fbpx

Supply Chain ကုန်ကျစရိတ်များကို လျှော့ချနိုင်မည့် ရှင်းလင်းလွယ်ကူသော နည်းလမ်း (၅)ရပ်

သင့်လုပ်ငန်း အမြတ်အစွန်းကို တိုးပွားစေမည့် အသေချာဆုံး နည်းလမ်းတစ်ရပ်မှာ သင့်၏ Supply Chain အသုံးစရိတ်များကို အနည်းဆုံးဖြစ်စေရန် လျှော့ချပေးခြင်းဖြစ်သည်။
ထိုသို့ အသုံးစရိတ်များကို လျော့ကျစေပြီး Supply Chain လုပ်ငန်းရပ်များ ထိရောက်တွင်ကျယ်မှုကိုလည်း ပိုမိုရရှိစေမည့် နည်းလမ်းတစ်ရပ်မှာ Supply Chain ၏ မည်သည့်နေရာ (မည်သည့်လုပ်ငန်းဌာန) ကို အထူးဂရုပြု စီစစ်ပြုပြင်ရမမည်ကို အတိအကျ သိရှိခြင်းဖြစ်သည်။
Supply Chain ၏ အသုံးစရိတ်များကို လျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက်အကူပြု နိုင်မည့် ရိုးရှင်းလွယ်ကူသော မဟာဗျူဟာ (၅)ရပ်ကို ဖော်ပြလိုက်ပါသည်။

(၁) အလေးချိန်တိုင်းတာမှု နည်းပညာကို အသုံးပြုပါ

————————————————————
Supply Chain တွင် အရေးပါဆုံး လုပ်ငန်းတစ်ရပ်မှာ အလေးချိန်တိုင်းတာမှု (ချိန်တွယ်မှု) လုပ်ငန်းစဉ်ပင်ဖြစ်သည်။ Supply Chain လုပ်ငန်းများ တွင်ကျယ်ထိရောက်မှုကို တိုးမြှင့်နိုင်စေရေးအတွက် ခေတ်ပေါ် ဒီဂျစ်တယ် အီလက်ထရောနစ် ချိန်ခွင်ကဲ့သို့သော မှန်ကန်သည့် စကေးချိန်တိုင်းတာမှု ကိရိယာများ အသင့်စီစဉ်ထားရှိရမည် ဖြစ်သည်။
ယခုအခါ အလေးချိန်တိုင်းတာမှုတွင် အလွယ်တကူ အသုံးပြုနိုင်သည့် ကိရိယာအမျိုးမျိုးရှိသည်။
ဥပမာအားဖြင့် အရွယ်အစား ကြီးမားလေးလံသည့် ကုန်ပစ္စည်းများကို ချိန်တွယ်နိုင်သည့် Platform Scale ကဲ့သို့ ကတ္တားကြီးများနှင့် ကုန်တင် ထရပ်ကား၊ မီးရထားကုန်တွဲများကိုပင် အလေးချိန်တိုင်းတာနိုင်သည့် weighbridge ခေါ် Truck scale များ ရှိသည်။
Truck scale များကို ကွန်ကရစ်အောက်ခံဘောင်များပေါ်တွင် အသေတပ်ဆင်ထားပြီး ကုန်တင်ယာဉ်များကို မောင်းတင်ကာ ချိန်တွယ်နိုင်ခြင်းခြင့် ကုန်မတင်မီ မော်တော်ယာဉ် အလေးချိန်နှင့် ကုန်တင်ပြီး မော်တော်ယာဉ် အလေးချိန် ကွာခြားချက်အပေါ် မူတည်၍ တင်ဆောင်ထားသည့် ကုန်အလေးချိန်ကို အတိအကျ တွက်ချက်နိုင်မည် ဖြစ်သည်။
ထိုသို့ ကုန်အလေးချိန်များကို မှန်ကန်စွာ သိရှိနိုင်သည့် အလျောက် ကုန်တင်မော်တော်ယာဉ် အနေဖြင့် သတ်မှတ်အလေးချိန်ထက် ပိုမို တင်ဆောင်ခြင်းမပြုရန် စိစစ်နိုင်မည် ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးကို ပိုမိုတိုးမြင့်လာစေမည်ဖြစ်သည်။

(၂) ကောင်းမွနန်သည့် ပစ္စည်းစာရင်းစီမံခန့်ခွဲမှု အလေ့အကျင့်ကို ကျင့်သုံးပါ

————————————————————————————–

သင့်လျော်မှန်ကန်သည့် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှု နည်းစနစ်များသည် Supply Chain အသုံးစရိတ်များကို လျော့ကျစေနိုင်သည်။ သင့်လုပ်ငန်း၏ အမြတ်အစွန်းများသည် လိုအပ်သည်ထက် ပိုလျံသော ကုန်ပစ္စည်းသိုလှောင်မှုများ (သို့) လျော့နည်းစွာ သိုလှောင်မိသဖြင့် ကုန်ပစ္စည်းပြတ်လပ်မှုများ ၊ အမှာစာအရ ပစ္စည်းပေးပို့ရာတွင် မှားယွင်းလုပ်ဆောင်မှုများ ၊ ကုန်သွယ်မှုအမှားများ စသည်တို့၏ ရိုက်ခတ်မှုများ ကြုံတွေ့ရနိုင်သည်။
ပြည့်စုံလုံလောက်သည့် ပစ္စည်းစာရင်းစီမံခန့််ခွဲမှု အစီအစဉ် မရှိခြင်းသည် မလိုလားအပ်သောာ ကုန်ကျစရိတ်များကို ဖြစ်ပေါ်စေနိုင်သည်။
သို့ဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များကို တားဆီးနိုင်ရေးအတွက် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှု မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲဆောင်ရွက်သင့်သည်။
အဆိုပါ မဟာဗျူဟာတွင် ရေရှည်တွက်ဆထားသော ကုန်ကြမ်းအပါအဝင် ပစ္စည်းများ ဝယ်ယူဖြည့်တင်းရေး အစီအစဉ်နှင့် လုပ်ငန်းအတွင်း မှားယွင်းမှုများ ဖြစ်ပေါ်စေသည့် အကြောင်းအရာများ ၊ မှားယွင်းသူ၏ အကျိုးဆက်များနှင့် ၎င်းတို့ကို မည်သို့ ပြုပြင်ဆောင်ရွက်ရမည် စသည့် မှားယွင်းမှု လေ့လာစီစစ် သုံးသပ်မှုများ ပါဝင်နေမည် ဖြစ်သည်။
သင့်အနေဖြင့် ပြည့်စုံလုံလောက်သော ကုန်ပစ္စည်းစာရင်းစီမံ ခန့်ခွဲမှုမဟာဗျူဟာတစ်ရပ် ရေးဆွဲဆောင်ရွက်ခြင်း မရှိပါက လုပ်ငန်းခွင်အတွင်း ထိရောက်မှု မရှိသည့် (သို့) လုပ်ငန်း လျင်မြန်နမှုကို အဟန့်အတား ဖြစ်နေသည့် နေရာများကို သတိပြု သိရှိနိုင်မည်မဟုတ်သကဲ့သို့ အသုံးစရိတ် ချွေတာနိုင်စေမည့် အလားအလာများကိုလည်း တွေ့ရှိနိုင်မည်မဟုတ်ပေ။

(၃) သင့်လုပ်ငန်းကို စီစီစစ်စစ် စီမံခန့်ခွဲပါ

———————————————–

Supply Chain အသုံးစရိတ်များကို လျှော့ချနိုင်ရေးအတွက် အထိရောက်ဆုံးသော နည်းလမ်းတစ်ရပ်မှာ လုပ်ငန်းများကို ကျွမ်းကျင်စွာ စီစီစစ်စစ် စီမံခန့်ခွဲခြင်းပင် ဖြစ်သည်။
လုပ်ငန်း စီမံခန့်ခွဲမှုတွင် ရှင်းလင်းတိကျသော ဆက်သွယ်မှု အစီအစဉ်များ သတ်မှတ်ပြဌာန်းခြင်း ၊ လုပ်ငန်းစဉ်များ ကြိုတင်ခန့်မှန်းခြင်း ၊ ဈေးကွက် ဝယ်လိုအား ဆန်းစစ်အကဲဖြတ်ခြင်း ကဲ့သို့သော အဆင့်များ အကျုံးဝင်မည်ဖြစ်သည်။
ထိရောက်မှုမရှိသည့် ဆက်သွယ်ရေး မဟာဗျူဟာများသည် သင်္ဘောတင်ပို့ရမည့် နောက်ဆုံးရက် သတ်မှတ်ချက် လွဲချော်ခြင်း ကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပွားစေနိုင်သည်။
ရာသီကုန်များ တိုးပွားလာမှုကဲ့သို့သော သိုလှောင်ရုံများတွင် ကြုံတွေ့ရလေ့ရှိသည့် လုပ်ငန်းများ စုပြုံများပြားလာခြင်းမျိုးကို ကြိုတင်မှန်းဆ သိရှိထားခြင်း မရှိပါက လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နိုင်သည့် အပြင် အလုပ်သမားများ နာမကျန်းမှုနှင့် ခွင့်ယူမှုတို့ကြောင့် လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်လာနိုင်သည်။

(၄) နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုပါ

—————————————————

ခေတ်နောက်ကျနေသည့် နည်းပညာများ အသုံးပြုခြင်းသည် Supply Chain အသုံးစရိတ်များ အပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရရှိနိုင်မည်။
ကုန်ပစ္စည်းများကို ခြေရာခံနိုင်သည့် RFID (Radio frequency identification) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုဆောင်ရွက်သည်။ RFID နည်းပညာသည် သိုလှောင်ရုံများတွင် အသုံးပြုရန် အထူးတီထွင်ထားသော software တစ်ခုဖြစ်ပြီး RFID tags တပ်ဆင်ထားသော ပစ္စည်းများကို ရေဒီယိုလှိုင်း လက်လှမ်းမီသည့် အကွာအဝေးအတွင်း အလိုအလျောက် ထောက်လှမ်းသိရှိနိုင်သည်။
သိုလှောင်ရုံများတွင် RFID နည်းပညာများ အသုံးပြုခြင်းအားဖြင့် လုပ်ငန်းများ လျင်မြန်ထိရောက်ပြီး Supply Chain စီမံခန့်ခွဲမှုကို ပိုမို တွင်ကျယ်လာစေမည်ဖြစ်သည်။
ထိုနည်းတူ IOT (International of things) နည်းပညာသည် ကွန်ယက်တစ်ခုအတွင်း အချက်အလက်များကို အလိုအလျောက် ဖြန့်ဖြူးလွှဲပြောင်းပေးနိုင်စွမ်းရှိပြီး စာရွက်စာတမ်း လုပ်ငန်းများကို လျှော့ချနိုင်ခြင်း ၊ လောင်စာဆီ အသုံးပြုမှုနှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုတွင် အကောင်းဆုံးဖြစ်စေရန် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေနိုင်သည်။
ခေတ်မီနည်းပညာများ အသုံးပြုခြင်းသည် လုပ်ငန်းကုန်ကျစရိတ်များကို လျော့ချနိုင်သည့်သကဲ့သို့ Supply Chain အတွင်း ချွေတာနိုင်မှုများကို တိုးပွားလာစေနိုင်မည် ဖြစ်သည်။

(၅) လက်ရှိ မဟာဗျူဟာများကို ဆန်းစစ်လေ့လာပြီး အထိရောက်ဆုံး အသုံးပြုပါ

—————————————————————————————–
သင့်အနေဖြင့် လက်ရှိ မဟာဗျူဟာများကို လေ့လာစီစစ် သုံးသပ်ပြီး လိုအပ်သည့် ပြောင်းလဲမှုများကို ဆောင်ရွက်ရန်မှာ အရေးကြီးလှသည်။ သင့်အနေဖြင့် နည်းစနစ်ဟောင်းများ အပေါ် မမှီခိုသင့်သကဲ့သို့ နည်းစနစ်ဟောင်းများကို တရားသေ စွဲကိုင်မထားသင့်ပေ။
ထိရောက်တွင်ကျယ်သည့် လုပ်ငန်းဆောင်ရွကက်မှု တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အချိန်နှင့်အမျှ နည်းဗျူဟာများကို အဆင့်မြှင့်တင် ဆောင်ရွက်နေရမည်ဖြစ်သည်။
Supply Chain ၏ လုပ်ငန်းရပ်တိုင်းကို စစ်ဆေးပါ။ ဥပမာအားဖြင့် သင်္ဘောတင်ပို့မှု လမ်းကြောင်းများလေ့လာခြင်း ၊ သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်း လုပ်ငန်းအဆင့်တိုင်း၏ ကုန်ကျစရိတ်များကို ချင့်တွက်ခြင်း စသည့်ဆန်းစစ်လေ့လာသုံသပ်မှုများကို မျက်ခြေမပြတ် ဆောင်ရွက်နေရမည်ဖြစ်သည်။
ထို့ပြင် သုံးစွဲသူများ၏ လိုအင်နှင့် ဝယ်လိုအားကို စီစစ်သုံးသပ်ခြင်းဖြင့် ဝယ်လိုအား ကြိုတင်ချင့်ချိန် သုံးသပ်မှု မဟာဗျူဟာ တစ်ရပ်ကို ရေးဆွဲဆောင်ရွက်နိုင်မည်ဖြစ်သည်။
သင့်လုပ်ငန်းများ အဆင်ပြေ ချောမွေ့နိုင်သမျှ ချောမွေ့အောင် ဖန်တီးနိုင်သည်နှင့်အမျှ သင့် Supply Chain ကွန်ယက်တစ်ခုလုံး ပိုမိုထိရောက် တွင်ကျယ်လာနိုင်မည် ဖြစ်ပေသည်။
မှန်ကန်သည့် နည်းဗျူဟာနှင့် နည်းပညာများသည် Supply Chain တွင် အသုံးစရိတ် ချွေတာမှု အကောင်းဆုံးဖြစ်စေရန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
သို့ရာတွင် အသုံးစရိတ်များ လျော့ကျျစေရေးနှင့် လုပ်ငန်းပိုမို တွင်ကျယ်ထိရောက်စေရေးအတွက် သင့် Supply Chain ကို အခါအားလျော်စွာ လေ့လာစီစစ် သုံးသပ်ပြီး ပြုပြင်ပြောင်းလဲသင့်သည့် မဟာဗျူဟာများကို ပြုပြင်ပြောင်းလဲပြီး အဆင့်မြှင့်တင်သွားရန်မှာ အရေးကြီးသည့် အချက်ပင်ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN