fbpx

Supply Chain မဟာဗျူဟာကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လို အဆင့်မြှင့်တင်မလဲ (၂)

ဈေးကွက်ချိတ်ဆက်မှုမဟာဗျူဟာ (Supply chain strategy) တစ်ရပ် စီစဉ်ရေးဆွဲရမည့် နည်းလမ်းများကို အခိုင်အမာ ၊ အတိအကျ သတ်မှတ်ပြဌာန်းထားခြင်း မရှိသော်လည်း မဟာဗျူဟာတစ်ရပ် စီစဉ်ရေးဆွဲသည့်အခါ ထည့်သွင်းစဉ်းစားသင့်သည့် အသေးစိတ် စီစစ်သုံးသပ်ရမည့် အဆင့် (၃)ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

အဆင့် (၁)

—————-
– လုပ်ငန်းရည်ရွယ်ချက်များကို လေ့လာစီစစ် အတည်ပြုပါ။
– အဆိုပါ လုပ်ငန်းရည်ရွယ်ချက်များ သတ်မှတ်ရေးဆွဲနိုင်ရေးအတွက် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရမည်။
– စီးပွားရေးပတ်ဝန်းကျင်
– ဈေးကွက်အတွင်း လက်ရှိသတ်မှတ်ပြဌာန်းနှင့် လုပ်ထုံးလုပ်နည်းများ
– နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမှုများ
– ယဉ်ကျေးမှု ၊ လူဦးရေစစ်တမ်း နှင့် လမ်း၊တံတား၊လျှပ်စစ် စသည့် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ကိစ္စရပ်များ
– နိုင်ငံတကာ ဈေးကွက်အတွင်းမှ ပြိုင်ဖက်အဖွဲ့အစည်းများ
– အထက်ပါ ကိစ္စရပ်များ ဖြေရှင်းကိုင်တွယ်နိုင်ရေးအတွက် အကောင်းဆုံး နည်းလမ်းတစ်ရပ်မှာ PEST ခွဲခြမ်းစိတ်ဖြာမှု ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်သည်။

PEST ဆိုသည်မှာ ပြင်ပဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ ဖြစ်သည့် နိုင်ငံရေး (Political) ၊ စီးပွားရေး (Economic) ၊ လူမှုရေး (Social) နှင့် နည်းပညာဆိုင်ရာ (Technological) ကိစ္စရပ်များကို (စကားလုံးတိုင်း၏ အစဦးဆုံး စာလုံများကို အသုံးပြုခြင်း) ဖော်ညွှန်းထားခြင်းဖြစ်သည်။
အဆိုပါ ကိစ္စရပ်များမှာ ကုမ္ပဏီထိန်းချုပ်နိုင်မှုမှ ကင်းလွတ်နေသော ပြင်ပကိစ္စရပ်များ ဖြစ်ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဖိအား သက်ရောက်စေနိုင်သည့် ကိစ္စရပ်များပင်ဖြစ်သည်။
ဥပမာ – နိုင်ငံရေး တည်ငြိမ်မှု မရှိသည့် နိုင်ငံတစစ်နိုင်ငံ (သို့) စစ်ပွဲ ဖြစ်ပွားနေသော ဒေသတစ်ခုတွင် မည်သည့်ဈေးကွက်ချိတ်ဆက်မှု (Supply Chain) အမျိုးအစားကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုသည်ကို စဉ်းစားရမည်ဖြစ်သည်။
သင်၏ လုပ်ငန်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် မဟာဗျူဟာ တစ်ရပ်ရေးဆွဲနိုင်ရေးအတွက် PEST ခွဲခြမ်းစိတ်ဖြာမှု ကျင့်သုံးဆောင်ရွက်ခြင်းသည် မှန်ကန်သည့် နည်းလမ်းတစ်ရပ်ပင်ဖြစ်သည်။

အဆင့် (၂)

————–
– လက်ရှိဈေးကွက်ချိတ်ဆက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြန်လည်လေ့လာစိစစ်ပြီး လုပ်ငန်း လိုအပ်ချက်များနှင့် မည်ရွေ့မည်မှ ကိုက်ညီမှု ရှိသည်ကို ဆန်းစစ်တွက်ချက်ပါ။
– ဤအဆင့်တွင် ဈေးကွက်ချိတ်ဆက်မှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အခြေခံနှင့် အဆင့်မြင့် ရွေးချယ်ခွင့်များကို သေချာစွာ ချင့်ချိန်တွက်ဆ ဆောင်ရွက်ရေးမှာ အလွန်အရေးပါသည့် အချက်ဖြစ်သည်။
အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ ဈေးကွက်ချိတ်ဆက်မှု (Supply Chain) များကို သေချာစွာ စီစစ်လေ့လာသုံးသပ်သင့်ပြီး အဆင့်မြင့် အစီအစဉ်တစ်ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။
အဆင့်မြင့် အစီအစဉ်တစ်ရပ်ပြင်ဆင်ဆောင်ရွက်သည့်အခါ ထည့်သွင်းစဉ်းစားရမည့် အရေးပါသည့် ကိစ္စရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
– ဆက်သွယ်မှုကွန်ယက်
– လုပ်ငန်းစဉ်အဆင့်ဆင့်
– သတင်းပေးပို့မှုစနစ်များ
– အဖွဲ့အစည်းများ
– ဘဏ္ဍာရေး အပါအဝင် လုပ်ငန်းအပေါ် ရိုက်ခတ်နိုင်သည့် အန္တရာယ်များအပေါ် ချင့်ချိန်တွက်ဆ အကဲဖြတ်မှု။

အဆင့် (၃)

—————
– အခြေခံဈေးကွက်ချိတ်ဆက်မှုပုံစံ (Basic Supply Chain Design) အတွက် လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်အချက်အလက်များကို ရေးဆွဲပါ။
– အဆိုပါ အသေးစိတ် အချက်အလက်များတွင် တိကျသည့် လုပ်ငန်းဆိုင်ရာ လုပ်နည်းလုပ်ဟန်များ ၊ အလေ့အထများနှင့် ကြာမြင့်ချိန် သတ်မှတ်ချက်ကဲ့သို့သော တိုင်းတာမှု စံနှုန်းများပါဝင်လိမ့်မည်။
ကုမ္ပဏီအများအပြားသည် ဈေးကွက်ချိတ်ဆက်မှု (Supply Chain) မဟာဗျူဟာများ ချမှတ်ရေးဆွဲသည့်အခါ Supply Chain Council မှ ရေးဆွဲထုတ်ပြန်ထားသည့် Supply Chain Operations reference model (SCOR) ကို လိုက်နာကျင့်သုံးကြသည်။
SCOR model သည် ကုမွှဏီတစ်ခု အနေဖြင့် ၎င်း၏ Supply chain ကို လေ့လာစီစစ် သုံးသပ်ရာတွင်အထောက်အကူ ဖြစ်စေမည့် လုပ်ငန်းစဉ် အဆင့်ဆင့် အသေးစိတ်အချက်အလက်များကို ပြုစုရေးဆွပေးထားခြင်း ဖြစ်သည်။
ကုမ္ပဏီများအနေဖြင့် မိမိတို့၏ Supply Chaiin မဟာဗျူဟာကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ရန် အချိန်ယူဆောင်ရွက်သင့်သည်။
မိမိတို့လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Supply Chain မဟာဗျူဟာသည် ကုမ္ပဏီ၏ ရည်မှန်းချက်များကို အထောက်အကူပြုမှု ရှိ/မရှိ သုံးစွဲသူများအား အကျိုး ပြု/မပြုကို လေ့လာဆန်းစစ်နေရမည် ဖြစ်သည်။
မျက်မှောက်ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်မှု များပြီး ပြင်းထန်နေသည့်အားလျော်စွာ လုပ်ငန်းအဖွဲ့အည်းများ အနေဖြင့် ဈေးကွက်ဝေစုနှင့် အကျိုးအမြတ်ကို ထိန်းသိမ်းထားနနိုင်ရန် လုပ်ငန်းဆောင်ရွက်ချက်နှင့် လျင်မြန်ထိရောက်မှုကို အစဉ်တိုးတက်နေအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။
ထိရောက်ပြီး အဆင့်မြင့်သည့် မဟာဗျူဟာမြောက်သော Supply Chain တစ်ရပ်သည် လုပ်ငန်းအဖွဲ့အစည်း၏ အမြတ်အစွန်း ရရှိရေးအတွက် အဓိက စွမ်းဆောင်ပေးသည့်အချက်ဖြစ်သည်။
သို့ဖြစ်၍ လုပ်ငန်းလျင်မြန်ထိရောက်မှုကို ဖော်ဆောင်ပေးနိုင်သော Supply Chain ပြုပြင်ဆောင်ရွက်မှုသည် လုပ်ငန်းအောင်မြင် တိုးတက်မှုအတွက် အထူးအရေးပါပြီး သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းအအား ပြိုင်ဖက်များ၏ ရှေ့သို့ တွန်းတင်ပေးနိုင်စေမည်ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN