fbpx

4 PL ဆိုတာဘာလဲ ? သင့်လုပ်ငန်းကို ဘယ်လိုကူညီပေးနိုင်သလဲ?

4PL ( Fourth Party Logistics) providers ဆိုသည်မှာ ဈေးကွက်ချိတ်ဆက်မှု (Supply Chain) ဆိုင်ရာ လုပ်ငန်းရပ်များကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအဖွဲ့အစည်း (သို့) ကုမ္ပဏီများပင်ဖြစ်သည်။
4PL လုပ်ငန်းအဖွဲ့အစည်းများသည် ၎င်းတို့ထံ လုပ်ငန်းအပ်နှံသည့် ကုမ္ပဏီများအတွက် ဈေးကွက်ချိတ်ဆက်မှု (Supply Chain Management) လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် ၎င်းတို့ကိုယ်ပိုင် အရင်းအမြစ်များ (လူအား ၊ ပစ္စည်းကကိရိအရယာအား) သာမက အခြား အခြားသော 3PL ကုမ္ပဏီများထံမှ အရင်းအမြစ်များ (လူအား ၊ ပစ္စည်းအား) ကိုပါ အသုံးပြုလျက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဈေးကွက်ချိတ်ဆက်စီမံမှု ကျွမ်းကျင်သူများကောင်စီ (The council of supply chain management professionals) မှ 4PL (Fourth Party Logistics) အဖွဲ့များကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
ပြီးပြည့်စုံသော ဈေးကွက်ချိတ်ဆက်မှုဆိုင်ရာ ဖြေရှင်းမှုများ (Supply Chain Solution) ကို စီစဉ်ရေးဆွဲ ၊ တည်ဆောက် ၊ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် မိမိ အဖွဲ့အစည်းပိုင်နှင့် အခြားအဖွဲ့အစည်းများ ပိုင်ဆိုင်သည့် အရင်းအမြစ်များ (လူအား ၊ ပစ္စည်းအား) စွမ်းဆောင်ရည်များနှင့် နည်းပညာများကို အစီအစဉ်တကျ စုစည်းပေါင်းစပ်ပေးသူ ဟု အဓိပ္ပါယ်ကောက်နိုင်သည်။
4PL ဝန်ဆောင်မှု ကုမ္ပဏီများသည် အများအားဖြင့် ၎င်းတို့ထံ လုပ်ငန်းအပ်နှံသည့် ကုမ္ပဏီ၏ Supply Chain တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် အဆိုပါ ကုမ္ပဏီနှင့် ကာလရှည် ကန်ထရိုက် စာချုပ်ချုပ်ဆို၍သော်လည်းကောင်း (သို့) ဖက်စပ်လုပ်ငန်းအဖြစ် ပူးပေါင်း၍သော်လည်းကောင်း ဆောင်ရွက်ကြလေ့ရှိသည်။
ထိုသို့ 4PL ကုမ္ပဏီများမှ ဆောင်ရွက်လေ့ရှိသည့်အတွက် ပြည်ပနိုင်ငံတစ်ခုခုတွင် လုပ်ငန်းချဲ့ထွင်လိုသည့် ကုမ္ပဏီများနှင့် မြန်မာနိုင်ငံတွင် ကန်ထရိုက်စနစ်ဖြင့် အခြားအဖွဲ့အစည်းတစ်ခုခု၏ အရင်းအမြစ်များ (လူအား ၊ ပစ္စည်းအား) ကို ငှားရမ်းအသုံးပြုလိုသည့် ကုမ္ပဏီများအတွက် လုပ်ငန်းချဲ့ထွင်နိုင်သည့် အခွင့်အလမ်းကို ဖြစ်ပေါ်စေသည်။
4PL ဝန်ဆောင်မှုများသည် စီစဉ်သတ်မှတ်ထားသည့် မူဘောင်များအတွင်း လုပ်ငန်းလည်ပတ် စီးဆင်းမှုကို ထိန်းကျောင်းပေးခြင်း ၊ ဝန်ထမ်းအားအား ကြီးကြပ်ကွပ်ကဲခြင်း ၊ လုပ်ငန်းများအလိုက် ရည်မှန်းချက်များ ချမှတ်ပေးခြင်း ၊ ကုမ္ပဏီ၏ ရည်မှန်းချက်နှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ချက်များ အား စီစစ်ဝေဖန်အကဲဖြတ်ခြင်း ၊ တွေ့ရှိချက်များကို စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပို့ တင်ပြခြင်း စသည့် စီမံကြီးကြပ်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
ထို့ပြင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် နည်းပညာ အသုံးပြုမှုများ ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ရေးကို ပိုမို အလေးထား ဆောင်ရွက်ပေးသည်။
ဤသို့ဖြင့် 4PL ဝန်ဆောင်မှုများသည် လုပ်ငန်းများကို ပိုမို တွင်ကျယ်ထိရောက်စေပြီး ကုန်ကျစရိတ် လျော့ကျစေနိုင်သည်။
ယခုအခါ ကုမ္ပဏီကြီး အများအပြားသည် ၎င်းတို့၏ Supply Chain လုပ်ငန်းရပ်အချို့ကို 3PL ( Third Party Logistics) ၊ 3 PSP (Third Party Service Providors) နှင့် 4PL (Fourth Party Logistics) များထံ အပ်နှံ ဆောင်ရွက်စေလျက်ရှိကြသည်။
ထိုသို့ ငှားရမ်းဆောင်ရွက်ခြင်းဖြင့် ကုန်ကျစရိတ်ချွေတာနိုင်သည့်အပြင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ အဓိကနှင့် ဦးစားပေး လုပ်ငန်းဆောင်တာများအပေါ် ပိုမို အာရုံစိုက် ဆောင်ရွက်နိုင်ခွင့်ရရှိစေနိုင်မည် ဖြစ်သည်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ၊ နိုင်ငံတကာ ကုန်သွယ်ရေး ဥပဒေ ပြဌာန်းချက်များ ပိုမိုရှုပ်ထွေး တိုးပွားလာမှု ၊ ပြောင်းလဲမှုများနှင့်အညီ လိုက်ပါ ပြောင်းလဲရန် လိုအပ်သည့် အရှိန် စသည့် အချက်များသည် လုပ်ငန်း အဖွဲ့အစည်းကြီးများ အနေဖြင့် ၎င်းတို့၏ အရင်းအမြစ်များ (လူအား ၊ ပစ္စည်းအား )ကို ၎င်းတို့၏ အဓိက အချက်အချာ လုပ်ငန်းဆောင်ရွက်ချက်မျာား အပေါ်တွင်သာ ဦးတည် အသုံးပြု ဆောင်ရွက်ရန်နှင့် 4PL (Fourth Party Logistics) ကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးနေလျက်ရှိသည်။
4PL ကုမ္ပဏီတစ်ခု အနေဖြင့် လုပ်ငန်းအပ်နှံသည့် အဖွဲ့အစည်းများ၏ ကုန်စည်စီးဆင်းမှု (Logisttics) ဆိုင်ရာ လုပ်ငန်းများဖြစ်သော သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု ၊ သိုလှောင်ရုံထိန်းသိမ်းမှု၊ ပစ္စည်းများကိုင်တွယ်ထိန်းသိမ်းမှု ၊ အမှာစာများ ဖြည့်တင်းမှု ၊ ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှု ၊ ကုန်စည်ဖြန့်ချီမှု ၊ ဝယ်လိုအားနှင့် ရောင်းလိုအား ချိန်ညှိစီစဉ်ရေးဆွဲမှု စသည့် လုပ်ငန်းဆောင်ရွက်ချက်များ အားလုံးကို ပေါင်းစပ်ညှိနှိုင်းကာ အထိရောက်ဆုံး စွမ်းဆောင်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သည့်အပြင် Supply Chain ဆိုင်ရာ အခြားလုပ်ငန်းများဖြစ်သည့် ကုန်ကြမ်းနှင့် အစိတ်အပိုင်းများ ဝယ်ယူစုဆောင်းမှု ၊ ရောင်းချမှုနှင့် ဈေးကွက်မြှင့်တင်မှု ၊ ကုန်ပစ္စည်းထုတ်လုပ်မှု ၊ ဘဏ္ဍာရေး ၊ သုံးစွဲသူဝန်ဆောင်မှုနှင့် သတင်းအချက်အလက်စုစည်းမှု စသည့် လုပ်ငန်းဆောင်ရွက်ချက်များအားလုံးကို အစီအစဉ်တကျ စုစည်းညီညွတ်ပေါင်းစပ် ဆောင်ရွက်ပေးသည်။
သို့ဖြစ်၍ နိုင်ငံတကာ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုများနှင့်အတူ 4PL (Fourth Party Logistics) providers ကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍမှာလည်း ဆက်လက် တိုးတက်ဖွံ့ဖြိုးနေမည်သာ ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN