fbpx

စည်းကြပ်ခွန်နှင့် အခွန်အခများ

စည်းကြပ်ခွန် (Tariffs)

မြန်မာနိုင်ငံတွင် သွင်းကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုကို အောက်ပါအချက်များပေါ်တွင် အခြေခံ၍ တွက်ချက်စည်းကြပ်လျက်ရှိသည်။

(၁) သွင်းကုန်ပစ္စည်းအမျိုးအစား
(၂) သွင်းကုန်ပစ္စည်းတန်ဖိုး
(၃) သွင်းကုန်ပစ္စည်းမူရင်းထုတ်လုပ်ရာဒေသ

သွင်းကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုမှာ ၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည်။ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သွင်းကုန်ပစ္စည်းများအတွက် ပျှမ်းမျှစည်းကြပ်အခွန်မှာ ၈ ဒသမ ၇ ရာခိုင်နှုန်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့်မသက်ဆိုင်သော အခြားသွင်းကုန်များအတွက် ပျှမ်းမျှစည်းကြပ်အခွန်မှာ ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်။

သွင်းကုန်ပစ္စည်းအမျိုးအစားအလိုက် စည်းကြပ်အခွန်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်ထားပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ကုန်သွယ်ရေးကင်းလွတ်ခွင့်ဇုန် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အဖွဲ့ဝင်နိုင်ငံများထံမှ သွင်းကုန်ပစ္စည်းများအပေါ် ၁၀၀ ရာခိုင်နှုန်းစည်းကြပ်အခွန်ကင်းလွတ်ခွင့် ပြုထားလျက်ရှိပါတယ်။
စည်းကြပ်အခွန်ကင်းလွတ်ခွင့်အတွက် သွင်းကုန်ပစ္စည်း၏ မူရင်းဒေသထောက်ခံချက် (Country of origin) လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့မည့် ပို့ကုန်ပစ္စည်းများအပေါ်ကိုမူ စည်းကြပ်ခွန် သတ်မှတ်ပြဌာန်းထားခြင်းမရှိပေ။

အထူးကုန်စည်ခွန်နှင့် အခြားအခွန်များ (Special goods tax & others)
၂၀၁၆ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအစိုးရမှ သွင်းကုန်၊ ထုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်အစား အထူးကုန်စည်များ အကောက်ခွန်အက်ဥပဒေတစ်ရပ်ကို သတ်မှတ်ပြဌာန်းခဲ့သည်။
အဆိုပါအထူးကုန်စည်ခွန်အက်ဥပဒေအရ ဇိမ်ခံပစ္စည်းများ၊ ကျန်းမာရေးဘေးဥပဒ်ဖြစ်စေသောပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်သောပစ္စည်းများကို အထူးအခွန်များသတ်မှတ်ပြဌာန်းခဲ့သည်။
ကျောက်မျက်ရတနာ၊ စီးကရက်၊ ဒီဇယ်စသည့် အထူးကုန်စည်ခွန်နှင့်အကျုံးဝင်သော ပစ္စည်းများအပေါ် ၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသည့်အပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံသွားမည်ဖြစ်သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇွန်လမှစတင်၍ ပို့ကုန်၊ သွင်းကုန်ပစ္စည်းများအားလုံးအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း သတ်မှတ်ပြဌာန်းထားပြီး သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်များအနေဖြင့် ပစ္စည်းတင်ပို့ (သို့မဟုတ်) သွင်းယူသည်နှင့် ကြိုတင်ပေးသွင်းရမည်ဖြစ်သည်။

#SuperLight #Logistics #Knowledge #Export_Import

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN