fbpx

၂၀၂၀ Incotrems အသစ်မိတ်ဆက် အပိုင်း (၂)

Incoterms 2020 သတ်မှတ်ပြဌာန်းချက်များတွင် အောက်ဖော်ပြပါ အချက်များ ပါဝင်ခြင်းမရှိပေ။
(၁) ကုန်စည်များ သယ်ယူပို့ဆောင်လွှဲပြောင်းပေးရမည့် အသေးစိတ်အချက်အလက်များ
(၂) လွှဲပြောင်းပေးပို့သည့် ကုန်စည်များ၏ ပိုင်ဆိုင်မှု
(၃) ငွေပေးချေမှုသတ်မှတ်ချက်များ
(၄) ကန်ထရိုက်စာချုပ်ဆိုင်ရာ ပိုင်ဆိုင်ခွင့်နှင့် အငြင်းပွားမှု လုပ်ထုံးလုပ်နည်းများ
(၅) ပစ္စည်းများ မလွှဲပြောင်းပေးမီနှင့် လွှဲပြောင်းအပြီး နောက်ဆက်စပ် ကိစ္စရပ်များ
(၆) ထုတ်ပေးရမည့် အထောက်အထား ၊ စာရွက်စာတမ်းများနှင့် ၎င်းတို့တွင်ပါဝင်ရမည့် အချက်အလက်များ

သို့ဖြစ်ရာ ရောင်းသူ ဝယ်သူများအနေဖြင့် အရောင်းအဝယ် ကန်ထရိုက်စာချုပ်များတွင် လိုအပ်သည့် အချက်အလက်များကို အတိအကျ ဖော်ပြ ထည့်သွင်းကြရမည် ဖြစ်သည်။
Incoterms သတ်မှတ်ပြဌာန်းချက်များတွင် အကောက်ခွန် ရှင်းလင်းရေးအတွက် အီလက်ထရောနစ် အချက်အလက်များ ပေးပို့မှုစနစ်ကို အသုံးပြုရေးကို ထည့်သွင်းသတ်မှတ်ထားသည်ကို တွေ့ရှိရသည်။
အများအားဖြင့် နိုင်ငံတကာ သဘောၤတင်ပို့မှုတွင် ဝယ်သူက ကုန်စည်များအတွက် အာမခံထားရှိရသော်လည်း Incoterms သတ်မှတ်ပြဌာန်းချက်တွင် CIF နှင့် CIP ပြဌာန်းချက် ၂ရပ်မှ လွဲ၍ ကျန်ပြဌာန်းချက်များတွင် အာမခံကို မဖြစ်မနေ လိုအပ်ချက်တစ်ရပ်အဖြစ် သတ်မှတ်ထားခြင်းမရှိပေ။
Incoterms သတ်မှတ်ပြဌာန်းချက် နှစ်ရပ်ဖြစ်သော CIF နှင့် CIP တွင် ကုန်ပစ္စည်း ဝယ်သူ အကျိုးစီးပွားအတွက် ရောင်းချသူမှ ကုန်စည်အာမခံကို ထားရှိပေးရန် သတ်မှတ်ထားပြီး ဝယ်သူအနေဖြင့် အာမခံကုမ္ပဏီ သို့ ကုန်ပစ္စည်း ထိခိုက်ဆုံးရှံုံးမှုအတွက် တိုက်ရိုက်တင်ပြ တောင်းနိုင်ခွင့်ပြုနိုင်သည်။
Incoterms သတ်မှတ်ပြဌာန်းချက် တစ်ခုချင်းစီသည် ပြည်တွင်း (သို့) နိုင်ငံတကာ ကုန်စည်များ၏ ပို့ဆောင်မှုနှင့် စပ်လျဉ်းသော မတူညီသည့် အခြေအနေ တစ်ခုချင်းစီကို ကိုယ်စားပြု ဖြေရှင်းပေးထားခြင်း ဖြစ်သည်။
ထို့အပြင် Incoterms သတ်မှတ်ပြဌာန်းချက်များသည် နိုင်ငံတကာ ကုန်သွယ်မှုတွင် လိုအပ်သော အထောက်အထား ၊ စာရွက်စာတမ်းများကိုလည်း မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူ ဆောင်ရွက်ပေးရမည် ဆိုခြင်းကို ထည့်သွင်းပြဌာန်းပေးထားသည်။
နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံအကြား အထောက်အထား စာရွက်စာတမ်း လိုအပ်ချက်များသည် အများအပြား ကွဲလွဲလျက်ရှိရာ အဆိုပါ သတ်မှတ်ပြဌာန်းချက်သည် ကုန်စည်များ လွယ်ကူချောမွေ့စွာ လွှဲပြောင်းပို့ဆောင်ရေး အတွက် များစွာ အထောက်အကူပြုလျက်ရှိသည်။
Incoterms သတ်မှတ်ပြဌာန်းချက်များကို အမျိုးအစားအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ ၎င်းတို့မှာ –
(၁) သယ်ယူပို့ဆောင်မှု နည်းလမ်းတစ်ရပ် (သို့) နည်းလမ်းများ ဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များ
(၂) ပင်လယ်ပြင်နှင့် ကုန်းတွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များ ဖြစ်သည်။

Incoterms သတ်မှတ်ပြဌာန်းချက် တစ်ခုချင်းစီတိုင်းကို အင်္ဂလိပ် အက္ခရာ သုံးလုံး (အတိုကောက်စာလုံးစု) ဖင့် ဖော်ညွှန်းထားသည်။
အတိုကောက် စကားလုံးစု၏ ပထမဆုံး အက္ခရာများသည် သတ်မှတ်ပြဌာန်းချက်ကို ဂရုပြုနေနိုင်မည့် သတင်းအချက်အလက်ကို ဖော်ပြထားခြင်းဖြစ်သည်။
ဥပမာအားဖြင့် အက္ခရာ E ဖြင့် အစပြုသည့် သတ်မှတ်ပြဌာန်းချက်သည် ကုန်ပစ္စည်းများအား ဝယ်သူရွေးချယ်ထားသည့် သင်္ဘောလိုင်းမှ သင်္ဘောပေါ်သို့ တင်ပို့ရန် အသင့်ပြင်ဆင်ထားပြီး ရောင်းချသူဖက်မှ ဆောင်ရွက်ရန် ရှိသည်များကို ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖော်ညွှန်းထားခြင်းဖြစ်သည်။
အက္ခရာ E ဖြင့် အစပြုသည့် သတ်မှတ်ပြဌာန်းချက် တစ်ခုတည်းရှိပြီး EXW (Ex Works) ဖြစ်သည်။
အက္ခရာ F ဖြင့် အစပြုသည့် သတ်မှတ်ပြဌာန်းချက်များမှာ သင်္ဘောတင်ပို့မှုအတွက် အဓိကက သယ်ယူပို့ဆောင်စရိတ် (သို့) အအခြေခံ စရိတ်စကများကို ဝယ်သူဖက်မှ ပေးချေရန် မလိုအပ်သည့် သင်္ဘောတင်ပို့မှုကို ရည်ညွှန်းသည်။
ဥပမာအားဖြင့် FOB (Free on Board) ၊ FCA (Free Carriier) ၊ FAS (Free Alongside Ship) စသည်တို့ဖြစ်သည်။
အက္ခရာ C ဖြင့် အစပြုသည့် သတ်မှတ်ပြဌာန်းချက်များမှာ သင်္ဘောတင်ပို့မှုအတွက် စရိတ်စက (အဓိက သယ်ယူစရိတ်၊ အကြို သယ်ယူစရိတ်) အချို့ကို ရောင်းသူဖက်မှ ပေးချေရမည် ဖြစ်သော်လည်း ကုန်စည်များ သင်္ဘောပေါ် လွှဲပြောင်းပြီးနောက် ရောင်းသူ၏ တာဝန်အဆုံးသတ်မည့် သင်္ဘောတင်ပို့မှုကို ရည်ညွှန်းသည်။
ဥပမာအားဖြင့် CIF (Cost/Insurance and Freight) ၊ CIP (Carriage and Insurance Paid to)၊ CPT (Carriage Paid to) ၊ CFR (Cost and Freight) စသည်တို့ ဖြစ်သည်။
အက္ခရာ D ဖြင့် အစပြုသည့် သတ်မှတ်ပြဌါန်းချက်များမှာ ပစ္စည်းလွှဲပြောင်းရမည့် နေရာ သတ်မှတ်ချက်များ ဖြစ်ပြီး အဆိုပါ သတ်မှတ်ချက်အရ ပို့ဆောင်သည့် သင်္ဘောတင်ကုန်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်စရိတ်စကများကို ရောင်းသူမှ ပေးချေရမည်ဖြစ်သည်။အက္ခရာ D ဖြင့် အစပြုသည့် Incoterms သတ်မှတ်ပြဌာန်းများမှာ DAT (Delivered at Terminal) ၊ DAP (Delivered at Place) ၊ DDP (Delivered Duty Paid) စသည်တို့ ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN