fbpx

Demand Forecasting Techniques အကြောင်းသိကောင်းစရာ

🔷 Demand Forecasting Techniques (ဝယ်လိုအားကြိုတင်ခန့်မှန်းမှု) ဆိုသည်မှာ  ဈေးကွက်ချိတ်ဆက်မှု ကွင်းဆက်နှင့် လုပ်ငန်းစီမံမှုမျာ းပေါင်းစပ်ကာ အထိရောက်ဆုံး ဝယ်ယူဖြည့်တင်းရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ သုံးစွဲသူများ၏ ဝယ်လိုအားကို သိရှိနားလည်ပြီး ကြိုတင်ခန့်မှန်းနိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

သုံးစွဲသူများ၏ဝယ်လိုအားကို သိရှိသဘောပေါက်ပြီး ကြိုတင်ခန့်မှန်းနိုင်မှုသည် ကုန်ချောနှင့်ကုန်ကြမ်းများ ပြတ်တောက်မှုကို ရှောင်လွဲနိုင်ကာ၊ လုံလောက်သောကုန်ချောနှင့် ကုန်ကြမ်းများ လက်ဝယ် ထိန်းသိမ်းထားရှိနိုင်စေမည့် အဓိကအရေးပါသောအချက်ဖြစ်သည်။

🔷 ဝယ်လိုအားကြိုတင်ခန့်မှန်းရာတွင် ယခင်အချက်အလက်များအပေါ် အခြေခံကာ အနာဂတ်အလားအလာကို ကြိုတင်ခန့်မှန်းသည့် #အရေအတွက်အခြေပြုကြိုတင်ခန့်မှန်းမှုနည်းလမ်းနှင့် သုံးစွဲသူနှင့် ကျွမ်းကျင်ပညာရှင်များ၏ သဘောထားနှင့်ဝေဖန်အကဲဖြတ်မှုများအပေါ် အခြေခံကာ အနာဂတ်
အလားအလာကို ကြိုတင်ခန့်မှန်းသည့် #အရည်အသွေးအခြေပြုကြိုတင်ခန့်မှန်းမှု နည်းလမ်းများကို အသုံးပြုလေ့ရှိသည်။

အချက်အလက်များစုဆောင်းခြင်း၊ ယခင်နှင့်ယခု ရောင်းချရမှုမှတ်တမ်း၊ ဈေးကွက်စစ်တမ်းစသည့် #အရေအတွက်အခြေပြုနည်းလမ်းများကို ကာလတိုနှင့် အလယ်အလတ်ကာလ ဆုံးဖြတ်ချက်များအတွက် အသုံးပြုပြီး၊ ပစ္စည်းအမျိုးအမည်အသစ်နှင့် ဈေးကွက်အသစ်ကဲ့သို့သော ယခင်အချက်အလက်များ မရရှိနိုင်သည့် အခြေအနေမျိုးတွင် #အရည်အသွေးအခြေပြုနည်းလမ်းများကို ကာလရှည်နှင့် အလယ်အလတ်ကာလ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အသုံးပြုလေ့ရှိကြသည်။

#SuperLight #Logistics #Educating#Demand_Forecasting_Techniques

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN