fbpx

စိတ်ချရသည့်ကုန်စည်ပမာဏတွက်ချက်မှုများ (Safety Stock Calculations)

အချိန်နှင့်အမျှ ပြောင်းလဲနေသည့် သုံးစွဲသူများ၏ ဝယ်လိုအားနှင့်အတူ သဘာဝဘေးအပါအဝင် မမျှော်မှန်းနိုင်သော အခြေအနေများကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်တောက်မှု မရှိစေရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွင်း ကုန်ကြမ်းနှင့်အစိတ်အပိုင်းများပြတ်လပ်မှု မရှိစေရေးတို့အတွက် လုံလောက်စိတ်ချရသော ကုန်ပစ္စည်း၊ ကုန်ကြမ်းပမာဏ (Safety stock) ကို လက်ဝယ်တွင် သိုလှောင်ထိမ်းသိမ်းထားရန် အင်မတန်မှ လိုအပ်လှပါတယ်။

အဆိုပါလိုအပ်ချက်နှင့်အညီ လုံလောက်စိတ်ချရသော ကုန်စည်ပမာဏ (Safety stock) မည်ရွေ့မည်မျှပမာဏ (အရေအတွက်၊ အတိုင်းအတာ) သိုလှောင်ရမည်ကို သိရှိနိုင်ရန် အောက်ပါအခြေခံအချက်များပေါ်မူတည်ကာ တွက်ချက်ကြလေ့ရှိသည် –

  •  ဖြစ်နိုင်ဖွယ် ပုံမှန်ဖြန့်ဖြူးပေးသည့်ပမာဏ
  •  ဖြန့်ဖြူးနေသည့် ပျမ်းမျှပမာဏအပေါ် အလျော့အတင်းဖြစ်နိုင်ဖွယ်ပမာဏ
  •  ကုန်ကြမ်း (သို့မဟုတ်) အစိတ်အပိုင်းနှင့် ကုန်ပစ္စည်းများစတင်မှာယူချိန်မှ လက်ဝယ်သို့ရောက်ရှိဖြန့်ဖြူးပေးနိုင်သည်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလ(နေ့ရက်စသည်)
  •  ပစ္စည်းမှာယူထားချိန်အတွင်း ဖြစ်ပေါ်နိုင်သည့် ဝယ်လိုအားပမာဏ
  •  ပျမ်းမျှဝယ်လိုအား (သို့မဟုတ်) ပြောင်းလဲနိုင်သည့် ဝယ်လိုအားခန့်မှန်းမှု
  •  ကုန်ပစ္စည်းများပြန်လည်ဖြည့်တင်းရန် အမှာစာထပ်မံပေးပို့ရမည့်အချိန်

လုံလောက်စိတ်ချရသော ကုန်စည်ပမာဏ (Safety stock) တွက်ချက်ရန် အရိုးရှင်းဆုံးနည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည် –

  • နေ့စဉ်ဖြန့်ဖြူးရသည့် ကုန်ချော(သို့မဟုတ်)အသုံးပြုရသည့်ကုန်ကြမ်း အများဆုံးအရေအတွက်ကို ပစ္စည်းစတင်မှာကြားချိန်မှ လက်ဝယ်ရောက်ရှိအသုံးပြုနိုင်သည်အထိ အများဆုံးကြာမြင့်မည့် ရက်ပေါင်းနှင့်မြှောက်ပါ။
  •  နေ့စဉ်ဖြန့်ဖြူးရသည့် ပျမ်းမျှပစ္စည်းအရေအတွက်ကို ပစ္စည်းမှာယူချိန် ကြာမြင့်မည့် ပျမ်းမျှရက်ပေါင်းနှင့်မြှောက်ပါ။
  • အထက်ပါ မြှောက်လဒ်နှစ်ခု ခြားနားခြင်းသည် လက်ဝယ်သိုလှောင်ထားရမည့် စိတ်ချရသည့် ကုန်စည်ပမာဏ (Safety stock) ဖြစ်ပါသည်။
Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN