fbpx

၂၀၂၀ အတွက် စောင့်ကြည့်သင့်သည့် SCM ဆိုင်ရာ စံသတ်မှတ်ချက် (၁၀)ချက် – အပိုင်း (၁)

ကုန်ကြမ်းပစ္စည်းအရင်းအမြစ်များ ရှာဖွေရေး (သို့) ကုန်ကြမ်းပစ္စည်းပေးသွင်းသည့် Supplier များ စီစစ်ရွေးချယ်ရေးမှသည် ကုန်ချောပစ္စည်း (ထုတ်ကုန်)များအား သုံးစွဲသူ လက်ဝယ်အရောက် အချိန်မီပို့ဆောင်နိုင်ရေးအထိ Supply Chain လုပ်ငန်းစဉ် အရပ်ရပ်တွင် အဖုအထစ်မရှိ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးမှာ လုပ်ငန်းအောင်မြင် တိုးတက်ရေးအတွက် အလွန်အရေးပါသည့် အချက်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ်နည်းနည်းဖြင့် အမြတ်အစွန်း များများနှင့် သုံးစွဲသူ ကျေနပ်နှစ်သိမ့်မှု မြင့်မြင့်ရရှိရန်လည်း လိုအပ်မည်ဖြစ်သည်။ သတ်မှတ်ဦးတည်ချက် (လုပ်ငန်းဌာန / လုပ်ငန်းစဉ်တစ်ရပ်ရပ်)ကို မှန်မှန်ကန်ကန် တိတိကျကျ စောင့်ကြည့်အကဲဖြတ်သုံးသပ်ခြင်း မရှိ/မပြုလုပ်ပါက အဆိုပါ လစ်ကွက်/ဟာကွက်များမှ တစ်ဆင့် လုပ်ငန်းတွင်ကျယ် ထိရောက်မှုကို အနှောင့်အယှက်ဖြစ်စေမည့် ချွတ်ယွင်းချက်များ ၊ အားနည်းချက်များ ဖြစ်ပေါ်လာစေနိုင်သည်။ ထို့ပြင် အဆိုပါ ချွတ်ယွင်းချက် ၊ အားနည်းချက်များကို ပြုပြင်နိုင်ရန် မည်သည့်နေရာ (လုပ်ငန်းဌာန/လုပ်ငန်းစဉ်)များကို အလေးထား ပြုပြင်ဆောင်ရွက်ရမည်ဆိုခြင်းကိုလည်း တိတိကျကျ မဖော်ပြနိုင်ပဲ အခက်အခဲ ကြုံတွေ့မည်ဖြစ်သည်။ သို့ဖြစ်၍ သင်၏ Supply Chain အတွင်း လုပ်ငန်းစဉ် ယန္တရားကြီးတစ်ရပ်လုံးကို ပြန်လည် ပြုပြင်ရန် မလိုပဲ ပြုပြင်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို လျင်လျင်မြန်မြန် တိတိကျကျ ဖော်ထုတ်နိုင်ရေးနှင့် ခိုင်မာသည့် သတင်းနှင့် အချက်အလက်များအပေါ် အခြေခံကာ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် သင့် Supply Chain အတွင်း အဓိက လုပ်ငန်းစွမ်းဆောင်နိုင်မှု အညွှန်းကိန်းများ (Key Performance indicators – KPIs) ကို ကျင့်သုံးဆောင်ရွက်သင့်ပေသည်။
သို့ရာတွင် သတိပြုရမည့် အချက်မှာ သင့် supply chain ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်ရန် သင်ရွေးချယ်သည့် အဓိက လုပ်ငန်း စွမ်းဆောင်နိုင်မှု အညွှန်းကိန်း (KPIs) သည် သင်တိုင်းတာမည့် လုပ်ငန်းစဉ်နှင့် ကိုက်ညီမှန်ကန်ရန်လိုအပ်မည်ဖြစ်သည်။

အဆိုပါ မှန်ကန်သည့် KPI ရွေးချယ်နိုင်မှုသည် သင့်လုပ်ငန်းအောင်မြင်ရေးနှင့် တိုက်ရိုက် ဆက်နွယ်နေသည်ကို မမေ့သင့်ပေ။

မှန်ကန်သည့် KPI ချမှတ်ခြင်း (Setting up right KPIs)
———————————
သင်ရွေးချယ်သည့် Supply Chain KPI သည် သင့်လုပ်ငန်းအတွက် အမှန်တကယ် ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ရန်မှာ အောက်ဖော်ပြပါ အချက်များနှင့် တိုက်ဆိုင် စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။
တိကျမှု (Specific)
——————–
မရေရာ မတိကျသော ဖော်ပြချက်များကို ပိုမိုတိကျသော အသေးစိတ်အချက်များအဖြစ် ဦးတည် လမ်းညွှန်ပေးနိုင်ရမည်။ သင်ရွေးချယ်သည့် လုပ်ငန်းစွမ်းဆောင်မှု အညွှန်းကိန်းသည် ဘယ်သူလဲ ၊ ဘာလဲ ၊ ဘယ်နေရာလဲ ၊ ဘယ်အချိန်လဲနှင့် ဘာကြောင့်လဲဆိုတာကို ဖော်ထုတ်နိုင်ရမည်။

တိုင်းတာမှု (Measurable)
————————-
သင်ရွေးချယ်သည့် လုပ်ငန်းစွမ်းဆောင်မှု အညွှန်းပြကိန်းတွင် နံပါတ်တစ်ခု (သို့) သင့်လျော်သည့် ကိန်းဂဏန်းတစ်ရပ်ကို ထည့်သွင်းနိုင်ရမည်။ သို့မှသာ တိကျသေချာသော အမှန်တကယ် လက်ဆုပ်လက်ကိုင် ပြနိုင်မည့် ခြားနားချက် (သို့) ကွဲလွဲချက်များကို ဖော်ထုတ်ပြနိုင်မည် ဖြစ်သည်။
ဥပမာအားဖြင့် ယခုနှစ်တွင် အာမခံလျော်ကြေးတောင်းဆိုမှုအချိုး ပိုမိုလျော့နည်းစေလိုသည် ဆိုခြင်းထက် ယခုနှစ်တွင် အာမခံလျော်ကြေးတောင်းဆိုမှု အချိုး ဒသမ သုညငါးရာခိုင်နှုန်း (သို့) ၎င်းအောက် လျော့နည်းစေလိုသည့် ဆိုခြင်းမျိုးဖြစ်သည်။

ဆီလျော်ဆက်စပ်မှု (Relevant)
——————————
သင်ရွေးချယ်သည့် KPI သည် ယခု သင်ဆောင်ရွက်နေမှုနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိနေရမည် ဖြစ်သည်။ ထို့ပြင် အနာဂတ်တွင် အမှန်တကယ် ဆောင်ရွက်ရန် စီစဉ်ထားသည့် ကိစ္စနှင့် တိုက်ရိုက်ဆက်စပ်နေရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်လုပ်ငန်း၏ ကုန်ကြမ်းရရှိမှု အပိုင်းသည် သင့်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝမရှိမနေပါက ကုန်ကြမ်းသိုလှောင်ထားရှိမှုအပေါ် အခြေခံသည့် လုပ်ငန်းစွမ်းဆောင်မှုပြကိန်းကို ချမှတ်ဆောင်ရွက်ခြင်း မပြုသင့်ပေ။

အချိန်မီ (Timely)
—————–
သတ်မှတ်ဦးတည်ချက်တစ်ရပ်မရှိပဲ သင် ဆောင်ရွက်လိုသည့် အရာအားလုံးကို အာရုံစိုက်နိုင်စွမ်းနှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိရန် လွယ်ကူမည်မဟုတ်ပါ။ တိကျသေချာသော အတိုင်းအတာနှင့် အစီအစဉ် ပါရှိသော အချိန်ကာလ သတ်မှတ်ချက်တစ်ရပ် ချမှတ်ဆောင်ရွက်ခြင်းဖြင့် အဆိုပါ ရည်မှန်းချက် အောင်မြင်အောင် ဖော်ဆောင်နိုင်မည့် အခွင့်အလမ်း ပိုမို မြင့်မားလာစေမည်ဖြစ်သည်။
သတိပြုရမည့် အချက်မှာ သင့်လုပ်ငန်းအတွင်း များပြားလှစွာသော အတိုင်းအတာများ ချမှတ်ဆောင်ရွက်ခြင်းမပြုရန်နှင့် လုံးဝ ဥပေက္ခာ ပြုမထားရန် ဖြစ်သည်။ လုပ်ငန်းစွမ်းဆောင်ရည်ပြကိန်း (KPIs) အတိုင်းအတာများ လွန်ကဲစွာ အသုံးပြုပါက သင့်လုပ်ငန်းမှာ မျက်စိအောက်မှ အပျောက်မခံ ၊ ဓားစာခံ အဖမ်းခံထားရသကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။
လုပ်ငန်းစွမ်းဆောင်ရည် ပြကိန်းများမှာ သင့် ရည်မှန်းချက်များနှင့် ကိုက်ညီ ပြည့်မီရန်နှင့် သင့် Supply Chain အတွင်း မည်သည့်နေရာများမှာ အမှန်တကယ် အောင်မြင်စွာ ဆောင်ရွက်နိုင်လျက်ရှိပြီး မည်သည့်နေရာများမှာ ပံ့ပိုးပေးရန် လိုအပ်လျက်ရှိနေသည်ကို အတိအကျ သိရှိရန်မှာ မှန်ကန်သော KPI ရွေးချယ်မှုအပေါ်တွင် များစွာ တည်မီလျက်ရှိသည်။

ထိပ်တန်း Supply Chain KPI (၁၀)ခု
—————————————-
ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများတွင် ၎င်းတို့၏ လုပ်ငန်းအောင်မြင်စွာ စွမ်းဆောင်နိုင်မှုကို တိုင်းတာရာတွင် အသုံးပြုသည့် လူသိထင်ရှားဆုံး KPI ၁၀ခုမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

(၁) ကုန်ပို့လွှာ တိကျမှန်ကန်မှု (Freight Bill Accuracy)
———————————–
မှားယွင်းသော အလေးချိန်ဖော်ပြမှု (သို့) အချက်အလက်များ ပြည့်စုံစွာ ရေးသွင်းမှုမရှိခြင်း စသည့် ကုန်ပို့လွှာ အမှားအယွင်းပြုလုပ်သူများသည် အဆင့်အတန်း ပြင်ဆင်သတ်မှတ်ခ (recluses fees) ကဲ့သို့ မလိုလားအပ်သော အနှောင့်အယှက်များ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ ကုန်ပို့လွှာများ မှန်ကန်တိကျမှု ရှိစေရေးအတွက် သေချာ စီစဉ်ဆောင်ရွက်ခြင်းသည် မလိုလားအပ်သော ပစ္စည်း တင်ပို့မှုနှောင့်နှေး နောက်ကျမှုများကို ကာကွယ်တားဆီးနိုင်သည့်အပြင် သင့်လုပ်ငန်း အမြတ်အစွန်း ရရှိရေးဆက်လက်ထိန်းသိမ်းရန် အနိမ့်ဆုံး အသီးအပွင့်တစ်ရပ် ဖြစ်သည်။

(၂) အမှားလုံးဝကင်းစင်သည့် အမှာစာ အညွှန်း (Perfect order index)
——————————–

အဆိုပါ အတိုင်းအတာ (KPI) မှာ အမှားလုံးဝကင်းစင်သည့် အမှာစာ (ကုမ္ပဏီမှ ကုန်ကြမ်းနှင့် အခြားလိုအပ်သော ပစ္စည်းများ ဝယ်ယူရန်မှာကြားသည့် အမှာစာ) ရာခိုင်နှုန်းကို ဖော်ထုတ်ခြင်းဖြစ်သည်။
အမှားကင်းစင်သည့် အမှာစာတွင် ပစ္စည်းဝယ်ယူရေး အမှာစာ တစ်စောင်၏ အဆင့်တိုင်းဖြစ်သော ပစ္စည်းဝယ်ယူရေး ၊ ထုတ်လုပ်ရေး ၊ သယ်ယူပို့ဆောင်ရေး နှင့် သိုလှောင်ထိန်းသိမ်းရေးလုပ်ငန်းများပါဝင်သည်။ အမှာစာတစ်စောင်ကို မှန်ကန်စွာနှင့် ကိစ္စတစ်စုံတစ်ရာ မဖြစ်ပွားပဲ ဆောင်ရွက်ရန်မှာ အချိန်တိုင်း အကြိမ်တိုင်းအတွက် လွယ်ကူသည့် ကိစ္စရပ်မဟုတ်ပေ။ သို့ရာတွင် အဆိုပါ လုပ်ငန်းစဉ်အပေါ် မျက်ခြေမပြတ် လိုက်လံခြေရာကောက်ခြင်းဖြင့် မည်သည့်အဆင့်ကို ပြုပြင်မှုများ ဆောင်ရွက်ရမည်ကို တိကျစွာ ခွဲခြမ်း သိရှိအကဲဖြတ်နိုင်မည် ဖြစ်သည်။

ကျန်ရှိနေသည့် အချက်များအား နောက်အပတ် ဆောင်းပါးတွင် ဆက်လက်ဖော်ပြပေးသွားပါမည်။

#SuperLight #Logistics #Knowledge #2020_SCM_Metric

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN