fbpx

သိုလှောင်ရုံများတွင် အများအားဖြင့်တွေ့ရှိရသော အမှား ၈ ခု (8 common warehouse mistakes)

သိုလှောင်ရုံစီမံခန့်ခွဲမှုကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက်  အများအားဖြင့် တွေ့ကြုံရလေ့ရှိသည့် အမှား (၈) ခု ကို Super Light Logistics မှ မျှဝေပေးလိုက်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အမှား (၈) ခု ထဲက တစ်ခုခုကို တွေ့ကြုံနေရပြီဆိုရင်တော့ အဲဒီအချက်ကို အရင်ဆုံး ဦးစားပေးဖြေရှင်းသင့်ပါတယ်။

(၁) ပိုလျံပစ္စည်းများ သိုလှောင်ထားရှိမှု
(Holding excess inventory)
သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းအမြောက်အများ သိုလှောင်ထိန်းသိမ်းထားမှုဟာ အဖြစ်အများဆုံး သိုလှောင်ရုံအမှားများအနက် တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ကုန်ပစ္စည်းအမယ်တစ်မျိုးထဲကို လျော့ဈေး Discount ရယူလိုတဲ့အတွက် လိုအပ်တာထက် အမြောက်အများ ပိုမိုဝယ်ယူမိခြင်းမျိုးဖြစ်ပါတယ်။

(၂) ပစ္စည်းအထုတ်အသွင်းလမ်းကြောင်း အဆင်ပြေဆုံးဖြစ်အောင် မဆောင်ရွက်နိုင်မှု
(Failing to optimize picking paths)
ပစ္စည်းအထုတ်အသွင်းလမ်းကြောင်းများကို လွယ်ကူလျင်မြန်ထိရောက်အောင် စီစဉ်ပေးခြင်းဖြင့် အချိန်နဲ့လုပ်အားခကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။

(၃) စာရွတ်စာတမ်းလုပ်ငန်းများကို ဆုပ်ကိုင်ထားရှိမှု
(Clinging on to paper processes)
ခေတ်မီနည်းပညာများအသုံးမပြုပဲ မြန်ဆန်သွက်လက်မှုမရှိတဲ့ စာရွတ်စာတမ်းအခြေပြု လုပ်ငန်းလည်ပတ်မှုကို လက်မလွှတ်နိုင်ပဲ ဆက်လက်ဆုပ်ကိုင်ထားတာဟာလဲ သိုလှောင်ရုံအမှားများထဲက အချက်တစ်ချက်ဖြစ်ပါတယ်။

(၄) သန့်ရှင်းသပ်ရပ်မှုကို အလေးမထားခြင်း
(Lack of attention to housekeeping)
သိုလှောင်ရုံအတွင်း အလုပ်ခွင်နှင့် ပစ္စည်းတင်စင်များအကြား လူနှင့်ကုန်ပစ္စည်းများ သွားလာပို့ဆောင်မှုကို ရှုပ်ပွနေသောပစ္စည်း၊ အမှိုက်သရိုက်များက အဟန့်အတားဖြစ်စေပြီး လုပ်ငန်းလျင်မြန်ချောမွေ့မှုကို အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် စုပုံနေတဲ့ ဖြတ်စ၊ ညှပ်စ အမှိုက်သရိုက်များကို ဖယ်ရှားနိုင်ရေးအတွက် အလုပ်ဆိုင်းတစ်ဆိုင်းမသိမ်းခင် သန့်ရှင်းသပ်ရပ်ရေးကို ဆောင်ရွက်ဖို့ အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပေးရပါမယ်။

(၅) ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုချွတ်ယွင်းခြင်း
(Inadequate health and safety management)
သိုလှောင်ရုံအတွင်း ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလွယ်တကူသိသာမြင်သာတဲ့ ဘေးအန္တရာယ်များကိုသာမက အမှတ်မထင်ဖြစ်ပေါ်တတ်တဲ့ ဘေးအန္တရာယ်ဖြစ်စေနိုင်မဲ့ အလားအလာများကိုပါ ကြိုတင်မှန်းဆသတိပြု ဆောင်ရွက်ရပါမယ်။

(၆) ဆောင်ရွက်ဆဲကုန်ပစ္စည်းများကို လျစ်လျူပြုခြင်း
(Neglecting goods-in processes)
သိုလှောင်ရုံများတွင် ပစ္စည်းပေးပို့ရန်အမှာစာများကို အချိန်မှီပေးပို့နိုင်ရေးအတွက် အလုပ်များနေချိန်တွင် တစ်ခါတစ်ရံဆောင်ရွက်ဆဲလုပ်ငန်းများကို အလေးထားရန်မေ့လျော့နေလေ့ရှိသည်။

(၇) ဝန်ထမ်းများ၏ တိုးတက်လမ်းကို ဂရုမပြုခြင်း
(Ignoring staff development)
ဝန်ထမ်းတစ်ဦးချင်းစီရဲ့ တက်လမ်းအတွက် လိုအပ်ချက်တွေ၊ အခွင့်အရေးတွေကို ကြာရှည်လျစ်လျူရှူမထားပဲ လိုအပ်တဲ့လေ့ကျင့်သင်တန်းပေးဖို့နဲ့ လစ်လပ်နေရာများမှာ ရာထူးတိုးတာဝန်ပေးသွားဖို့ လိုမှာဖြစ်ပါတယ်။

(၈) လုပ်ငန်းဆောင်ရွက်မှုကို အကဲဖြတ်ရန် ပျက်ကွက်ခြင်း
(Failing to measure the right thing)
အဖွဲ့အစည်းအများအပြားသည် ၎င်းတို့၏ သိုလှောင်ရုံလုပ်ငန်းဆောင်ရွက်မှုများကို မှန်ကန်စွာအကဲဖြတ်တိုင်းတာနိုင်ခြင်း မရှိကြပေ။ သိုလှောင်ရုံမန်နေဂျာတစ်ဦးအနေဖြင့် သိုလှောင်ရုံအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို မှန်ကန်စွာအကဲဖြတ်တိုင်းတာနိုင်မည်ဆိုပါက လုပ်ငန်းအောင်မြင်တိုးတက်မှုကို မလွဲမသွေရရှိနိုင်မှာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ သိုလှောင်ရုံများအတွင်း အများဆုံးတွေ့ကြုံရလေ့ရှိတဲ့ အမှားတွေကို ကျော်လွှားနိုင်ခြင်းဖြင့် အချိန်တိုအတွင်း သိုလှောင်ရုံလုပ်ငန်းများ ပိုမိုတိုးတက်ပြောင်းလဲမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

#SuperLight #Logistics #Education #8_common_warehouse_mistakes

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN