fbpx

၂၀၂၀ အတွက် စောင့်ကြည့်သင့်သည့် SCM ဆိုင်ရာ စံသတ်မှတ်ချက် (၁၀)ချက် – အပိုင်း (၂)

၂၀၂၀ အတွက်စောင့်ကြည့်သင့်သည့် SCM ဆိုင်ရာ စံသတ်မှတ်ချက် (၁၀)ချက် အနက်မှ အချို့အကြောင်းအရာများအား ယခင် အပိုင်း(၁) ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုဆောင်းပါးတွင် ကျန်ရှိနေသေးသည့် အချက်များအကြောင်း ရှင်းလင်းရေးသားဖော်ပြပေးသွားမည် ဖြစ်ပါသည်။

(၃) အချိန်ကိုက်ပစ္စည်းပေးပို့နိုင်မှုနှုန်း (On-time delivery rates)
————————————
အဆိုပါ တိုင်းတာမှုမှာ သင့်၏ ပို့ကုန်ပစ္စည်းများသည် ၎င်းတို့ရောက်ရှိရမည့် နေရာသို့ အချိန်မီ မည်ရွေ့မည်မျှ ပမာဏကို ရောက်ရှိပြီး မည်သည့်ပမာဏက နောက်ကျသည်ကို အကဲဖြတ်ခြင်းဖြစ်သည်။
သင့်၏ ကုန်ပစ္စည်းအရေအတွက် မည်မျှသည် သင်၏ သုံးစွဲသူများထံ အချိန်မီရောက်ရှိသည်ဆိုခြင်းကို တိုင်းတာမှုသည် သ့င်၏ Supply Chain အတွင်း လုပ်ငန်းတစ်ဆို့နေမှုများကို ဖော်ထုတ်ရွေးချယ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုပင်ဖြစ်သည်။

(၄) သုံးစွဲသူ အမှာစာကြာမြင့်ချိန် (Customer order cycletime)
————————————-
သုံးစွဲသူ အမှာစာကြာမြင့်ချိန်မှာ သုံးစွဲသူမှ ကနဦး ဝယ်ယူရန် အမှာစာ ပေးပို့ချိန်မှ ၎င်းမှာကြားသည့် ပစ္စည်းပေးပို့သည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်ကြာမြင့်ချိန်ကို တွက်ချက်ခြင်းဖြစ်သည်။ အဆိုပါ Supply Chain KPI မှာ အချိန်ကိုက် ပေးပို့နိုင်မှုနှုန်းနှင့် အလွန်နီးကပ်စွာ ဆက်စပ်နေလျက်ရှိပြီး ပစ္စည်းပေးပို့မှု နောက်ကျသည့် နှုန်းထားမြင့်မားလာသည်နှင့်အမျှ အမှာကြာမြင့်ချိန်မှာလည်း ပိုမိုတာရှည်မည်ဖြစ်သည်။

(၅) ဖြည့်တင်းနိုင်မှုနှုန်း (Fill Rate)
———————
ဖြည့်တင်းနိုင်မှုနှုန်းမှာ သုံးစွဲသူမှာယူသည့် အမှာစာများအနက် မည်သည့်အစိတ်အပိုင်း (အရေအတွက်) ကို အသင့် သိုလှောင်ထားသည့် ကုန်စည်များထဲမှ အမှန်တကယ် တင်ပို့ပေးနိုင်သည်ကို တွက်ချက်ခြင်းဖြစ်သည်။ သင်၏ သင်္ဘောတင်ပို့မှု ကုန်ကျစရိတ်များတွင် လေလွင့်မှုများတွေ့ရှိပါက ဤ KPI သည် အထူးအရေးပါလှသည်။ ဖြည့်တင်းနိုင်မှုနှုန်းထား နိမ့်ကျသည်နှင့်အမျှ သုံးစွဲသူများထံ တင်ပို့သည့် ကုန်ပေးပို့မှုများများကို ပိုမိုစစ်ဆေးကြီးကြပ်ဆောင်ရွက်ရန် လိုအပ်လေပင်ဖြစ်သည်။

(၆) ကြားကာလ ပစ္စည်းတင်ပို့ချိန် (Transit Time)
———————————
ပစ္စည်းတင်ပို့ချိန် (ကြားကာလ ကြာမြင့်ချိန်)မှာ ကုန်ပစ္စည်းတစ်ခုကို တစ်နေရာမှ တစ်နေရာသို့ တင်ပို့ရာတွင် ကြာမြင့်ချိန်ကို ဆိုလိုခြင်းဖြစ်သည်။ ပစ္စည်းသယ်ယူသည့် လမ်းကြောင်း ၊ ပစ္စည်းသယ်ယူသည့်ယာဉ် အမျိုးအစားအပေါ် မူတည်၍ ပစ္စည်းတင်ပို့ချိန်မှာ ကွာခြားချက်များရှိနေမည်ဖြစ်သည်။
အဆိုပါ ပစ္စည်းတင်ပို့ချိန်မှာ သုံးစွဲသူများ အနေဖြင့် ပစ္စည်းပေးပို့မှု မည်မျှ ကြာမြင့်မည်ကို ခန့်မှန်းနိုင်စေမည်ဖြစ်သည်။ ထို့ပြင် ပစ္စည်း တင်ပို့သူအနေဖြင့် တူညီသည့် ခရီးစဉ် ၊ တူညီသည့် ယာဉ်အမျိုးအစားဖြင့် ပစ္စည်းတင်ပို့ချိန် ကာလအတော်အတန် မတည်မငြိမ် ဖြစ်နေသည်ကို သတိပြုမိပါက ထိုအချက်သည် ပစ္စည်းပေးပို့မှု လုပ်ငန်းစဉ် တစ်နေရာရာတွင် ချွတ်ချော်မှုရှိနေပြီ ဖြစ်ကြောင်း ဖော်ညွှန်းနေခြင်းပင်ဖြစ်သည်။

(၇) ပစ္စည်းအတင်အချ ကြာမြင့်ချိန် (Load & Unload Time)
————————————
ကုန်စည်ပို့ဆောင်မှုနှင့် သင်္ဘောတင်ပို့မှုလုပ်ငန်းတွင် အချိန်တိုင်း အချိန်တိုင်းသည် အရေးပါလှသည်သာ ဖြစ်သည်။ ကုန်တင်ယာဉ် တစ်စီးပေါ်သို့ အမှားအယွင်းမရှိ ပစ္စည်းအတင်အချ မြန်မြန်ဆောင်ရွက်နိုင်လေ အဆိုပါ ကုန်တင်ယာဉ်အနေဖြင့် မြန်မြန် ထွက်ခွာနိုင်ကာ နောက်တစ်ကြိမ် ပို့ဆောင်မှုအတွက် အသင့်ရှိနေနိုင်မည် ဖြစ်သည်။ ပစ္စည်းအတင်အချ လုပ်ငန်းစဉ်တွင် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကြီးမားသည့် အကျိုးအမြတ်ကို ရရှိစေနိုင်မည် ဖြစ်သည်။

(၈) ပြုပြင်ထိန်းသိမ်းမှုစရိတ် (Maintenance Cost)
————————–
အဆိုပါ KPI သည် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းတွင် သယ်ယူပို့ဆောင်မည့် ယာဉ်လုပ်ငန်းများအတွက် ပိုမို၍ အရေးပါသည့် တိုင်းတာမှုဖြစ်သည်။ သင်၏ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်အများစုသည် မည်သည့်နေရာတွင် ကုန်ကျနေသည်ကို နားလည်သိရှိထားရန်လည်း လိုအပ်မည်ဖြစ်သည်။

(၉) ပျက်စီး/ဆုံးရှုံးမှု လျော်ကြေးတောင်းခံမှု နှုန်းထားအချိုး (Damage Claims ratio)
——————————
ပို့ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုးမှုအတွက် လျော်ကြေးတောင်းခံမှုများ ၊ ကာကွယ်တားဆီးရေးအတွက် ပထမဆုံး လိုအပ်ချက်မှာ သင်၏ ကုန်စည်ပို့ဆောင်မှုတွင် ပျက်စီးဆုံးရှုံးမှု မည်မျှဖြစ်နေသည် ၊ မည်သည့်အတွက် ဖြစ်ရသည်ကို သိနားလည်ရန် လိုအပ်မည်ဖြစ်သည်။ ဥပမာအားဖြင့် သင့်ကုန်ပစ္စည်းများ ပျက်စီးမှုသည် သတ်မှတ်လမ်းကြောင်းတစ်ခုတွင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သတိပြုမိပါက ထပ်မံဖြစ်ပွားခြင်း မရှိစေရန် အဆိုပါ လမ်းကြောင်းအစား ခရီးလမ်းကြောင်းအသစ် ပြုပြင်ပို့ဆောင်စေခြင်းမျိုးဖြစ်သည်။

(၁၀) လောင်စာဆီ ထိရောက်စွာ သုံးစွဲနိုင်မှု (Fuel Efficiency)
————————————
လောင်စာဆီမှာယူမှုများနှင့် ထွက်ပေါ်လာသည့် ရလာဒ်တို့အပေါ် အကဲဖြတ် သုံးသပ်ခြင်းဖြင့် အမှန်တကယ် လိုအပ်သည်ထက် လောင်စာဆီ ပိုမိုမှာယူနေသလား ၊ လောင်စာဆီ ထိရောက်စွာ သုံးစွဲနိုင်မှုအတွက် ပို့ကုန်များသည် အရွယ်အစား ၊ အလေးချိန် ၊ လိုက်လျောညီထွေ ရှိရဲ့လား စသည့် အချက်များကို အကဲဖြတ်သိရှိနိုင်မည်ဖြစ်သည်။ လောင်စာဆီ ထိရောက်စွာ သုံးစွဲနိုင်စေရေးအတွက် ပြုပြင်ဆောင်ရွက်ခြင်းသည် လောင်စာဆီ စရိတ် ခြိုးခြံချွေတာနိုင်မှုအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကာဗွန်ထုတ်လုပ်မှု လျှော့ချပေးနိုင်မည့် အလွယ်ကူဆုံး နည်းလမ်းတစ်ရပ်လည်း ဖြစ်သည်။
ကုန်စည်ပို့ဆောင်မှု supply chain အတွင်း ရုတ်တရက်ပေါ်ပေါက်လာသည့် လုပ်ငန်းတွင်ကျယ်ထိရောက်မှုကို အနှောင့်အယှက်ဖြစ်စေသော အခက်အခဲ ၊ အဟန့်အတားများကို ရှာဖွေ ဖော်ထုတ်ရာတွင် အသုံးပြုနိုင်သည့် အဓိက လုပ်ငန်းစွမ်းဆောင်မှုအညွှန်းကိန်း (KPI)များ အများအပြားရှိနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
သို့ရာတွင် မိမိ၏ လုပ်ငန်းနှင့် ကိုက်ညီသော ၊ မိမိလုပ်ငန်းအတွက် အကျိုးရလာဒ်ထွက်ပေါ်စေမည့် KPI များကို ရွေးချယ်အသုံးပြုသွားရမည်ကို သတိပြုရန်လိုအပ်လှပေသည်။

#SuperLight #Logistics #Knowledge #2020_SCM_metric

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN