fbpx

Improving Customer Service in Supply Chain Logistics

ယနေ့ခေတ်တွင် ထောက်ပံ့ပို့ဆောင်ရေး နှင့် Supply chain လုပ်ငန်းလုပ်ကိုင်နေကြသော ကုမဏ္ဏီများအနေဖြင့် လုပ်ငန်းဆိုင်ရာအကောင်အထည်ဖော်မှုများပိုမိုသွက်လက်အောင်မြင်ရေးနှင့် ကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် နည်းလမ်းအသစ်များအား ကြံစည်လေ့ရှိကြသည်။
စီးပွားရေးဈေးကွက် အရွေ့အပြောင်းများ မှာ လျင်မြန်စွာဖြစ်ပေါ်လျက်ရှိသည့်အလျောက် အဆိုပါ တီထွင်ကြံဆနိုင်မှုများကသာ ပြိုင်ဆိုင်မှု၏ထိပ်ဆုံးနေရာတွင် ရပ်တည်နေရန်အတွက် မရှိမဖြစ်လုပ်ဆောင်ရမည့် အချက်ဖြစ်သည်။
မိမိတို့လုပ်ငန်းအတွင်း အပြောင်းအလဲပေါ်မူတည်ပြီး ညှိနှိုင်းမှုများပြုလုပ်နိုင်ခြင်းသည် ကုန်ကျစရိတ်များကို လျော့ချနိုင်သလို၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုမျိုး နှင့် မိမိတို့၏စားသုံးသူများအား စိတ်ကျေနပ်နှစ်သိမ့်စေမှုကို ပိုမိုရရှိနိုင်မှာ ဖြစ်ပါသည်။

Evaluate hiring, retention and turnover

(ဝန်ထမ်းခန့်ထားခြင်း ၊ ရာထူးတိုးမြင့်ပေးခြင်းနှင့် နှုတ်ထွက်ခြင်းများအား တိုင်းတာခြင်း)

————————–

ကုန်သိုလှောင်ရုံတစ်ရုံအတွက် လုပ်သားစရိတ်သည် တစ်ခါတစ်ရံတွင် ကုန်ကျမှုစရိတ်အများဆုံးအပိုင်းအဖြစ် ရောက်ရှိနေလေ့ရှိသည်။ မိမိ၏ လုပ်ငန်းခွင် ဦးစားပေးအရေးကိစ္စအနေဖြင့် ဝန်ထမ်းနှုတ်ထွက်ခြင်း နှင့် လုပ်သားအင်အားပြတ်တောက်ခြင်းများကို လျော့ချနိုင်ရန် စီမံထားသင့်သည်။ နှုတ်ထွက်မှုများသော ရာထူးများအား သေချာစွာစောင့်ကြည့်လေ့လာထားသင့်ပြီး ၎င်းနေရာများအတွက် ဘာကြောင့်လုပ်ငန်းမှ နှုတ်ထွက်ရသည်ကို သိရှိထားရန်လိုအပ်ပြီး ၎င်းရာထူးမျိုးအတွက် လုံလောက်သော ဆွဲဆောင်မှုများသည် မည်သည့်အရာများဖြစ်နိုင်သည်ကို လေ့လာထားသင့်သည်။ သို့မှသာ မိမိလုပ်ငန်း၏ အမြင့်ဆုံးသောအရောင်းကာလအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများအတွက် အခက်အခဲမရှိ ဖြောင့်ဖြူးစွာလုပ်ကိုင်နိုင်စေရန် မိမိကုမဏ္ဏီမှ ပံ့ပိုးပေးထားသော ဝန်ထမ်းခန့်ထားရေး ၊ ရာထူးတိုးမြင့်ရေးနှင့် လေ့ကျင့်ရေး အစီအမံများမှာ မပြည့်မှီဖြစ်နေလျင်ပင် လုပ်ငန်းအားစဉ်ဆက်မပြတ် အောင်မြင်အောင် ထိန်းညှိပေးနိုင်မည်ဖြစ်သည်။

Introduce PCMs

(PCMs အား မိတ်ဆက်ခြင်း)

——————
တစ်နေ့တာ၏ လုပ်ငန်းခွင်မစတင်မှီ ကုန်သိုလှောင်ရုံဝန်ထမ်းများနှင့် ဆိပ်ကမ်းရှင်းလင်းရေးဝန်ထမ်းများအကြား (pre-work communication meeting – PCM) အား ၂မိနစ် သို့ ၃ မိနစ်ခန့် ပြုလုပ်ပေးခြင်းသည် တစ်နေ့တာလုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာများ စီမံကိန်းများအား အလွဲအမှားမရှိအဆင်ပြေစွာ လုပ်ကိုင်နိုင်ရေး အတွက် နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်။ လုပ်ငန်းခွင်မဝင်မီပြုလုပ်ပေးသည့် PCMs အစည်းအဝေးများသည် မိမိကိုယ်တိုင်မအားလပ်နေသည့်တိုင်အောင် မိမိ၏ဝန်ထမ်းများအကြား တစ်ဦးချင်းစီ လုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာများအပေါ် အာရုံစိုက်နိုင်အောင်နှင့် စိတ်ဓာတ်လှုံဆောင်မှုများ ပေးရာတွင်များစွာ အထောက်အကူပြုသည်။ ထိုကဲ့သို့သော အစည်းအဝေးများကို ပုံမှန်ပြုလုပ်သွားနိုင်ရန် အလေ့အကျင့်ပြုလုပ်ထားသင့်ပြီး အစည်းအဝေးအား လုပ်ငန်းခွင်ဘေးအန္တာရယ်ကင်းရှင်းရေးအတွက် အသိပေးခြင်းဖြင့် အဆုံးသတ်သင့်ပါသည်။

Minimize handling and touches
(ကိုင်တွယ်ထိတွေ့ခြင်းများအားလျော့ချခြင်း)

——————
ကုန်ပစ္စည်းအားထိတွေရမှု နည်းလေလေ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးအမှာစာ တစ်ခုပြီးမြောက်ရေးအတွက် ကုန်ကျစရိတ်လျော့နည်းလေလေ ဖြစ်သည်။ မလိုအပ်ဘဲ ကုန်ပစ္စည်းအတင်အချ ပြုလုပ်မှုအကြိမ်အရေအတွက်များနေခြင်းများအား လျော့ချခြင်း၊ နောက်ဆုံးနေရာသို့ ပို့ဆောင်မှုအား မလိုအပ်ဘဲ ကြားခံနေရာများထားရှိခြင်းများအား လျော့ချရန် နှင့် ပြန်လည်သုံးသပ်ပေးခြင်းများကို ကျင့်သုံးသင့်သည်။ မိမိ၏ဖောက်သည်ဝန်ဆောင်မှုအား တိုးမြင့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဝန်ဆောင်မှုပေးရသည့် Supply Chain လုပ်ငန်းစဉ်များအား အခက်အခဲမရှိ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချောမွေ့စွာပြီးဆုံးသွားစေရန် လိုအပ်သကဲ့သို့ လုပ်ငန်းနယ်ပယ် တွင်လည်း ထိတွေ့ကိုင်တွယ်မှုလျော့ချသည့် အလေ့အကျင့်ကို ကျင့်သုံးလာစေရန် တိုက်တွန်းသင့်သည်။

Facilitate seamless picking and packing
(လွယ်ကူသက်သာသည့် ကုန်တင်ကုန်ချပြုလုပ်ခြင်း နှင့် ထုတ်ပိုးခြင်း)

————————–
ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက် ကုန်ပစ္စည်းသယ်မခြင်း ထုတ်ပိုးခြင်းများအတွက် သုံးရသည့် လုပ်သားအင်အားစရိတ်မှာ စုစုပေါင်းငှားရမ်းရသည့်လုပ်သားအင်အားစရိတ်၏ ၅၀ ရာခိုင်နှုန်းထက်ပိုမို ကုန်ကျလေ့ရှိသည်မှာ အံ့သြစရာတော့ မဟုတ်ခဲ့ပါ။ အကောင်းဆုံးသောနည်းလမ်းမှာ မိမိအသုံးပြုနေသော ကုန်တင်ကုန်ချ နည်းလမ်းအား မိမိလက်ခံထားသည့် အမှာစာများနှင့် အကောင်ဆုံးကိုက်ညီမှု ရှိ မရှိ တွက်ချက်ရန်ပင်ဖြစ်သည်။  ကုန်ပစ္စည်းထုတ်ပိုးသည့် လုပ်ငန်းခွင်နေရာအား လုပ်ငန်းပိုမိုတွင်ကျယ်စေရန်အတွက် ပြန်လည်နေရာချထားရန် သို့ ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသေးသည်။

Use available resources more productively
(ရှိပြီးသားအရင်းအမြစ်များအသုံးပြု၍ ထုတ်ကုန်စွမ်းအားပိုမိုထုတ်လုပ်ခြင်း)

—————————
ရှိပြီးသားအရင်းမြစ်များအားအသုံးပြုပြီး ကုန်ထုတ်စွမ်းအားပိုမိုဖြစ်ထွန်းခြင်း ကို ယနေ့ခေတ် ထောက်ပံ့ပို့ဆောင်ရေးနယ်ပယ်အတွင်း မကြာခဏကြားရလေ့ရှိသည်။ ပရော်ဖက်ရှင်နယ်တစ်ယောက်၏ အကဲဖြတ်မှတ်ချက်အရ မိမိ၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များအား ပိုမိုမြင့်မားလာစေရန်အတွက် ဝန်ထမ်းများ၏စွမ်းဆောင်ရည်၊ လုပ်ငန်းခွင်နေရာ နှင့် ကုန်ပစ္စည်းသိုလှောင်သည့်နေရာများကို အပြည့်အဝအသုံးပြုရန်လိုအပ်သည်။ အဆိုပါ အခြေခံလိုအပ်ချက်များကို ပြည့်မီအောင်မစွမ်းဆောင်နိုင်လျင် ကုန်သိုလှောင်ရုံတစ်ရုံလည်ပတ်ရသည့် ကုန်ကျစရိတ်သည်လည်း တိုးမြင့်လာမည်ဖြစ်သည်။

Establish vendor scorecard
(Vendor scorecard ထားရှိခြင်း)

——————–
ကုမဏ္ဏီ၏ဌာနတိုင်းအား မိမိတို့အသုံးပြုနေသည့်ဝန်ဆောင်မှုများအား ထောက်ပံ့ပေးနေသည့် ရောင်းချသူများအား အကဲဖြတ်မှတ်တမ်းထားရှိရန် ညွှန်ကြားထားသင့်သည်။ ၎င်းတို့တွင် အရောင်းအခြေအနေ၊ အချိန်မီပို့ဆောင်ပေးမှု၊ ပြသနာများအားပြန်လည်ရှင်းလင်းပေးခြင်း အစရှိသည်တို့အား ထည့်သွင်းအကဲဖြတ်စေပြီး မိမိတို့အတွက် အသုံးဝင်သော ရောင်းချသူများကို မှတ်သားထားရန် နှင့် အသိအမှတ်ပြုပေးခြင်းများကို ပြုလုပ်ထားသင့်သည်။

Increase information visibility
(သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုအား မြင့်တင်ခြင်း)

——————-
နှေးကွေးလေးလံသော၊ စိတ်ချရမှုအားနည်းသော ဆော့ဖ်ဝဲများ spreadsheets များ သုံးဆွဲခြင်းအားလျော့ချပြီး ခေတ်မီနည်းပညာများအသုံးပြုပြီး သတင်းအချက်အလက်မျှဝေခြင်းများသည် မိမိ၏ ဖောက်သည်များနှင့် မိမိဝန်ဆောင်မှုပေးနေသည့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များအကြား ပိုမိုပွင့်လင်းမြင်သာမှုဖြစ်ပေါ်လာစေသည်။ တစ်နည်းအားဖြင့် သတင်းအချက်အလက်များအပေါ်မူတည်၍ အဓိကကျသည့် အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ ထောက်ပံ့ပို့ဆောင်မှုမှတ်တမ်းများအား တိုင်းတာဆုံးဖြတ်နိုင်ခြင်း နှင့် လုပ်ငန်းစဉ်တစ်လျောက်အရေးကြီးသည့်အခန်းကဏ္ဏများအား မလွတ်သွားစေရေးအတွက် မိမိဝန်ထမ်းများအားပါဝင်ထမ်းဆောင်စေခြင်းများကို ပြုလုပ်လာနိုင်မည်ဖြစ်သည်။ ထိုအချက်အလက်များအား မျှဝေပေးနိုင်မှုသည်ပင်လျင် မိမိ၏ ဖောက်သည်များအား စိတ်ကျေနပ်မှုကို တိုးမြင့်စေမည်ဖြစ်သည်။

အထက်ဖော်ပြပါအချက်အလက်များသည် ဖောက်သည်ဝန်ဆောင်မှုအားတိုးတက်လာစေရန်နှင့် ကုန်ကျစရိတ်လျော့ချနိုင်ရေးတို့တွင် အောင်မြင်ခဲ့ကြသော အချက်အလက်များထဲမှ တစ်ချို့ဖြစ်ပါသည်။ မိမိတို့၏ လက်ရှိ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်အခြေအနေအရပ်ရပ်ကို ပြည့်ပြည့်စုံစုံ သုံးသပ်ပြင်ဆင်ခြင်းသည် များစွာသောကုန်ကျစရိတ်များကို သက်သာစေနိုင်ပြီး အောင်မြင်သော လုပ်ငန်းတစ်ခုအဖြစ်သို့ ရပ်တည်စေနိုင်မည်ဖြစ်သည်။

#SuperLight #Logistics #Knowledge #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN