိတ်ကြိုတင်ပြင်ဆင်မှု Impot Planning Schedule များ ပြုလုပ်မထားမိခဲ့ပါက အမှားတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရသည်ဆိုပါက ပေးဆောင်ရနိုင်သည့် ဒဏ်ကြေးအမျိုးအစားများမှာ

Lincense နှင့် ပတ်သတ်သည့် Error များအတွက်

  •  VPA (Valid for Prior Arrival)
    – လိုင်စင်/ပါမင် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်း ၊ ကုန်ပစ္စည်းရောက်ရှိပြီးမှ လိုင်စင်/ပါမစ် ပြင်ဆင်ချက်ရရှိခြင်းတို့အတွက် ဆောင်ရသည့်ဒဏ်ကြေး

 

  • ALC (After Landed Correction)
    – ကုန်ပစ္စည်းရောက်ရှိပြီးမှ ကုန်ပါစာရင်းချုပ် (Manifest) ပြင်ဆင်ခြင်းတို့အတွက် ဆောင်ရသည့် ဒဏ်ကြေးစသည်များကို ပေးဆောင်ရမှာဖြစ်ပါသည်။

 

  • Sea Freight သမားများ ပစ္စည်းထုတ်ယူမှု နောက်ကျခြင်းအတွက်
    – Port Charges
    – Detention Charges (Import & Export Container များအတွက် Storage Charges)
    – Demurrage Charges (Container လိုင်းကို ပေးဆောင်ရသည့် Charges) စသည်များကို ပေးဆောင်ရမည်ဖြစ်ပါသည်။

ထို့ကြောင့် Import Planning Schedule များသည် လူကြီးမင်းတို့ ထင်မှတ်ထားသည်များထက် ပိုမိုပြီးအရေးကြီးလှပါသည်။ Import Planning Schedule ပြုလုပ်သည့်အခါ ထည့်သွင်းစဉ်းစားရမည့် အဆင့်များမှာ …

  1. မည်သည့် Trading Company နှင့် အတူလက်တွဲမည်နည်း
  2.  Importer / Exporter Code များ ရှိပြီးပြီလား
  3.  တင်သွင်းမည့် ပစ္စည်းအမျိုးအစားများ၏ HS Code ကိုရော ရှာဖွေပြီးပြီလား
  4.  မိမိတင်သွင်းလိုသည့် ပစ္စည်းသည် License ပစ္စည်းလား / Non-License ပစ္စည်းလားဆိုတာကို ခွဲခြားသိရှိထားပြီးပြီလား ။ License ပစ္စည်းများဆိုပါက ထို့အတွက် လိုအပ်သည့် License များ လျှောက်ထားရန် ဆောင်ရွက်ပြီးပြီလား။
  5.  အသုံးပြုမည့် Incoterm ကို ရွေးချယ်ပြီးပြီလား။
  6.  စာရွက်စာတမ်း မှန်မမှန် စစ်ဆေးခြင်းနှင့် စာရွက်စာတမ်းရောက်ရှိမည့် အချိန်နှင့် အကိုက်လိုအပ်မည့် လုပ်ဆောင်မှုတွေကိုရော ကြိုတင်စီစဉ်ပြီးပြီလား။
  7.  ပစ္စည်းထွက်နေစဉ်ကာလအတွင်း စာရွက်စာတမ်းများ ကြိုတင် Run ထားရန် စီစဉ်ပြင်ဆင်ထားခြင်းရှိပါသလား။

များသောအားဖြင့် ကြုံတွေ့ရတတ်လေ့ရှိသည်မှာ မိမိသယ်ယူလိုသည့် ပစ္စည်းထွက်လာပြီးကာမှ လိုင်စင်လျှောက်ထားမိသည့်အတွက် တစ်စုံတစ်ရာ မှားယွင်းခဲ့လျှင် ပစ္စည်းထုတ်မရခြင်းများ ၊ ရက်လွန်ကြေးပေးဆောင်ရခြင်းများ ၊ အစိုးရရုံးပိတ်ရက်များ ကြားခံသွားသည့်အခါ ထပ်တက်လာနိုင်သည့် ဒဏ်ကြေးငွေများ စသည်တို့ကြောင့် အခက်ကြုံရနိုင်သည်။ ထို့ကြောင့် Import ပြုလုပ်တော့မည်ဆိုပါက အထက်တွင် ဖော်ပြခဲ့သည့် အစီအစဉ်များအတိုင်း သေချာစွာ စနစ်တကျ Schedule ပြုလုပ် ပြင်ဆင်ထားဖို့ အကြံပြုလိုပါသည်။

#SuperLight #Logistics #Import_Planning_Schedule

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN