fbpx

ကမ္ဘာ့ဈေးကွက်တိုးတက်လာခြင်းအကြောင်း သိကောင်းစရာ

✅ လွန်ခဲ့သောနှစ်အတော်များများအတွင်း ကမ္ဘာ့ဈေးကွက်အခြေအနေသည် ဒေသန္တရပထဝီဝင်အရလည်းကောင်း၊ လူမှုပထဝီအရလည်းကောင်း သိသိသာသာပြောင်းလဲမှုကြုံတွေ့ခဲ့ရသည်။ ယခုရာစုနှစ်ရှေ့ပိုင်းတွင်ပင် တစ်ဟုန်ထိုးဖွံ့ဖြိုးလာသည့် ဈေးကွက်များ (ဥပမာ တရုတ်၊ အိန္ဒိယစသည်) တွင် လူလတ်တန်းစားလူဦးရေသည် နှစ်ဆနီးပါးခုန်တက်လာခဲ့သည်။ ယခုနှုန်းထားအတိုင်းဆိုလျှင် လာမည့်သက္ကရာဇ် ၂၀၃၀ တွင် လူလတ်တန်းစားလူဦးရေသည် ၄ ဒသမ ၉ ဘီလျံခန့်ထိရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ အဆိုပါအဆက်မပြတ်တိုးပွားလာသည့် လူလတ်တန်းစားများသည် ဒေသတွင်းနှင့် နိုင်ငံတကာကုမ္မဏီများအတွက် ဈေးကွက်သစ်များ ဖန်တီးဖြစ်ပေါ်လာစေခဲ့သည်။

✅ တိုးပွားလာသည့် ကုန်ပစ္စည်းလိုအပ်ချက်များနှင့်အညီ အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကုန်စည်စီးဆင်းမှုကွန်ယက်များကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်လာခဲ့ရသည်။ ထို့ပြင် နည်းပညာခေတ်မှီတိုးတက်မှုနှင့်အတူ Internet အသုံးပြုမှု ကျယ်ပြန့်လာသည့်အလျောက် ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းများကိုလည်း ဘက်ပေါင်းစုံမှ မြှင့်တင်ဖြည့်ဆည်းလာခဲ့ရသည်။ သုံးစွဲသူတစ်ဦးအနေဖြင့် ယခင်ကကဲ့သို့ စတိုးဆိုင်များ၊ Shopping mall များသို့ သွားရောက်ရန်မလိုတော့ပဲ မိမိအိမ်အတွင်းမှပင် မိမိလိုအပ်သောကုန်ပစ္စည်းနှင့် အရည်အသွေးကို PC (သို့မဟုတ်) Mobile device တစ်ခုခုဖြင့် ရှာဖွေမှာယူနိုင်ကြပြီဖြစ်သည်။

✅ မျက်မှောက်ခေတ်သုံးစွဲသူများနှင့် စပ်လျဉ်း၍ သေချာသည့်အချက်တစ်ရပ်မှာ နည်းလမ်းမျိုးစုံဖြင့် ဖြန့်ကျက်နေသည့်ဈေးကွက်အတွင်း ၎င်းတို့စိတ်ကြိုက်နည်းလမ်းဖြင့် ရွေးချယ်ဝယ်ယူခွင့် ရရှိနေခြင်းပင်ဖြစ်သည်။ အဆိုပါသုံးစွဲသူများ၏ ပြောင်းလဲလာသည့် ဝယ်ယူမှုအလေ့အထများက စီးပွားရေးလုပ်ငန်းဆိုင်ရာ အမြင်သဘောထား၊ လုပ်ငန်းဖွဲ့စည်းမှု၊ ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ကုန်စည်ဖြန့်ချိမှုနည်းလမ်းများကိုပါ ပြောင်းလဲလာစေခဲ့သည်။ ကုန်ပစ္စည်းထုတ်လုပ်သူ၊ ဖြန့်ချိသူများအနေဖြင့် သုံးစွဲသူများ၏ အာရုံစူးစိုက်ခံရမှုကို ဖမ်းဆုပ်နိုင်မည့်နည်းလမ်းသစ်များကို စဉ်ဆက်မပြတ်လေ့လာဆန်းစစ်ကြရသည်။ သို့ဖြစ်၍ သုံးစွဲသူများနှင့် ၎င်းတို့၏လိုလားတောင့်တချက်များကို ဗဟိုပြုနိုင်မည့် လုပ်ငန်းဆိုင်ရာအစီအစဉ်များကို တွန်းအားပေးဆောင်ရွက်ရန် လိုအပ်လာခြင်းဖြစ်သည်။ သုံးစွဲသူဗဟိုပြုခြင်းနှင့် စပ်လျဉ်း၍ Supply chain ခေါင်းစဉ်အောက်တွင် ဝယ်လိုအားလှုံ့ဆော်မှုအဖြစ် လွန်ခဲ့သောနှစ်များစွာကပင် ဆွေးနွေးပြောဆိုခဲ့ကြသည်။ သို့ရာတွင် ဝယ်လိုအားလှုံ့ဆော်မှုမျှဖြင့် ပြည့်စုံလုံလောက်မှုမရှိတော့ပဲ ဈေးကွက်လှုံဆော်မှုအဖြစ် တွန်းအားပေးရန် လိုအပ်လာပြီဖြစ်သည်။ ဆိုလိုသည်မှာ သုံးစွဲသူများ၏ ဝယ်လိုအားခန့်မှန်းယုံမျှနှင့် မလုံလောက်ပဲ သုံးစွဲသူများ၏သဘောထားကိုပါ ထည့်သွင်းတွက်ချက်ရန် လိုအပ်လာပြီဖြစ်သည်။

✅ ဈေးကွက်အတွင်းပြောင်းလဲနေသည့်အခြေအနေ၊ ဦးတည်ချက်များနှင့် သုံးစွဲသူများ၏လိုအပ်ချက်၊ သဘောထားများကို ထည့်သွင်းစဉ်းစားပြီး သက်ဆိုင်ရာကုမ္ပဏီ၏မူဝါဒ (သို့မဟုတ်) မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်ဖြစ်သည်။ အလျင်အမြန်နှင့် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလာသော ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းများ (တနည်းအားဖြင့် ဝယ်ယူရေးလမ်းကြောင်းများ) ပေါင်းဆုံစုစည်းလာမှုနှင့်အတူ ကုမ္ပဏီများအနေဖြင့် ဝယ်လိုအားကွန်ယက်ကြီးတစ်ခုလုံးကို လွှမ်းခြုံအဖြေထုတ်နိုင်မည့် နည်းလမ်းသစ်တစ်ရပ်ကို ညှိနှိုင်းသုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါလိုအပ်ချက်နှင့်အညီ ကုမ္ပဏီများအနေဖြင့် ယခင်သမားရိုးကျ Supply chain မှ သုံးစွဲသူဗဟိုပြု Supply chain ကွန်ယက်အဖြစ် ပြောင်းလဲကျင့်သုံးလာကြခြင်းဖြစ်သည်။
သုံးစွဲသူဗဟိုပြု Supply chain တစ်ခု ဖန်တီးတည်ဆောက်ရာတွင် သတိပြုဆောင်ရွက်သင့်သည့် အချက်များကို နောက်ထပ်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမည် 👇👇

#SuperLight #Logistics #Knowledge #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN