fbpx

ဝယ်လိုအား ပိုင်ဆိုင်ပစ္စည်း စီမံခန့်ခွဲမှု ကွာခြားခြင်းများ

ဝယ်လိုအားစီမံခန့်ခွဲမှု (Demand Management) ဆိုတာဟာ ………..

🔸 ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် သုံးစွဲသူများ၏ ဝယ်လိုအားနှင့် လုပ်ငန်းတွင်း ကုန်ကြမ်း ပစ္စည်းများ ဝယ်ယူမှုများကို ပေါင်းစပ်ညှိနှိုင်းကာ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ကြိုတင်ခန့်မှန်း စီစဉ်ခြင်းပင်ဖြစ်သည်။

🔸 ဝယ်လိုအားစီမံမှုတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ဝယ်လိုအားအခြေနေများကို မျက်ခြေမပြတ် လေ့လာဆန်းစစ်ကာ လိုအပ်ချက်ပေါ်မူတည်၍ ကြိုတင်ခန့်မှန်းမှုနှင့် အစီအစဉ်များအား စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ခြင်းသည် အဓိက အရေးကြီးသည့် အချက်တစ်ခုဖြစ်ပါသည်။

ပိုင်ဆိုင်ပစ္စည်းများ စီမံခန့်ခွဲမှု (Inventory Management)) ဆိုတာကတော့ …….

🔸 ရောင်းရန်အသင့်ထုတ်ကုန်များ
🔸 ကုန်ချောထုတ်ရန်လိုအပ်မည့် ကုန်ကြမ်းနှင့်အစိတ်အပိုင်းများကို လိုအပ်မည့်
ပမာဏ (အရေအတွက်) အတိုင်း လက်ဝယ်စုစည်းထားရှိခြင်း၊
🔸 ကုန်ကြမ်းနှင့်အစိတ်အပိုင်းများအတွက် ဈေးနှုန်းမှန်ပေးချေခြင်း၊
🔸 မည်သည့် ကုန်ကြမ်းနှင့်အစိတ်အပိုင်းများကို မည်သည့်အချိန်တွင် ပြန်လည်ဖြ
ည့်တင်းရမည်ကိုသိရှိပြီး စီမံထားရှိခြင်း၊
🔸 လိုအပ်မည့်ထုတ်ကုန် (သို့မဟုတ်) ကုန်ကြမ်းကို လိုအပ်သည့်အချိန်တွင် လိုအပ်သည့်နေရာသို့ ရောက်ရှိရန်စီစဉ်ခြင်းစသည့် လုပ်ငန်းရပ်များကို တာဝန်ခံဆောင်ရွက်ခြင်းဖြစ်သည်။

တနည်းအားဖြင့် ပိုင်ဆိုင်ပစ္စည်းများ စီမံခန့်ခွဲမှုသည် အဖွဲ့အစည်း (သို့မဟုတ်) ကုမ္ပဏီ၏ အဓိကပင်မလုပ်ငန်းရပ်များ (ကုန်စည်ထုတ်လုပ်ခြင်း၊ ကုန်စည်ဖြန့်ဖြူးခြင်း) စသည်တို့ကို ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နိုင်စေရေးအတွက် လုပ်ငန်းလိုအပ်ချက်နှင့်အညီ လိုအပ်မည့်ထုတ်ကုန် (သို့မဟုတ်) ကုန်ကြမ်းနှင့်အစိတ်အပိုင်းများကို လိုအပ်သည့်အရေအတွက်အတိုင်း လိုအပ်သည့်အချိန်တွင် လိုအပ်သည့်နေရာသို့ ဈေးနှုန်းမှန်ဖြင့် ရောက်ရှိရန် စီမံခန့်ခွဲခြင်းပင်ဖြစ်ပါသည်။

#Super_Light #Logistics #Knowledge #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN