fbpx

ကုန်စည်စီးဆင်းမှုဆိုင်ရာ ယေဘူယျအမှား (၅) ခု

ကုန်စည်စီးဆင်းမှု (Logistics) အဆင်ပြေချောမွေ့ရေး စီမံခန့်ခွဲရာတွင် အများအားဖြင့် တွေ့ကြုံရလေ့ရှိသည့် အမှား (၅) ခုအကြောင်းကို ဒီတစ်ပတ်မှာ မျှဝေပေးလိုက်ပါတယ် ။
#SuperLight #Logistics #Educating #5_common_logistics_mistakes

 

(၁) သတင်းအချက်အလက်များကို မျက်ခြေမပြတ်စောင့်ကြည့်ရန် လျစ်လျူရှုခြင်း
(Neglecting to track data)

သိုလှောင်ရုံအတွင်းရှိ ကုန်ပစ္စည်းများ၊ ပစ္စည်းမှာယူရမည့်၊ ပေးပို့ရမည့်အချိန်များစသည့် အချက်အလက်များကို စဉ်ဆက်မပြတ် သိရှိနေရမည်ဖြစ်သည်။

(၂) လုပ်ငန်းနှင့်သက်ဆိုင်ရာနေရာများအကြား ဆက်သွယ်ရန် ပျက်ကွက်ခြင်း
(Failing to communicate across locations)

လုပ်ငန်းနှင့်သက်ဆိုင်သောကုမ္ပဏီများ၊ နေရာဌာနများနှင့် ဆက်သွယ်မှု အထူးကောင်းမွန်စေခြင်းဖြင့် လုပ်ငန်းအဆင်ပြေချောမွေ့ရေးကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။

(၃) သုံးစွဲသူများ၏ တုန့်ပြန်မှုကိုအလေးမထားခြင်း
(Not listening to customers feedback)

သုံးစွဲသူများ၏ ကုန်ပစ္စည်းအပေါ် သဘောထားတုန့်ပြန်မှုကို အခါအားလျော်စွာရယူပြီး လိုအပ်သလိုပြုပြင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတိုးတက်မှုကို ဖန်တီးနိုင်မည်ဖြစ်သည်။

(၄) မှန်ကန်တိကျသည့် ကြိုတင်ခန့်မှန်းမှုများကို မစုစည်းခြင်း
(Not gathering accurate estimates)

ကုန်စည်စီးဆင်းမှု (Logistics) မှာ အရာရာကို ကြိုတင်ခန့်မှန်းပြီး ဆောင်ရွက်၍မရပါ၊ အမှားသေးသေးလေးတစ်ခုသည် တစ်ချိန်တွင် ဧရာမအမှားကြီးကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ယုံကြည်စိတ်ချရလောက်သည့် အချက်အလက်များ ရရှိနိုင်ရန် ယခင် ဆောင်ရွက်ခဲ့သည့် အချက်အလက်များကိုအခြေခံပြီး လက်ရှိဖြစ်ပေါ်နေသည့် အချက်အလက်များကို စဉ်ဆက်မပြတ်လေ့လာကာ နောင်အလားလာကြိုတင်ခန့်မှန်းမှုများကို သေချာအောင်ဆောင်ရွက်ရမည်ဖြစ်သည်။

(၅) စက်ကိရိယာများ အသုံးပြုရန်ပျက်ကွက်ခြင်း
(Failing to automate)

ကုန်စည်စီးဆင်းမှု စီမံခန့်ခွဲရေး (Logistics management) နယ်ပယ်တွင် ခေတ်မီစက်ကိရိယာများ အသုံးပြုခြင်းသည် အကျိုးကျေးဇူးအမြောက်အများ ရရှိလျက်ရှိပါတယ်။ အချိန်နှင့်ငွေကို ချွေတာနိုင်ရေးအတွက် ခေတ်မီစက်ကိရိယာများကို ဖြစ်နိုင်သမျှသုံးစွဲသွားသင့်ပါတယ်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN