fbpx

Supplier Selection (ပစ္စည်းပေးသွင်းသူရွေးချယ်မှု)

အဖွဲ့အစည်း (သို့မဟုတ်) ကုမ္ပဏီ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သောကုန်ကြမ်းနှင့် အစိတ်အပိုင်းများ အချိန်နှင့်တစ်ပြေးညီ ရရှိရေးအတွက် အကောင်းဆုံးနှင့်အသင့်လျော်ဆုံး ပစ္စည်းပေးသွင်းမည့်သူ (Supplier) ကို ရွေးချယ်နိုင်ဖို့ အဓိကလိုအပ်လှပါသည်။ ပစ္စည်းပေးသွင်းသူရွေးချယ်ရာတွင် ပစ္စည်းဈေးနှုန်းတစ်မျိုးတည်း ဦးစားပေးရွေးချယ်ခြင်းမပြုပဲ ပစ္စည်းပေးသွင်းမည့်သူ၏ –
✅ နောက်ခံသမိုင်းကြောင်း၊
✅ ပစ္စည်းအရည်အသွေး၊
✅ သတ်မှတ်ကာလအတွင်းပေးသွင်းနိုင်သည့်ပမာဏ၊
✅ အာမခံချက်၊
✅ နစ်နာကြေး၊
✅ အသုံးပြုစက်ကိရိယာနှင့်
✅ ထုတ်လုပ်နိုင်မှုစွမ်းအား စသည်တို့အပေါ်တွင်လည်း အခြေခံကာရွေးချယ်သင့်ပါသည်။
ထိုသို့ရွေးချယ်ရာတွင် လူတွေ့မေးမြန်းခြင်း၊ ပစ္စည်းအရည်အသွေးစစ်ဆေးခြင်း၊ လိုအပ်ပါက ထုတ်လုပ်ရာအလုပ်ရုံ၊ စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း လိုအပ်ချက်အရ ဆောင်ရွက်ကြဖို့ အကြံပြုလိုပါသည်။
#SuperLight #Logistics #Educating#Supplier_Selection

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN