fbpx

၂၀၂၀ ပြည့်နှစ်တွင် စောင့်ကြည့်ရမည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဦးတည်ချက် (၁၀)ရပ် အပိုင်း (၁)

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်သည် စိန်ခေါ်မှုများ ၊ မမျှော်လင့်သည့်ဖြစ်ရပ်များ ၊ စဉ်ဆက်မပြတ်သည့် ကြိုတင်မှန်းဆမထားသော ရုတ်ခြည်းပြောင်းလဲမှုများနှင့် ပြည့်နှက်နေသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။
ယခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုသည် အဖက်ဖက်မှ နှေးကွေးနိုင်သော်လည်း ထိပ်တိုက်ရင်ဆိုင် အငြင်းပွားမှုများပိုမို နည်းပါးမှုနှင့်အတူ ကြီးမားသည့် ပဋိပက္ခများ လျော့နည်းမည့်ပုံပေါ်သည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာပြီး လာမည့် ကာလအတွင်းဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် အလားအလာဦးတည်ချက်များကို ကြိုတင်ခန့်မှန်းတွက်ဆခြင်းဖြင့် မိမိလုပ်ငန်းအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် အချက်များကို စီစဉ်ဆောင်ရွက်နိုင်စေမည် ဖြစ်သည်။
ယခု ၂၀၂၀ ပြည့်နှစ်တွင် စောင့်ကြည့်ရမည့် ကမ္ဘ`ာ့ကုန်သွယ်မှုဆိုင်ရာ အလားအလာ ဦတည်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) နှေးကွေးနေသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း (Slowing Economic Grow)

—————————————————————————————
ယခု၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှုန်းသည် အားနည်းလျော့ကျမည်ဟု ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခန့်မှန်းမှု အများစုက မျှော်မှန်းထားကြသည်။ ထိုသို့ ခန့်မှန်းကြခြင်းမှာ အဓိက အားဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လျော့နည်းကျဆင်းမှုနှင့် Brexit (ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှု) ၊ တရုတ်အမေရိကန် ဆက်ဆံရေး စသည့် ကြိုတင်မျှော်မှန်းမထားသာ ကမ္ဘာ့ကုန်သွယ်မှု ဆိုင်ရာအပြောင်းအလဲများကြောင့် ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းချက်ဖြစ်ပေါ်စေရန် တွန်းအားပေးနေသည့် အချက်များမှာ ပိုမိုမြင့်မားလာသော အကောက်ခွန် ၊ ကာလတာရှည်နေပြီဖြစ်သော ကုန်သွယ်ရေးမူဝါဒ ၊ မသေချာ မရေရာမှုများ ၊ စွန့်စားနေသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်ချော ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများလိုအပ်ချက်တို့ပင် ဖြစ်သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ၊ MF ၏ ဘလော့ (Blog) တွင်ဖော်ပြခဲ့သည်။
သို့ရာတွင် မကြာမီက ချုပ်ဆိုခဲ့ကြသော ကနေဒါ-အမေရိကန်-မက္ကဆီကို ကုန်သွယ်ရေးသဘောတူညီချက်နှင့် “Phase One’’ အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက် စသည့် သိသာထင်ရှားသော တိုးတကက်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းထားခန့်မှန်းချက်သည် မကြာမီကာလအတွင်း အပြုသဘောအလားအလာဖက်သို့ ပြန်လည် ဦးတည်လာနိုင်ဖွယ်ရှိသည်။

(၂) ဒေသသစ်များအတွင်း ဖွံ့ဖြိုးလာသော ဝန်ဆောင်မှုပို့ရန် အခွင့်အလမ်းများ

————————————————————————————

နိုင်ငံတစ်နိုင်ငံမှ လူ၏လုပ်အား (သို့) နည်းပညာပိုင်းဆိုင်ရာ ၊ ကျွမ်းကျင်မှု ဆိုင်ရာ အကြံဉာဏ်များ၊ ညှိနှိုင်းဖြေရှင်းပေးမှုများ ၊ စီမံကိန်း/စီမံံချက်ရေးဆွဲ အကောင်အထည်ဖော်မှုများ စသည့်(ကာယ/ဉာဏ) အမျိုးမျိုးသော ဝန်ဆောင်မှုများကို အခြားနိုင်ငံတစ်နိုင်ငံသို့ အခကြေးငွေရယူ ဆောင်ရွက်ပေးသည်း့် International Trade in Services မှာ စဉ်ဆက်မပြတ်ဆက်လက်ဖွံ့ဖြိုးလျက်ရှိသည်။
ဘဏ္ဍာရေး၊ ခရီးသွားလာမှု ၊ အရင်းအမြစ်များဖွံ့ဖြိုးးတိုးတက်ရေး ၊ နည်းပညာ ၊ သယ်ယူပို့ဆောင်ရေး ၊ လယ်ယာစိုက်ပျိုးရေးစသည့် လုပ်ငန်းကဏ္ဍအသီးသီးတွင် ကာယ ၊ ဉာဏ အမျိုးမျိုးသော ဝန်ဆောင်မှုများကို ငှားရမ်းအသုံးပြုနေသည့် နိုင်ငံများ ၊ ဒေသအသစ်များလည်း ပိုမိုတိုးပွားလာလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည်ပင်လျှင် ပြီးခဲ့သည့်နှစ်အောက်တိုဘာလအထိ ဘဏ္ဍာရေးနှစ်အတါက် အမေရိကန်ဒေါ်လာ ၇၁.၁ ဘီလျံအထိ ဝန်ဆောင်မှုပို့ကုန်များ မြင့်တက်ခဲ့သည်။
မျက်မှောက်ကမ္ဘာ့အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် ထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုသည် အနှုတ်ကက္ခဏာဆောင်ခဲ့ပြီး ၂၀၁၉ခုနနှစ်တွင် ကမ္ဘာ့ပို့ကုန်တန်ဖိုးသည် ၃.၃ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားရာမှ ၂၀၂၀ ပြည့်နှစ်တွင် တိုးတက်မှုနှုန်းပိုမို နှေးကွေးလာကာ ၂.၃ ရာခိုင်နှုန်းသာ ရှိမည်ဟု မှန်းဆထားကြသည်။
ဝန်ဆောင်မှုပို့ကုန်များသည် ပို့ကုန်ပစ္စည်းများ တိုးတက်မှုနှုန်းလျော့ကျခြင်းကို ထေမိစေနိုင်ဖွယ်ရှိပြီး တစ်နှစ်ထက်တစ်နှစ် မှန်မှန်ကြီးတိုးတက်လာလျက်ရှိသည်။

(၃) တရုတ်နိုင်ငံ “ အချိုးအကွေ” (သို့) ပြန်လည်အစပျိုးသည့် ကုန်သွယ်ရေးဆက်ဆံမှု အဆင့်တစ်

———————————————————————————————————–

အမေရိကန်-တရုတ်နှင့် ကနေဒါ-တရုတ် နိုင်ငံများအကြား ၃နှစ်နီးပါးမျှ အကောက်ခွန်ဆိုင်ရာ တင်းမာမှုနှင့် လက်တုန့်ပြန်မှုများ အရှိန်မြှင့်တက်ခဲ့ပြီးနောက် အချိုးအကွေ့ မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာစေရန် ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။
တရုတ်နိုင်ငံအနေဖြင့် မြောက်အမေရိကနိုင်ငံများနှင့် ကုန်သွယ်မှုကို သိသိသာသာလျော့ချပြီး ၎င်းဒေသတွင်း ကုန်သွယ်မှုနှင့် အစားထိုးမည့်ပုံပေါ်သည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၈၈ ရာခိုင်နှုန်းလျော့ကျခဲ့ပြီးဖြစ်သည်။
အမေရိကန်- တရုတ် ကုန်သွယ်ရေး သိသိသာသာ လျော့ကျခဲ့မှုအတွက် နည်းပညာစစ်ပွဲများ ဖြစ်လာနိုင်ချေ သတိပေးချက်ပြ ခေါင်းလောင်းသံမြင့်တက်လာခဲ့သည်။
သို့ရာတွင် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံလုံးသည် အရှိန်မြင့်တက်နေသော အငြင်းပွားမှု အများစုကို ချန်လှန်ထားခဲ့ကာ မကြာမီက တရုတ်- အမေရိကန် ကုန်သွယ်ရေး သဘောတူညီမှု အဆင့်တစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
အမေရိကန်ဖက်မှ အချို့သော အကောက်ခွန်များကို လျော့ချပေးရန်သဘောတူခဲ့ပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံက အမေရိကန် လယ်ယာထွက်ကုန်များကို ပိုမို ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။
တရုတ်နှင့် မြောက်အမေရိက နိုင်ငံများအကြား မမျှော်မှန်းနိုင်သည့် အပြောင်းအရွေ့များက ကမ္ဘာ့ဈေးကွက်တစ်လွှားကို ရိုက်ခတ်စေနိုင်သဖြင့် ဖြစ်ပေါ် ပြောင်းလဲမှုများကိုစဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရန်သာ လိုအပ်မည်ဖြစ်သည်။

(၄) အကောက်ခွန် ရှောင်ကွင်းမှုများ

—————————————-
တရုတ်နှင့် မြောက်အမေရိက နိုင်ငံများအကြား ကုန်သွယ်မှုတွင် စဉ်ဆက်မပြတ်သည့် မသေချာ မရေရာမှုများကြောင့် ကုမ္ပဏီများသည် အကောက်ခွန်စည်းကြပ်ခံရမှုမှ ကင်းလွတ်နိုင်ရေးအတွက် ရှောင်ကွင်းရမည့် နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။
မြောက်အမေရိက ကုမ္ပဏီအချို့သည် ၎င်းတို့၏ Supply Chains များကို တရုတ်နိုင်ငံနှင့် တိုက်ရိုက်မဆက်သွယ်ပဲ၊ တရုတ်နိုင်ငံဝန်းကျင်နိုင်ငံများသို့ လမ်းကြောင်းပြင်ဆင်ဆောင်ရွက်လာကြသဖြင့် ဗီယက်နမ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်စသည့် နိုင်ငံများတွင် သွင်းကုန်များ မြင့်တက်လာဖွယ်ရှိသည်။
အချို့သော မြောက်အမေရိက အခြေစိုက်ကုမ္ပဏီများသည် တရုတ်ထုတ်ကုန်ပစ္စည်းများအပေါ် တိုးမြှင့်ထားသည့် အကောက်ခွန်များ ပေးဆောင်ရခြင်းမှ ရှောင်ကွင်းနိုင်မည့် နည်းလမ်းများအား ရှာဖွေလျက်ရှိရာ အသစ်ပေါ်ထွန်းလာနိုင်ဖွယ်ရှိ ကုန်ပစ္စည်းထုတ်လုပ်ရာ Hot spots များနှင့် ပြောင်းလဲနေသည့် ကုန်သွယ်ရေးမူဝါဒများကို မျက်ခြေမပြတ် ဂရုပြုစောင့်ကြည့်နေရမည်ဖြစ်သည်။

(၅) ပိုမိုတိုးပွားလာသော Supply Chain နည်းပညာသစ်များ

——————————————————————-
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အလိုအလျောက်မှတ်ဉာဏ်၊ ကွန်ပြူတာကွန်ယက်တစ်ခုအတွင်း ဝှက်စာအသုံးပြုမှုစနစ်ဖြင့် အချက်အလက်သိုမှီး ၊ ထိန်းသိမ်း ၊ ဖြန့်ဝေနိုင်သော Block Chain နည်းစနစ် ၊ မောင်းသူမဲ့လေယာဉ်နှင့် စက်ရုပ်လက်တံစသည့် တစ်ဟုန်ထိုးထင်ပေါ်ကျော်ကြား လူကြိုက်များလာသော နည်းပညာများကို တွင်ကျယ်စွာ အသုံးပြုလာမှုသည် Supply Chain များကို အမှန်တကယ် ပြောင်းလဲတိုးတက်စေခဲ့သည်။
ကုမ္ပဏီကြီးငယ်မရွေး နည်းပညာသစ်များကို အသုံးပြုလာသည်နှင့်အမျှ နည်းပညာ ဖွံ့ဖြိုးမှု၏ အဆင်သစ်တစ်ရပ်ဆီသို့ ရောက်ရှိလာမည်ဟာ အချို့က ခန့်မှန်းထားကြသည်။
၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် အကြီးစား ကုန်ထုတ်လုပ်သူများအားလုံး၏ ထက်ဝက်တွင် အလိုအလျောက်ကုန်ပစ္စည်းပေးသွင်းမှု (အချက်အလက်များ မျှဝေထားနိုင်ခြင်းဖြင့် ကုန်ကြမ်းလိုအပ်မှု ရှိ/မရှိ သိရှိကာ အမှာစာ ပေးပို့ရန်မလိုပဲ ကုန်ပစ္စည်းပေးသွင်းမည့်သူ ) ရှိလာမည်ဖြစ်ပြီး ကုန်ပစ္စည်းဝယ်ယူစုဆောင်းမှု စွမ်းရည် ၁၅ ရာခိုင်နှုန်းမြင့်မားလာစေမည် ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN