fbpx

Logistics လုပ်ငန်းလုပ်ကိုင်သူတိုင်း မှားတတ်သည့် အခြေခံအမှား (၅)ချက် (5) Common logistics mistakes

ကုန်စည်စီးဆင်းမှု (Logistics) အဆင်ပြေချောမွေ့စေရေးစီမံခန့်ခွဲရာတွင် အများအားဖြင့် တွေ့ကြုံရလေ့ရှိသည့် အမှား (၅) ခုမှာ အောက်ပါအတိုင်းပင်ဖြစ်ပါသည်။

  • (၁) သတင်းအချက်အလက်များကို မျက်ခြေမပြတ်စောင့်ကြည့်ရန် လျစ်လျူရှုခြင်း (Neglecting to track data)
    ——————————-
    သိုလှောင်ရုံအတွင်းရှိ ကုန်ပစ္စည်းများ ၊ ပစ္စည်းမှာယူရမည့် ၊ပေးပို့ရမည့်အချိန်များစသည့် အချက်အလက်များ စဉ်ဆက်မပြတ် သိရှိနေရမည်ဖြစ်သည်။
  • (၂) လုပ်ငန်းနှင့် သက်ဆိုင်ရာနေရာများအကြား ဆက်သွယ်ရန်ပျက်ကွက်ခြင်း (Failing to communicate across locations)
    ———————————
    လုပ်ငန်းနှင့် သက်ဆိုင်သော ကုမ္ပဏီများ ၊ နေရာဌာနများနှင့် ဆက်သွယ်မှု အထူးကောင်းမွန်စေခြင်းဖြင့် လုပ်ငန်းအဆင်ပြေချောမွေ့ရေးကို များစွာအထောက်အကူဖြစ်စေမည့် ဖြစ်သည်။
  • (၃) သုံးစွဲသူများ၏ တုန့်ပြန်မှုကို အလေးမထားခြင်း (Not listening to customer’s feedback)
    —————————–
    သုံးစွဲသူများ၏ ကုန်ပစ္စည်းအပေါ် သဘောထားတုန့်ပြန်မှုကို အခါအားလျော်စွာ ရယူပြီး လိုအပ်သလို ပြုပြင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတိုးတက်မှုကို ဖန်တီးနိုင်မည်ဖြစ်သည်။
  • (၄) မှန်ကန်တိကျသည့် ကြိုတင်ခန့်မှန်းမှုများကို မစုစည်းခြင်း (Not Gathering accurate estimates)
    —————————–
    ကုန်စည်စီးဆင်းမှု (Logistics) မှာအရာရာကို ကြိုတင်ခန့်မှန်းပြီး ဆောင်ရွက်၍မရပါ။ အမှားသေးသေးလေးတစ်ခုသည် တစ်ချိန်တွင် ဧရာမအမှားကြီးဖြစ်စေနိုင်သည်။ ထို့ကြောင့် ယုံကြည်စိတ်ချရလောက်သည့် အချက်အလက်များ ရရှိနိုင်ရန် ယခင်ဆောင်ရွက်ခဲ့သည့် အချက်များကို စဉ်ဆက်မပြတ်လေ့လာကာ နောင်အလားအလာ ကြိုတင်ခန့်မှန်းမှုများကို သေချာအောင်ဆောင်ရွက်ရမည်ဖြစ်သည်။
  • (၅) စက်ကိရိယာများအသုံးပြုရန်ပျက်ကွက်ခြင်း (Failing to automate)
    ————————
    ကုန်စည်စီးဆင်းရေး စီမံခန့်ခွဲရေး (Logistics Management) နယ်ပယ်တွင် ခေတ်မီစက်ကိရိယာများ အသုံးပြုခြင်းသည် အကျိုးကျေးဇူးအမြောက်အမြားရရှိလျက် ရှိပါသည်။ အချိန်နှင့်ငွေကို ချွေတာနိုင်ရေးအတွက် ခေတ်မီစက်ကိရိယာများကို ဖြစ်နိုင်သမျှ သုံးစွဲသွားသင့်ပါသည်။

#SuperLight #Logistics #Knowledge #Logistics_Mistakes

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN