fbpx

ပို့ကုန် သွင်းကုန် လုပ်ငန်းများအတွက် မှတ်ပုံတင်ခြင်း အဆင့်ဆင့်

မြန်မာနိုင်ငံသွင်းကုန်လုပ်ငန်းရှင် (သို့မဟုတ်) ပို့ကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမှာ ကွဲပြားခြင်းမရှိပေ။ သို့ရာတွင် သွင်းကုန်လိုင်စင် (သို့မဟုတ်) ပို့ကုန်လိုင်စင်လျှောက်ထားရယူခြင်းမှာမူ သီးခြားစီဖြစ်သည်။ မြန်မာနိုင်ငံပို့ကုန်များ တင်ပို့ရန် (သို့မဟုတ်) သွင်းကုန်များ တင်သွင်းရန် ဆောင်ရွက်လိုသည့် ကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနတွင် ကိုယ်တိုင်မှတ်ပုံတင်ရန် မဖြစ်မနေလိုအပ်မည်ဖြစ်သည်။ ယခုအခါမှတ်ပုံတင်လိုသည့် ကုမ္ပဏီများအနေဖြင့် online မှတစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း မှတ်ပုံတင်နိုင်မည်ဖြစ်သည်။ ကုမ္ပဏီမှတ်ပုံတင်သက်တမ်းမှာ ၅ နှစ်အထိလျှောက်ထားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနတွင် သွင်းကုန်လုပ်ငန်း (သို့မဟုတ်) ပို့ကုန်လုပ်ငန်းအဖြစ် မှတ်ပုံတင်ပြီးသောကုမ္ပဏီများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနတွင် ထပ်မံမှတ်ပုံတင်ရမည်ဖြစ်သည်။ ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်သက်တမ်းမှာ ၃ နှစ် သတ်မှတ်ထားပြီး မှတ်ပုံတင်ကြေးမှာ တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၅၀ (မြန်မာကျပ်ငွေ ၅၀၀၀၀) ပေးသွင်းရမည်ဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များအားလုံးသည် မြန်မာနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတွင် အဖွဲ့ဝင်များအဖြစ် ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။ ၁၉၅၀ ပြည့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ နိုင်ငံခြားပြည်ပကုမ္ပဏီများသည် အစုရှယ်ယာကန့်သတ်ထားသော လီမိတက်ကုမ္ပဏီ (သို့မဟုတ်) ဖက်စပ်ကုမ္ပဏီများအဖြစ်သာ မှတ်ပုံတင်ခွင့်ရရှိခဲ့သော်လည်း ယခု ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုအက်ဥပဒေအရ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် သွင်းကုန် (သို့မဟုတ်) ပို့ကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားနိုင်ပြီဖြစ်သည်။

#SuperLight #Logistics #Knowledge #article

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN