fbpx

ကုန်စည်စီးဆင်းမှု (Logistics) လုပ်ငန်းစဉ်များ အထူးကောင်းမွန်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့် အချက် (၁၀)ချက်

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ကုန်စည်စီးဆင်းမှု (Logistics) လုပ်ငန်းများ အထူးကောင်းမွန်ရေးသည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချက်ပင်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု (Logistics) လုပ်ငန်းများ အဆင်ပြေချောမွေ့ အထူးကောင်းမွန်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်အချက် (၁၀)ချက်ကို ဖော်ပြလိုက်ပါသည်။

 

(၁) ဆက်သွယ်မှုပိုမိုတိုးတက်ကောင်းမွန်ပါစေ

(Improve communication)

မိမိလုပ်ငန်း၏ ဈေးကွက်ချိတ်ဆက်မှု ကွန်ယက်အတွင်း လုပ်ငန်းအတွင်း ၊ အပြင်ဆက်သွယ်မှု လျင်မြန်ကောင်းမွန်သည်နှင့်အမျှ အကျိုးအမြတ်ဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။

 

(၂) သင်တန်းပေးလေ့ကျင့်မှုတွင် ပိုမိုမြှုပ်နှံပါ

(Invest more in training)

ကောင်းမွန်သည့် သင်တန်းပေးလေ့ကျင့်မှုသည် မဖြစ်မနေ လိုအပ်ပြီး ဝန်ထမ်းများ ကျွမ်းကျင်မှုရှိလာသည်နှင့်အမျှ ထုတ်လုပ်မှုစွမ်းအားကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ ပိုမိုတိုးတက်စေမည်ဖြစ်သည်။

 

(၃) လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို အတွင်းကျကျ သိနားလည်ပါစေ

(Underest your operation in-depth)

လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို နှိုက်နှိုက်ချွတ်ချွတ် အတွင်းကျကျသိရှိခြင်းဖြင့် လုပ်ငန်း ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များ ၊ ပြုပြင်ရန်အချက်များ ၊ ဖြည့်တင်းပေးရန်များ စသည်တို့ကို သိရှိဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

(၄) သင်သည် လုပ်သားများ၏ ခေါင်းဆောင်တစ်ဦးအဖြစ် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်ကို အသိအမှတ်ပြုပါ

(Recognize that you are in people business)

သင့်အနေဖြင့် သင့်ဝန်ထမ်းများအတွင်း လုပ်ငန်းအပေါ် စိတ်အားထက်သန်ပြီး တက်ကြွလာအောင် ဖန်တီးပေးနိုင်လျှင် သင့်လုပ်ငန်းအထူးကောင်းမွန် တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်သည်။ ဝန်ထမ်းများအပေါ် မျှမျှတတနှင့် လေးလေးစားစား ဆက်ဆံပြီး အပြုသဘောတုန့်ပြန်မှုကို ရရှိသည်နှင့်အမျှ ရလာဒ်ကောင်းများရရှိလာမည်ဖြစ်သည်။

 

(၅) လုပ်ငန်းအတွင်းဝန်ဆောင်မှုများအပေါ် အာရုံစိုက်ပါ

(Focus on internal customer service)

အများအားဖြင့် သုံးစွဲသူဝန်ဆောင်မှု (Customer service) ဆိုသည်နှင့် ပြင်ပသုံးစွဲသူဝန်ဆောင်မှု (External customer service) ကိုသာ သတိပြုမိကြမည်ဖြစ်သည်။ လုပ်ငန်းအတွင်း အပြန်အလှန်မှီတွယ်နေသည့် ဌာနအချင်းချင်း၏ internal customer service ကိုလည်း လျစ်လျှူမရှုပဲ ဌာနတစ်ခု၏ လိုအပ်ချက်ကို ကျန်ဌာနတစ်ခုမှ အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။

 

(၆) ကုန်အမှာစာများဖြည့်ဆည်းရေး လုပ်ငန်းစဉ်အရပ်ရပ်အပေါ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြုပြင်ပါ

(Really drill down on order fulfillment processes)

သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းပြန်လည်ထုတ်ယူမှု လုပ်ငန်းစဉ်မှအပ ပစ္စည်းထိန်းသိမ်းထားရှိမှု ၊ အသုံးပြုနေသည့် နည်းပညာအထိ သေချာလေ့လာဆန်းစစ်ကာ လုပ်ငန်းစဉ်အရပ်ရပ်ကို ပိုမိုလျင်မြန်ထိရောက်ရေးအတွက် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်သည်။

 

(၇) အောင်မြင်မှုအတွက် အတားအဆီးများကို ဖယ်ရှားပါ

(Remove the barriers to success)

မည်သည့်ကိစ္စရပ်များက လုပ်ငန်းပိုမိုထိရောက်အောင်မြင်ရေးအတွက် အတားအဆီးဖြစ်ဆီးနေသည်ကို လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက်နေသည့် အလုပ်သမားများက အသိဆုံးပင်ဖြစ်သည်။လုပ်သားများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် လိုအပ်ချက်များ ၊ ပြုပြင်သင့်သည်များကို အချိန်မီပြုပြင်နိုင်မည်ဖြစ်သည်။

 

(၈) ရည်မှန်းချက်များကို စဉ်ဆက်မပြတ်မြှင့်တင်ပါ

(Continually raise the bar)

လုပ်ငန်းခွင်အတွင်း ဌာနတိုင်း ၊အဖွဲ့တိုင်းအား ပိုမိုကောင်းမွန်သော လုပ်ငန်းစဉ်များ ရှာဖွေရေးနှင့် အသုံးမဝင်သည့် လုပ်ငန်းအဆင့်များ လျော့ချရေးအတွက် အမြဲတွန်းအားပေးဆောင်ရွက်ရင်း ရည်မှန်းချက် (Target) ကိုစဉ်ဆက်မပြတ် တိုးတက်လာပါစေ။

 

(၉) ပြင်ပပုဂ္ဂိုလ်များထံမှ အကြံဉာဏ်ရယူပါ

(Take advantage of fresh eyes)

သင့်လုပ်ငန်းခွင်အတွင်း ယုံကြည်စိတ်ချရသည့် ပြင်ပအကြံပေးပုဂ္ဂိုလ်များကို ခေါ်ယူအသုံးပြုပါ။

 

(၁၀) လုပ်ရိုးလုပ်စဉ်အပေါ် နစ်မွန်းနေခြင်းကို ရပ်တန့်ပါ

(Stop paving over cow paths)

မိမိလုပ်ငန်းနယ်ပယ်အတွင်း တိုးတက်ပြောင်းလဲနေသော နည်းပညာအသစ်များ ၊ ကရိယာအသစ်များ ၊ ဦးတည်ချက်မျးကို စဉ်ဆက်မပြတ်လေ့လာကာ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲဆောင်ရွက်ပါ။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN