fbpx

BILLS OF LADING AND SEA WAYBILLS

Bills of Lading နှင့် Sea Waybills ပြည်တွင်း နှင့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုလေ့ရှိသည့် စာရွက်စာတမ်း များဖြစ်ပါသည်။ ရံဖန်ရံခါတွင် ထိုနှစ်ခုအနက်မှ မည်သည့်တစ်ခုကို မှန်ကန်စွာရွေးချယ်အသုံးပြုရမည်ကို ဇဝေဇဝါဖြစ်တတ်ကြပါသည်။ မည်သို့ဆိုစေကာမူ ၎င်းတို့နှစ်ခုသည် တစ်ခုချင်းစီအလိုက် သီးသန့်အသုံးပြုရမည့် လုပ်ဆောင်ချက်များဖြင့် ဖွဲ့စည်းထားပါသည်။

Sea Waybill သည် သယ်ယူပို့ဆောင်မှုစာချုပ်၏ အထောက်အထား အဖြစ်နှင့် သယ်ယူပို့ဆောင်လိုက်သော ကုန်ပစ္စည်း၏ လက်ခံအဖြစ် အသုံးပြုပြီး Bill of Lading သည်လည်း သယ်ယူပို့ဆောင်မှုစာချုပ် နှင့် ကုန်ပစ္စည်းလက်ခံ အဖြစ်လုပ်ဆောင်ပါသည်။ ထို့အပြင် B/L သည် ကုန်ပစ္စည်း၏ ပိုင်ဆိုင်သူအား ဖော်ပြသည့်စာရွက်စာတမ်းအဖြစ်ပါ လုပ်ဆောင်သည်။
၎င်းတို့၏ လုပ်ဆောင်ပုံများကို အောက်တွင်ဖော်ပြထားပါသည်။

BILL OF LADING (B/L)

————————————-
နိုင်ငံတကာပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်မှုကို the Hamburg Rules of 1978, created by UNCITRAL (U.N. Commission on International Trade Law) ဥပဒေ ဖြင့် ထိန်းညှိပေးထားပါသည်။ အဆိုပါ ဥပဒေအရ ပင်လယ်ရေကြောင်းဖြင့် ကုန်ပစ္စည်းပို့ဆောင်မည်ဆိုပါက ငွေပေးငွေယူပြုလုပ်မည့် သတင်းအချက်အလက်များကို စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြရမည်ဟု သတ်မှတ်ပေးထားပါသည်။ ထို စာရွက်စာတမ်းကို “Bill of Lading (B/L).” ဟုခေါ်ပါသည်။
B/L ကို သယ်ယူပို့ဆောင်သည့်ယာဉ်၊ ပို့ဆောင်မှုပြုလုပ်ပေးသည့် အေးဂျင့်၊ သင်္ဘောလိုင်း၊ သင်္ဘောအော်ပရေတာ နှင့် သင်္ဘောကပ္ပတိန်တို့မှ ထုတ်ပေးလေ့ရှိသည်။

B/L ၏ အရေးကြီးအခန်းကဏ္ဏများ

——————————————
• သင်္ဘောတင်လိုက်သည့် ကုန်ပစ္စည်းလက်ခံ နှင့် ၎င်းကုန်ပစ္စည်း၏ သိသာထင်ရှားသည့်အခြေအနေ အားဖော်ပြခြင်း။
• ကုန်ပစ္စည်းသယ်ယူပို့ဆောာင်မှု စာချုပ် အထောက်အထား အဖြစ် အသုံးပြုခြင်း။
• ကုန်ပစ္စည်း၏ အကြောင်းအရာ၊ ပိုင်ဆိုင်မှုလွှဲပြောင်းပေးခြင်း (သယ်ဆောင်လာသည့်သင်္ဘောမှ ဆိုက်ရောက်ဆိပ်ကမ်းတွင် လာရောက်ထုတ်ယူနိုင်သူသို့) စသည်တို့အားဖော်ပြနိုင်သည့် စာရွက်စာတမ်းအဖြစ် အသုံးပြုခြင်း။
• B/L သည် စေ့စပ်ညှိနှိုင်းနိုင်သည့် ကိရိယာတစ်ခုအဖြစ် ဘဏ်အဖွဲ့အစည်းများမှ လက်ခံထားသည်။

B/L တစ်စောင် အကျုံးဝင်စေရန်အတွက် အောက်ဖော်ပြပါ သတင်းအချက်အလက်များပြည့်စုံစွာဖြည့်သွင်းပေးရပါသည်။

Bill of Lading

———————
• Shipper ၏ နာမည်နှင့် နေရပ်လိပ်စာ
• Carrier ၏ နာမည်နှင့် နေရပ်လိပ်စာ
• သင်္ဘောနာမည်နှင့် မှတ်ပုံတင်ထားသည့်နိုင်ငံ
• ကုန်တင်ဆိပ်ကမ်း နှင့် ကုန်ချဆိပ်ကမ်း (နောက်ဆုံးပို့ဆောင်မည့် ဆိပ်ကမ်း)
• ကုန်ပစ္စည်းဆိုက်ရောက်ချိန်တွင် အသိပေးဆက်သွယ်ရမည့်သူ၏ နာမည်နှင့် နေရပ်လိပ်စာ
• ကုန်ပစ္စည်း၏ အချက်အလက် (ပါကင် သို့ ပစ္စည်းလိုက်၊ အရေအတွက် သို့ အလေးချိန်၊ သက်သေခံအမှတ်အသား စသည်)
• ကုန်ပစ္စည်း၏ သိသာထင်ရှားသည့် အခြေအနေ
• INCOTERMS
• လျောက်ထားထားသည့် စာရွက်စာတမ်းအရေအတွက်
• နေရာ၊ အချိန် နှင့် လက်မှတ် (ပို့ဆောင်သူ၊ သင်္ဘောလိုင်း၊ သင်္ဘောအော်ပရေတာ သို့ သင်္ဘောကပ္ပတိန်)
အချို့သော အခြေအနေမျိုးတွင် ကုန်ပစ္စည်း၏မူလပိုင်ရှင်အဖြစ်ဖော်ပြသော စာရွက်စာတမ်းကို မလိုအပ်ပါ။ ထိုအခါမျိုးတွင် B/L အစား Sea Waybill ကဲ့သို့သော အခြားစာရွက်စာတမ်းတစ်ခုခုနှင့် အသုံးပြုတတ်ပါသည်။

SEA WAYBILL (SWB)

——————————-

Sea Waybill ကို “Express Release Bill of Lading” သို့ “Straight Bill of Lading,” လို့လည်းခေါ်တတ်ကြပါတယ်။ Sea Waybill ကို shipper ကနေပြီးတော့ ကုန်ပစ္စည်းရဲ့ ပိုင်ဆိုင်သူအနေနဲ့ကနေ စွန့်လွတ်ဖို့ဆုံးဖြတ်ချက်ချက်ခြင်းချရတဲ့အခါမျိုးတွေမှာသုံးတတ်ပါသည်။ ထိုအရာအား ကုန်ပစ္စည်းကို စာရွက်ထဲမှာဖော်ပြထားတဲ့ သူထံသို့ ပို့ဆောင်နိုင်ပါပြီလို့ ဆိုလိုတာဖြစ်ပြီး ကုန်တင်တာကို ထုတ်ယူရန်အတွက် စာရွက်စာတမ်းတစ်ခုနဲ့ ရှင်းလင်းတင်ပြချက်တွေလုပ်ဆောင်နေရမည့်အစား ရိုးရှင်းစွာနဲ့အတည်ပြုပေးပါလိမ့်မည်။ Sea Waybill သည် ကုန်ပစ္စည်းအတွက် ထောက်ခံပေးချက်မျိုးမဟုတ်ဘဲ သက်သေခံအထောက်အထားတစ်ခုအနေနဲ့သာ အလုပ်လုပ်တာဖြစ်ပါသည်။ ကုန်ပစ္စည်းကို သင်္ဘောတင်ပြီးတဲ့အချိန်မှာ shipper အနေနဲ့ Sea Waybill တစ်စောင်ကို လက်ခံအနေနဲ့ ရရှိပါလိမ့်မည်။ ဒီအခါမှာ shipper အနေနဲ့ရော importer အနေနဲ့ရော မည်သည့် စာရွက်စာတမ်းတစ်စုံတစ်ရာကိုမျှ သင်္ဘောလိုင်း carrier ကို တင်ပြစရာမလိုတောဘဲ သင်္ဘောတင်လိုက်တဲ့ ကုန်ပစ္စည်းကို ဆိပ်ကမ်းမှာ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ထုတ်ယူနိုင်ပါသည်။

ဘယ်လိုအခြေအနေမျိုးတွေမှာ Sea Waybill ကို သုံးသင့်လဲ?

• Shipper နှင့် Consignee အကြား ခိုင်မာယုံကြည်မှုများတဲ့ ဆက်ဆံရေးမျိုးရှိတဲ့အခါ
• ပို့ဆောင်နေစဉ်အတွင်း ကုန်ပစ္စည်းကို လဲလှယ်ခြင်း သို့ ရောင်းချခြင်းပြုလုပ်ဖို့ မရှိတဲ့အခါ
• ခွင့်ပြုထားတဲ့ credit နည်းလမ်းတစ်ခုနဲ့ ကုန်ပစ္စည်းအတွက်ငွေပေးချေမှုပြုလုပ်ထားတဲ့အခါ

ဖော်ပြပါ အခြေအနေမျိုးတွေမှာ အသုံးပြုသင့်ပါတယ်။

#SuperLight #Logistics #Knowledge #Sea Waybill #Air Waybill

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN