fbpx

ကုန်ပစ္စည်းများသယ်ယူပို့ဆောင်သည့်အခါ တွေ့ကြုံရတတ်သည့် အန္တရာယ်တွေက ဘာတွေဖြစ်မလဲ?

✅ နိုင်ငံတကာကုန်သွယ်မှုတွင် ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ထုတ်ကုန်ပစ္စည်းများကို နေရာမှန်သို့ အချိန်မှန် စဉ်ဆက်မပြတ် ထိထိရောက်ရောက်ပေးပို့နိုင်ရန် လိုအပ်သည့်အပြင် သုံးစွဲသူများထံ အရည်အသွေးမှန်ပစ္စည်းများကို သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ရမည်ဖြစ်သည်။

✅ မည်သည့်ကုန်ပစ္စည်းကိုဖြစ်စေ၊ မည်သည့်ပို့ဆောင်ရေးနည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ဒေသတွင်းသာမက ပင်လယ်ရပ်ခြားသို့ပို့ဆောင်သည်ဖြစ်စေ ဖြစ်ပေါ်နိုင်သည့်အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်မည့်အစီအစဉ်များကို လျော်ကန်တည့်မတ်စွာ ချမှတ်ဆောင်ရွက်ရမည်ဖြစ်သည်။

✅ ကုန်ပစ္စည်းများကိုပို့ဆောင်သည့်အခါ အထူးသဖြင့်ခေတ္တခရီးစဉ်တစ်ထောက်ရပ်နားချိန် (သို့မဟုတ်) ပို့ဆောင်ရေးနည်းလမ်းတစ်ခုမှ အခြားနည်းလမ်းတစ်ခုသို့ လွဲပြောင်းသယ်ယူသည့်ချိန်တွင် ကုန်ပစ္စည်းများပျက်စီး၊ ပျောက်ဆုံး အန္တရာယ်ဖြစ်ပေါ်မှုများကို အများဆုံးကြုံတွေ့ရလေ့ရှိသည်။

✅ ပို့ကုန်ပစ္စည်းအရွယ်အစားကြီးမားသည်နှင့်အမျှ (သို့မဟုတ်) တန်ဖိုးပိုမိုများပြားသည်နှင့်အမျှ အန္တရာယ်ဖြစ်ပေါ်နိုင်မှု ပိုမိုကြီးမားလေဖြစ်သည်။သို့ဖြစ်ရာ ပထမအဆင့်အနေဖြင့် မည်သို့သောအန္တရာယ်အမျိုးအစားများ ကြုံတွေ့နိုင်သည်ကို နားလည်သိရှိပြီး နောက်တစ်ဆင့်အနေဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်စဉ် ကြိုတင်ကာကွယ်မှုပြုနိုင်ရန် မဟာဗျူဟာမြောက် အစီအစဉ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်သည်။

ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ကြုံတွေ့ရနိုင်သည့်အန္တရာယ်များမှာ –

⛔️ ကုန်ပစ္စည်းများပျက်စီး၊ ပျောက်ဆုံးမှု (ခိုးယူခံရမှုနှင့် မီးလောင်၊ ပေါက်ကွဲ၊ ဓာတုဓာတ်ပြောင်းလဲမှုအပါအဝင် အခြားမတော်တဆဖြစ်ရပ်များကြောင့် ပျက်စီး၊ ပျောက်ဆုံးမှုများ)

⛔️ မမျှော်လင့်သည့် ထပ်ဆောင်းကုန်ကျစရိတ်များ (ဥပမာ – သိုလှောင်ထိန်းသိမ်းခ)

⛔️ နှောင့်နှေးကြန့်ကြာမှုနှင့် အခြားဟန့်တားပိတ်ပင်ခံရမှုများ

⛔️ လူပုဂ္ဂိုလ်များထိခိုက်ဒဏ်ရာရမှု (သို့မဟုတ်) အသက်ဆုံးရှုံးရမှုများ

⛔️ အာမခံပရီမီယံကြေးတိုးမြှင့်လာမှုများ

⛔️ သုံးစွဲသူများအတွက် ကုန်ပစ္စည်းဈေးနှုန်းတိုးမြှင့်လာမှုများ
စသည့်အန္တရာယ်များကို ကြုံတွေ့ရတတ်သည်ကို သတိပြုကြရမည်ဖြစ်သည်။

အဆိုပါကြုံတွေ့ရတတ်သည့် အန္တရာယ်များ အနည်းဆုံးဖြစ်စေရန် (သို့မဟုတ်) လျော့ပါးသက်သာစေရန် ကြိုတင်ချမှတ်ဆောင်ရွက်သင့်သည့် နည်းလမ်း (တနည်းအားဖြင့်) အန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံမှု မဟာဗျူဟာများကို နောက်တစ်ခေါက် ဆောင်းပါးမှာ ရေးသားဖော်ပြပေးသွားပါမယ်။

#SuperLight #Logistics #Knowledge #Distribution

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN