fbpx

Inventory Control Techniques (ပိုင်ဆိုင်ပစ္စည်း ထိန်းသိမ်းစီမံမှုနည်းလမ်းများ) အကြောင်း သိကောင်းစရာ

Inventory controll (ပိုင်ဆိုင်ပစ္စည်းများထိန်းသိမ်းမှု) ဆိုသည်မှာ သိုလှောင်ရုံအတွင်း ထိန်းသိမ်းထားရှိသော ကုန်ချောထုတ်ကုန်များ၊ ထုတ်လုပ်ဆဲပစ္စည်းများ၊ ကုန်ကြမ်းများစသည့် ပစ္စည်းများကို လက်ငင်းသုံးစွဲသူများ၏ လိုအပ်ချက်အတိုင်း အပိုအလိုမရှိ လုံလောက်သောပမာဏ ထိန်းသိမ်းထားနိုင်ရေးအတွက် စာရင်းပြုစုခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ပြန်လည်ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်း ကြီးကြပ်စီမံဆောင်ရွက်ခြင်းပင်ဖြစ်သည်။

ပိုင်ဆိုင်ပစ္စည်း (Iventory) များ သိုလှောင်ထိန်းသိမ်းရာတွင် လုပ်ငန်းသဘာဝအပေါ်မူတည်၍
🔸 လူလုပ်အားဖြင့်ရေတွက်ခြင်းစနစ် (Manual counting systems)
🔸 သတ်မှတ်သင်္ကေတစနစ် (Bar code system)
🔸 ရေဒီယိုကြိမ်နှုန်းအချက်ပြစနစ် (Radio-frequency indentification system) စသည်ဖြင့် စနစ်အမျိုးမျိုးကို အသုံးပြုကြသည်။ ထိုနည်းတူ လုပ်ငန်းသဘာဝအပေါ် မူတည်၍ အောက်ပါနည်းလမ်းများအား အသုံးပြုနိုင်သည်။

🔶🔷 Establishing Annual Stocking Policies
နှစ်စဉ်ပစ္စည်းထိန်းသိမ်းမှု မူဝါဒများချမှတ်ခြင်း

သိုလှောင်ရုံအတွင်း သိုလှောင်ထိန်းသိမ်းရမည့် အများဆုံးနှင့်အနည်းဆုံး ကုန်ချော(သို့မဟုတ်)ကုန်ကြမ်းပမာဏ သတ်မှတ်ပေးခြင်း၊ ကုန်ပစ္စည်းပြန်လည်ဖြည့်တင်းရမည့်ပမာဏ (ထပ်မံအမှာစာပေးပို့ရမည့်အချိန်) ဖြန့်ဖြူးရေးလုပ်ငန်းမထိခိုက်စေမည့် လုံလောက်သောပမာဏနှင့် ကုန်ကျစရိတ်ကာမိစေမည့် ပျမ်းမျှပမာဏ စသည်တို့ကိုသတ်မှတ်ပေးခြင်း။

🔶🔷 Preparations of Inventory budgets
ကုန်ပစ္စည်းဆိုင်ရာဘတ်ဂျက်ပြင်ဆင်ခြင်း

ကုန်ကြမ်းပစ္စည်းများဝယ်ယူစရိတ်၊ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ကုန်စည်စီးဆင်းမှု၊ ဖြန့်ဖြူးရေးစရိတ်နှင့် အခြားမမျှော်မှန်းနိုင်သောစရိတ်များအပါအဝင် ဘဏ္ဍာရေးနှစ်အတွင်း ကုန်ပစ္စည်းများလက်ဝယ်ထားရှိရန် လိုအပ်မည့်အသုံးစရိတ်စာရင်းများ ပါဝင်သည့် နှစ်စဉ်ဘတ်ဂျက်ရေးဆွဲဆောင်ရွက်ခြင်း။

🔶🔷 Maintaining & Perpetual Inventory Systems
ခေတ်မီပြောင်းလဲနေသည့် ပစ္စည်းထိန်းသိမ်းမှုစနစ်များအသုံးပြုခြင်း

သိုလှောင်ထိန်းသိမ်းထားသော ကုန်ချော၊ ကုန်ကြမ်းပစ္စည်းများကို လိုအပ်ချက်နှင့်တပြေးညီ ဟန်ချက်ညီမျှစေရေးအတွက် ခေတ်မီနည်းစနစ်များကိုအသုံးပြုကာ ပစ္စည်းတစ်မျိုးချင်းစီ၏ အရေအတွက်နှင့်တန်ဖိုးကို စဉ်ဆက်မပြတ် စာရင်းပြုစုထိန်းသိမ်းခြင်း။

🔶🔷 Inventory Turnover Ratio
ကုန်ပစ္စည်းများ အထွက်နှင့်ပြန်လည်ဖြည့်တင်းမှုအချိုး
သတ်မှတ်အချိန်ကာလတစ်ရပ်အတွင်း ထုတ်ကုန်(သို့မဟုတ်)ကုန်ကြမ်းပစ္စည်းများ မည်မျှလျင်မြန်စွာအသုံးပြု (သို့မဟုတ်) ဖြန့်ဖြူးရသည်ကိုတွက်ချက်ခြင်း။ ထုတ်ကုန်ပစ္စည်းတစ်ခုသည် သိုလှောင်ချိန်တိုတောင်းလေ ရောင်းရမှုပမာဏမြင့်မားလေဖြစ်ပြီး ပိုမိုအကျိုးအမြတ်ပေါ်ထွန်းစေလေဖြစ်သည်။

🔶🔷 Establishment of optimized Purchasing Procedures
အထိရောက်ဆုံးဝယ်ယူရေး လုပ်ထုံးလုပ်နည်းများချမှတ်ခြင်း
ကုန်ပစ္စည်းများကို အပိုအလိုမရှိ လုံလောက်အောင်ထိန်းသိမ်းထားနိုင်ရေးအတွက် ပစ္စည်းတစ်မျိုးချင်းစီ၏ ရောင်းအား၊ ဝယ်လိုအားများပေါ်မူတည်ကာ သင့်လျော်မည့် ဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများချမှတ်ခြင်း။

#SuperLight #Logistics #Educating#Inventory_Control_Techniques

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN