fbpx

ကုန်သွယ်မှုရှင်းတမ်းအကြောင်း သိကောင်းစရာ (Balance of trade -B O T)

ကုန်သွယ်မှုရှင်းတမ်း (The balance of trade) ဆိုသည်မှာ အချိန်ကာလတစ်ရပ် (ဥပမာ ဘဏ္ဍာရေးနှစ်) အတွက် နိုင်ငံတစ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ခြားနားချက်ပင်ဖြစ်သည်။ ကုန်သွယ်မှုရှင်းတမ်းသည် နိုင်ငံ၏လက်ရှိငွေစာရင်း (သို့မဟုတ်) ပြည်တွင်း၊ ပြည်ပ ငွေပေး၊ ငွေယူမှုရှင်းတမ်း (Balance of payment) ၏ အဓိကအကျဆုံး အစိတ်အပိုင်းပင်ဖြစ်သည်။ စီးပွားရေးပညာရှင်များက နိုင်ငံ၏စီးပွားရေးနှင့် ဆက်နွယ်သော တောင့်တင်းခိုင်မာမှုကို တိုင်းတာရာတွင် ကုန်သွယ်မှုရှင်းတမ်းကို အသုံးပြုလေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သွင်းကုန် (ကုန်စည်နှင့်ဝန်ဆောင်မှု) တန်ဖိုးသည် ပို့ကုန် (ကုန်စည်နှင့်ဝန်ဆောင်မှု) တန်ဖိုးထက်များပြားနေပါက ထိုနိုင်ငံမှာ ကုန်သွယ်မှုလိုငွေ (Trade deficit) ပြနေမည်ဖြစ်သည်။ ထိုနည်းတူ အပြန်အလှန်အားဖြင့် နိုင်ငံ၏ပို့ကုန်တန်ဖိုးသည် သွင်းကုန်တန်ဖိုးထက် ပိုလျှံနေပါက ကုန်သွယ်မှုလိုငွေ (Trade surplus) ဖြစ်ပေါ်နေမည်ဖြစ်သည်။ အကျိုးဆက်အားဖြင့် ကုန်သွယ်မှုလိုငွေအများအပြားပြနေသော နိုင်ငံတစ်နိုင်ငံသည် လိုအပ်သည့်ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ပေးချေရန်ငွေကြေး ချေးယူရလေ့ရှိပြီး ကုန်သွယ်မှုပိုငွေပြသော နိုင်ငံများကမူ ကုန်သွယ်မှုလိုငွေပြသော နိုင်ငံများသို့ ငွေကြေးထုတ်ချေးပေးလေ့ရှိသည်။ သို့ရာတွင် ကုန်သွယ်မှုလိုငွေ (သို့မဟုတ်) ပိုငွေပြမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ညွှန်ပြနေသည့်အချက်ဟု အမြဲတန်းမဆိုနိုင်ပေ။ ဥပမာအားဖြင့် စီးပွားရေးကျဆင်းနေသည့်ကာလတွင် နိုင်ငံများသည် စီးပွားရေးလိုအပ်ချက်နှင့် အလုပ်အကိုင်များဖန်တီးနိုင်ရေးအတွက် ပြည်ပသို့ပို့ကုန်များ ပိုမိုတင်ပို့ရန် ဦးစားပေးလေ့ရှိပြီး စီးပွားရေးတိုးတက်နေချိန်များတွင် နိုင်ငံများသည် ဈေးနှုန်းပိုမိုယှဉ်ပြိုင်နိုင်စေရန် ပြည်ပမှသွင်းကုန်များ ပိုမိုတင်သွင်းရန်ဦးစားပေးလေ့ရှိသည်။

#SuperLight #Logistics #Educating #Balance_of_Trade

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN