fbpx

ကုန်စည်စီးဆင်းမှုနှင့် ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုဆိုင်ရာ ဖြစ်လေ့ရှိသည့် အမှား (၅)ချက် (5 Common Logistics and inventory management mistakes)

မျက်မှောက်အောင်မြင်မှုအရှိဆုံး အီလက်ထရွန်နစ် ကုန်သွယ်ရေး (e commerce) ကုန်အမှတ်တံဆိပ်များသည် တီထွင်ဆန်းသစ်သော ထုတ်ပိုးမှုများ ၊ လျင်မြန်သည့် ကုန်စည်ပို့ဆောင်မှုနှင့် တစ်မူထူးခြားသော Online ဈေးဝယ်အတွေ့အကြုံများကို ဖော်ကျူးပေးနိုင်သည့် အခြားအခြားသော စွမ်းဆောင်မှုများဖြင့် သုံးစွဲသူများအား ဆွဲဆောင်ဖမ်းစားလျက်ရှိကြသည်။ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးကြီးထွားနေသည့် အီလက်ထရွန်နစ် ကုန်သွယ်ရေး ကုန်အမှတ်တံဆိပ်များအား အဟန့်အတား ဖြစ်စေသည့် ကုန်စည်စီးဆင်းမှုနှင့် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုဆိုင်ရာ အမှားများကို မဖြစ်ပွားအောင် တားဆီးနိုင်ရေး (သို့) ရှောင်ရှားနိုင်ရေးအတွက် သတိပြုဆောင်ရွက်နေကြရသည်။ ယနေ့ Online ဈေးဝယ်သူများသည် ၎င်းတို့အမှာစာ ပေးပို့ပြီးနောက် ဘာဖြစ်မည်ဆိုခြင်းနှင့်ပတ်သတ်၍ အလေးထားမှု ပိုမို တိုးပွားလာလျက်ရှိသည်။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ အိမ်တံခါးပေါက်သို့ မှာထားသည့် ပစ္စည်းထုပ်များ ရောက်ရှိလာသည့် တစ်မူထူးခြားသော အရည်အသွေးမြင့် သုံးစွဲသူ အတွေ့အကြုံကို ဖြည့်ဆည်းပေးနိုင်သည့် ကုန်အမှတ်တံဆိပ်များကို အားပေးကြလေ့ရှိသည်။

အီလက်ထရွန်နစ် ကုန်သွယ်ရေး ကုန်အမှတ်တံဆိပ်အများစုသည် သုံးစွဲသူများအနေဖြင့် ကုန်စည်ပို့ဆောင်မှုနှင့်ထုတ်ပိုးမှုပေါ် တန်ဖိုးထားကြောင်း သိရှိနားလည်းကြသော်လည်း ကုန်အမှတ်တံဆိပ် အတော်များများသည် ကုန်စည်စီးဆင်းမှုနှင့် အမှာစာ ဖြည့်ဆည်းရေးလုပ်ငန်းနယ်ပယ်များတွင် ချွတ်ယွင်းအားနည်းနေကြပြီး ကုန်ပစ္စည်းစာရင်း နယ်ပယ်များတွင် ချွတ်ယွယင်အားနည်းနေကြပြီး ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှု၏ အရေးပါမှုကို အလေးမထားကြသည်ကို အံ့သြဖွယ်တွေ့နေရသည်။
အဖွဲ့အစည်းတစ်ခု၏ ကုန်စည်စီးဆင်းမှုနှင့် အမှာစာဖြည့်ဆည်းရေးလုပ်ငန်းများကို အကောင်းဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ရေးမှာ ပြောသလောက်လွယ်ကူသည့် အလုပ်မဟုတ်ပေ။လုပ်ငန်းတွင်ကျယ် ထိရောက်ရေးနှင့် သုံးစွသြူအတွေ့အကြုံအရည်အသွေး (တစ်နည်းအားဖြင့် မိမိကုန်အမှတ်တံဆိပ်အပေါ် သုံးစွဲသူ၏ သဘောထား) မြင့်မားလာစေရေးအတွက် ကုန်စည်စီးဆင်းမှုနှင့် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုဆိုင်ရာ ဖြစ်လေ့ဖြစ်ထရှိသည့် လက်တစ်ဆုပ်စာ အမှားအယွင်းများကို မဖြစ်ပေါ်အောင် တားဆီးလျက် (တစ်နည်းအားဖြင့် ရှောင်ရှားလျက် ) တိုးတက်ကောင်းမွန်အောင် ပြုပြင်ဆာင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပေသည်။
သို့ဖြစ်၍ ကုန်စည်စီးဆင်းမှုနှင့် ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှု နယ်ပယ်တွင် ကြုံတွေ့ရလေ့ရှိသည့် အမှားအချို့ကို တင်ပြလိုက်ရပေသည်။

၁။ အမှား (၁) : ကုန်ပစ္စည်းစာရင်းကို ရှင်းလင်းစွာမြင်တွေ့နိုင်မှုအားနည်းခြင်း (Poor Visibility to inventory)
——————————————–
ပစ္စည်းရောင်းချမှု လမ်းကြောင်းပေါင်းစုံဖြင့် ကုန်သွယ်မှုပြုနေကြသည့် ကမ္ဘာကြီးတွင် ကုန်အမှတ်တံဆိပ်များ (ကုန်ပစ္စည်းရောင်းချသည့်ကုမ္ပဏီများ) သာမက သုံးစွဲသူများပါ ကုန်ပစ္စည်းစာရင်းကို ရှင်းလင်းစွာဖြင့် တွေ့နိုင်ရန်လိုအပ်သည်။ မြန်ဆန်ထိရောက်သည့် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှု နည်းပညာနှင့် နည်းစနစ်များသည် Online ပစ္စည်းရောင်းချသူများအား ရောင်းချမှုနှင့် ဈေးကွက်မြှင့်တင်ရေးကြော်ငြာအတွက် ပိုမိုတိကျသော အစီအစဉ်များ ရေးဆွဲဆောင်ရွက်နိုင်ရန် အထောက်အကူပြုပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် လက်ဝယ်ရှိရောင်းကုန်ပစ္စည်းများ နှင့် စပ်လျဉ်း၍ လမ်းကြောင်းအားလုံးမှ တစ်ဆင့် သုံးစွဲသူများကို အသိပေး အကြောင်းကြားသွားနိုင်မည်ဖြစ်သည်။

၂။ အမှား (၂) : ယုံကြည်ကိုးစားမရသော အမှာစာ စီမံခန့်ခွဲမှု (Unreliable Order Management)
——————————————————————————–
ဖြစ်ကတက်ဆန်း အမှာစာများသည် ပျက်စီးခြင်းအတွက် လမ်းစပင်ဖြစ်သည်။ ပြန်လည် စစ်ဆေးခြင်းမရှိသော ထိရောက်မှုမရှိသော အမှားပြုလုပ်လေ့ရှိသော အမှာစာ စီမံခန့်ခွဲမှု လုပ်ရိုးလုပ်စဉ်များသည် (သုံးစွဲသူများ၏) သစ္စာရှိမှုကို ထိခိုက်ပျက်စီးစေနိုင်သည့်အပြင် ဝင်ငွေရည်မှန်းချက်များ အောင်မြင်မှု ရရှိရေးကိုလည်း ခြိမ်းခြောက်နေမည်ဖြစ်သည်။ ခေတ်မီ အမှာစာ စီမံခန့်ခွဲမှု နည်းစနစ်များသည် အခြားသော ဖြေရှင်းမှုများနှင့် တစ်သားတည်း ပေါင်းစပ်ကာ သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုနှင့် ဝင်ငွေတိုးတက်မှုကို ဖော်ဆောင်ပေးမည့် အမှာစာနှင့် ဖြည့်ဆည်းမှု လုပ်နည်းစနစ် အမျိုးအစားကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

၃။ အမှား (၃) : တိုင်းတာနိုင်မှု (အကဲဖြတ်နိုင်မှု) မရှိခြင်း (Inability to Scale)
—————————————————
အီလက်ထရွန်နစ် ကုန်သွယ်ရေးလုပ်ငန်းအများအပြားသည် လုပ်ငန်းဖွံ့ဖြိုးပြီး သွားလာမှုက ၎င်းတို့၏ ကုန်စည်စီးဆင်းမှုနှင့် အမှာစာ ဖြည့်ဆည်းမှု လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ကို ထည့်သွင်းစဉ်းစားထားခြင်းမရှိကြပေ။ တွင်ကျယ်ထိရောက်သည့် ကုန်စည်စီးဆင်းမှုနှင့် ကုန်ပစ္စည်း စာရင်းစီမံခန့်ခွဲမှုတွင် ဈေးကွက်မြှင့်တင်ရေး၊ ကြော်ငြာကိစ္စ၊ ရောင်းအားအကောင်းဆုံး ကာလ ၊ ကုန်စည်ဖြန့်ချီမှုလမ်းကြောင်းသစ်နှင့် ဝင်ငွေတိုးတက်မှု တည်တံ့ရေး စသည်တို့အတွက် မှန်ကန်သည့် တိုင်းတာအကဲဖြတ်နိုင်စွမ်းရှိရမည်ဖြစ်သည်။

၄။ အမှား (၄): အချိန်နှင် တစ်ပြေးညီ သတင်းပေးပို့မှုမရှိခြင်း
——————————————–
ထိပ်တန်းလမ်းကြောင်းပေါင်းစုံ ကုန်သွယ်မှု အမှတ်တံဆိပ်များ (ကုမ္ပဏီများ)သည် ၎င်းတို့ လုပ်ငန်းဆောင်ရွက်မှုများ၏ အရေးပါဆုံး လုပ်ငန်းကဏ္ဍများကို ပိုမိုမြင်တွေ့လွယ်စေမည့် အချိန်နှင် တပြေးညီ သတင်းပို့သည့် နည်းလမ်းကို ဦးစားပေး သတ်မှတ်ဆောင်ရွက်ကြသည်။ ကုန်ပစ္စည်းစာရင်းများ ၊ အမှာစာများနှင့် လုပ်ငန်း၏ အခြားနေရာများနှင့် ပတ်သတ်၍ အချိန်နှင့်တပြေးညီ ချက်ချင်း သိမြင်နိုင်ခြင်းဖြင့် သင့်လုပ်ငန်းအဖွဲ့အစည်းအနေဖြင့် လုပ်ငန်းစဉ်နှင့် လုပ်နည်းစနစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်မည့် အခွင့်အလမ်းကို ရရှိနိုင်မည်ဖြစ်ပြီး သင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ပိုမို ထိရောက်စွာ ဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ်သည်။

၅။ အမှား (၅) : ကုမ္ပဏီအတွင်း အရင်းအမြစ်များအပေါ် မှီခိုအားထားခြင်း (Reliance on In-house Resources)
——————————————————————
အောင်မြင်နေသည့် အီလက်ထရွန်နစ် ကုန်သွယ်မှု လုပ်ငန်းတိုင်းသည် ကုန်စည်စီးဆင်းမှုနှင့် အီလက်ထရွန်နစ် ကုန်သွယ်မှုအမှာစာ ဖြည့်ဆည်းရေးလုပ်ငန်းများကို ကုမ္ကဏီအတွင်း ကိုင်တွယ်ဆောင်ရွက်ရန် မလိုတော့သည့် အချိန်တစ်ခုသို့ ဆိုက်ရောက်မြဲဖြစ်သည်။ အတွေ့အကြုံရင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အတိုင်ပင်ခံအကြံပေး အဖွဲ့အစည်းများသည် သင်၏ ကုန်စည်စီးဆင်းမှုနှင့် ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို ပြင်ပ 3PL ဝန်ဆောင်မှုအဖွဲ့ကို မည်သည့်အချိန်တွင် အပ်နှံဆောင်ရွက်စေသင့်သည်ကို သင် ဆုံးဖြတ်နိုင်ရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။

 

#SuperLight #Logistics #Knowledge #5_Common_Logistics_Mistakes

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN