fbpx

သွက်လက်လျင်မြန်သည့် ကုန်စည်စီးဆင်းမှု (Agile Logistics)

သွက်လက်လျင်မြန်မှုသည် Supply Chain စီမံခန့်ခွဲမှု၏ အနှစ်သာရဖြစ်သည်။ လိုက်လျောညီထွေ ပြောင်းလဲပြင်လွယ်မှုသည်လည်း ထိရောက်သည့် Supply Chain တစ်ရပ်အတွက် မရှိမဖြစ် လိုအပ်သည့်အရာဖြစ်သည်။ အမှာစာတစ်ခုချင်းစီကို သီးခြားစီ ကိုင်တွယ်ကြရသည်။ သုံးစွဲသူ တစ်ဦးချင်းစီတွင်လည်း ၎င်းတို့၏ ကျေနပ်နှစ်သက်မှု အတိုင်းအတာ တစ်ရပ်ရရှိရန် ကိုယ်ပိုင်လိုအပ်ချက်များနှင့် တောင်းဆိုသူများ ရှိနေကြမည်ဖြစ်သည်။  မြောက်များလှစွာသော ကုန်ကြမ်းပေးသွင်းသူများမှသည် သုံးစွဲသူများအထိ ဆန့်ထုတ်လိုက်လျှင် မိုင်ပေါင်း ၁၀၀၀၀ ကျော်မကသည့် Supply Chian တစ်ရပ်ကို စီမံခန့်ခွဲသည့်အခါ အခြေခံအားဖြင့် လျင်မြန်မှုနှင့် ပြုပြင်လွယ်မှု ရှိနေရမည် ဖြစ်သည်။ ကမ္ဘ့ာလုံးဆိုင်ရာ Supply Chain တစ်ရပ်သည် အတော်အတန် ရှည်လျားသည်နှင့်အမျှ လုပ်ငန်းဆောင်ရွက်ရမှုများမှာလည်း ခက်ခဲ ရှုပ်ထွေးနိုင်သည်။
ကုန်စည်စီးဆင်းမှုဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအနေဖြင့် Supply Chain တစ်ရပ်ကို ၎င်း၏ နယ်ပယ်အတိုင်းအတာနှင့် ကျယ်ပြန့်မှုအပေါ် မူတည်၍ စီမံခန့်ခွဲရာတွင် အထူးကျွမ်းကျင် ပိုင်နိုင်သူတစ်ဦး ဖြစ်ရမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လျင်မြန်သွက်လက်မှုကိုသာမက ပိုမို နည်းပါးသည့် အရင်းအမြစ်များကို အသုံးပြုလျက် သုံးစွဲသူများအတွက် ပိုမို ကြီးမားသော တန်ဖိုးကိုဖန်တီးပေးနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
တစ်နည်းအားဖြင့် အပိုအလျံနှင့် လေလွင့်ပြုန်းတီးမှုများူကို လျော့ပါးအောင် ထိန်းချုပ်လျက် လုပ်ငန်းပိုမိုတွင်ကျယ်ထိရောက်ရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည် ဖြစ်သည်။ မျက်မှောက်ခေတ်စီးပွားရေးလောကတွင် လေလွင့်ပြုန်းတီးမှုကို ထိန်းချုပ်ပြီး အသုံးစရိတ်လျော့ချနိုင်ရေးအပေါ် အာရုံစိုက်လာမှုမှာ ငြင်းဆို၍ မရသည့် အချက်အဖြစ် တည်ရှိနေပြီဖြစ်သည်။ သို့ဖြစ်၍ ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ကုန်စည်စီးဆင်းမှုကို ဆောင်ရွက်ရာတွင် တစ်ဖက်မှ လေလွင့်ပြုန်းတီးမှုနှင့် အသုံးစရိတ် ထိန်းချုပ်ရေးကို ဆောင်ရွက်ရင်း အခြားတစ်ဖက်မှ လုပ်ငန်းပိုမို လျင်မြန်သွက်လက်ရေး ၊ ပိုမိုတွင်ကျယ် ထိရောက်ရေးကိုလည်း မျက်ခြေမပြတ် ဆောင်ရွက်ကြရသည်။  ကုန်စည်စီးဆင်းမှုကို မည်သည့်အတွက် လျင်မြန်သွက်လက်ရမည်နည်းဟာ မေးခွန်းထုတ်လာပါက အဖြေမှာ အချိန်ဟု ဖြေဆိုရမည် ဖြစ်သည်။
ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် အကြီးမားဆုံးတွန်းအားပေးနေသည်မှာ အချိန်ဖြစ်သည်။ သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုနှင့် သုံးစွဲသူများအပေါ်တာဝန်ယူမှုကို အချိန်ကပင် မောင်းနှင်ပေးနေသည်။ တစ်ချိန်တည်းမှာပင် Supply chain စီမံခန့်ခွဲမှုတွင် အခြားပြိုင်ဖက်များနှင့် ယှဉ်ပြိုင်မှု အားသာချက်ရရှိရေးမှာလည်း အဓိက အရေးပါသည့် အချက်မှာအချိန်ပင်ဖြစ်သည်။
မျက်မှောက်ခေတ်တွင် အရာရာ ပို၍ ပို၍ မြန်ဆန်လိုလာကြသည်။ အမှာစာများ ပြောင်းလဲနေကြသည်။ လိုအင်များပြောင်းလလြာကြသည်။ ပစ္စည်းပေးပို့ချိန် လိုအပ်ချက် ပိုမို တိုတောင်းလာသည်။ ကုန်ပစ္စည်းလိုအပ်ချက်များ ပြောင်းလဲလာကြသည်။ သုံးစွဲသူများနှင့် ကုမ္ပဏီတွင်း မျှော်မှန်းချက်များ မြင့်တက်လာသည်။ Supply Chain များ၏ အတိုင်းအတာ နှင့် ဆက်စပ်မှုများ ပိုမို များပြားရှုပ်ထွေးလာချိန်တွင် အချိန်လိုအပ်ချက် တိုတောင်းလာသည်။ သို့ဖြစ်ရာ ကုန်စည်စီးဆင်းမှု မြန်ဆန်ရန် မလွဲမသွေ လိုအပ်လာလျက်ရှိသည်။

ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ယခင်ဆောင်ရွက်နေကြအတိုင်း ဆောင်ရွက်ရမည်သာဖြစ်သည်။ သို့ရာတွင် ပိုမို၍ ကြိုးပမ်းကြရမည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက်မ အဓိက မဖြစ်မနေ လိုအပ်ချက်မှာ Supply Chain အတွင်း သိ/မြင် နိုင်စွမ်းရရှိရေးပင်ဖြစ်သည်။Supply Chain တလျှောက် ကုမ္ပဏီအတွင်း ပစ္စည်းပေးသွင်းသူများအကြား ပြင်ပသိုလှောင်ရုံများတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်စု ၊ ချိတ်ဆက်ထားသော 3PL (သို့) 4PL များအကြား ဘာဖြစ်နေသလဲ ၊ မည်သည့်ကုန်ပစ္စည်း မည်သို့ရောက်နေသလဲ ၊ ဘယ်နေရာမှာ ဘာကုန်ပစ္စည်းလိုနေသလဲ ၊ ဘယ်သုံးစွဲသူရဲ့ အမှာစာကို ဖြည့်ဆည်းပေးရမလဲ ၊ပစ္စည်းဝယ်ယူရေး အမှာစာများ အခြေအနေဘယ်လိုလဲ ၊ အရောင်းကုန်ပစ္စည်း ပြန်လည်ဖြည့်တင်းရန် လိုအပ်ချက်နှင့် လိုအပ်ချက်များနှင့် ဝယ်ယူရေးအမှာစာပေးပို့မှုများ ၊ ကိုက်ညီမှုရှိရဲ့လား စသည့်အချက်များကို သိမြင်နိုင်စွမ်းရှိရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ လိုအပ်ချက်များအတွက် ဖြည့်ဆည်းထောက်ကူပေးနိုင်မည့် အဓိက အချက် (၂)ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) သတင်းအချက်အလက် နည်းပညာ (Information Technology)
————————————————————————
သွက်လက်လျင်မြန်သည့် ကမ္ဘာလုံးဆိုင်ရာ Supply Chain တစ်ရပ်အတွက် မြင်နိုင်စွမ်းမှာ အလွန်အရေးပါလှသည်။ မြင်နိုင်စွမ်းရရှိရေးအတွက် သုံးစွဲသူအမှာစာမှ ကုန်ပစ္စည်းစာရင်းများအထိ သိမြင်နိုင်မှု ဖော်ဆောင်ပေးနိုင်သော စနစ်များလိုအပ်သည်။ တစ်နည်းအားဖြင့် ခေတ်မီသတင်းအချက်အလက် နည်းပညာများ လိုအပ်သည်။ ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်ရေး ၊ အဆင်ပြေချောမွေ့ရေးအတွက် စီမံခန့်ခွဲရာတွင် နည်းပညာသည် မလွဲမသွေ လိုအပ်မည့်အရာဖြစ်သည်။
Supply Chain ကွန်ယက်တစ်လျှောက် ကုန်ပစ္စည်းပေးသွင်းသူများမှသည် လုပ်ငန်းလက်တွဲဖော်များ ၊ သုံးစွဲသူများအထိ သိမြင်နိုင်ရေးအတွက် ခေတ်မီသတင်းအချက်အလက် နည်းပညသုံးစနစ်များကို တွင်ကျယ်စွာ အသုံးပြုလာကြပြီ ဖြစ်သည်။

(၂) ပူးပေါင်းဆောင်ရွက်မှု (Collaboration)
————————————————–
သယ်ယူပို့ဆောင်ရေး (သို့) သိုလှောင်ရုံ ထိန်းသိမ်းရေးစသည့် လုပ်ငန်းများ ပိုမို ထိရောက်ကောင်းမွန်ရေးအတွက် အခြားကုမ္ပဏီများနှင့် လုပ်ငန်းဆောင်ရွက်ရသည့်အခါ ပူးပေါင်းဆောင်ရွက်မှုသည် ပဓာန အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ပူးပေါင်းဆောင်ရွက်မှုအပေါ် အမြင်ပြောင်းလဲမှုသည် လုပ်ငန်းပိုမို သွက်လက်မြန်ဆန်ရေးနှင့် များပြားလှသော လုပ်ငန်းဖက်များနှင့် ဆောင်ရွက်ရသော ကမ္ဘာလုံးဆိုင်ရာ Supply Chain ၏ သဘောသဘာဝကို လွဲချော်မှု (သို့) နားလည်မှု လွဲမှားခြင်းပင်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှု၏ တကယ့်အဓိပ္ပါယ်မှာ လုပ်ငန်းလက်တွဲဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သတင်းအချက်အလက်များ ဖလှယ်ခြင်း ၊ အမှာစာများ စီမံခန့်ခွဲခြင်း (ဝယ်ယူရေးအမှာစာနှင့် သုံးစွဲသူ အမှာစာ နှစ်မျိုးလုံး) သေင်္ဘာတင်/ပစ္စည်းပေးပို့မှု စသည့် လုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
ကောင်းမွန်သည့် သတင်းအချက်အလက် နည်းပညာသည် အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်အရေးပါသည်။ လုပ်ငန်းလက်တွဲဖက်များ ၊ အတူတကွ ပူးပေါင်းကာ Supply chain အတွင်း မသေချာမရေရာမှုများနှင့် အချိန်ကို လျှော့ချသွားနိုင်သည်။  အဓိက အချက်အလက်များကို ဖလှယ်ခြင်းဖြင့် ကြိုတင်ခန့်မှန်းမှုများ ၊ ကုန်ပစ္စည်းလက်ကျန် အခြေအနေ ၊ အမှာစာများဆိုင်ရာ သတင်းအချက်အလက်နှင့် ကုန်ထုတ်လုပ်မှု အစီအစဉ်များကို သိရှိကြပြီး မည်သည့်အရာများ ဖြစ်ပျက်လာနိုင်သည်ကို ကြိုတင်ခန့်မှန်းခြင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲ ၊ ပြသနာများကို အတူတကွ လက်တွဲဖြေရှင်းသွားနိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ပိုမိုသွက်လက်လျင်မြန်စွာ ဆောင်ရွက်ရေးအတွက် ဖိအားများစွာ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ အချိန်လိုအပ်ချက်များ ၊ ကုန်ပစ္စည်းဆိုင်ရာ ဖိအားများ ၊အသုံးစရိတ်နှင့် ဝန်ဆောင်မှုလိုအပ်ချက်များ ဆက်လက်ပေါ်ပေါက်နေဆဲ ကမ္ဘာလုံးဆိုင်ရာ Supply Chain ရောယှက်ရှုပ်ထွေးနေမှုများက မြန်ဆန်သွက်လက်ရေးကို တောင်းဆိုနေကြမည်ဖြစ်သည်။
ယနေ့အတွက် အဖြေသည် မနက်ဖြန်အတွက် စိန်ခေါ်မှု ဖြစ်နေနိုင်သည်။ မည်သို့ပင်ဆိုစေ လေလွင့်ပြုန်းတီးမှုနှင့် အသုံးစရိတ် ခြိုးခြံချွေတာပြီး လုပ်ငန်းတွင်ကျယ်ထိရောက်မှုကို ကြိုးပမ်းလိုသည့် အဖွဲ့အစည်းများအတွက် မြန်ဆန်သွက်လက်မှုရှိရန် အထူးအရေးပါပြီး အဆိုပါ သွက်လက်မြန်ဆန်မှု ရရှိရေးအတွက်လည်း ခေတ်မီ သတင်းအချက်အလက်နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုတို့က အဓိက နေရာမှာ ရပ်တည်လျက်ရှိပေသည်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN