fbpx

အကောင်းဆုံး Warehouse Management ဆော့ဖ်ဝဲလ် (၅၂) ခု

သိုလှောင်ရုံမန်နေဂျာတစ်ဦး၏ လုပ်ငန်းတာဝန်ကို အလွန်များပြားသည်ဟု ဆိုရုံမျှဖြင့်ပင် ပြည့်စုံလုံလောက်မည် မဟုတ်ပါ။ သိုလှောင်ရုံမန်နေဂျာတစ်ဦးသည် မိမိတို့ သိုလှောင်ရုံအတွင်းရှိ ကုန်ပစ္စည်းများ အခြေအနေနှင့် သင်္ဘောတင်ပို့မှုများကို မျက်ခြေမပြတ် သိရှိကာ လိုအပ်သလို ထိန်းသိမ်းစီစဉ်ညွှန်ကြားနိုင်ရမည့်အပြင် လုပ်ငန်းဆောင်ရွက်ချက် အားလုံးကိုလည်း ထိရောက်နိုင်သမျှ ထိရောက်အောင် စွမ်းဆောင်ပေးနိုင်ရမည်ဖြစ်သည်။
အကယ်၍ သိုလှောင်ရုံမန်နေဂျာ တစ်ဦးအနေဖြင့် သိုလှောင်ရုံတစ်ရုံတည်းမဟုတ်ပဲ သိုလှောင်ရုံအများအပြားကို တာဝန်ခံ ဆောင်ရွက်ရသည် ဆိုပါက ၎င်း၏ လုပ်ငန်းပမာဏနှင့် အလုပ်တာဝန် ဖိစီးမှုမှာ ၁၀ဆမက တိုးပွားလာမည် ဖြစ်သည်။
သို့ဖြစ်၍လည်း သိုလှောင်ရုံမန်နေဂျာများအတွက် သိုလှောင်ရုံ စီမံခန့်ခွဲမှုဆော့ဖ်ဝဲလ်များ (တစ်နည်းအားဖြင့် သိုလှောင်ရုံ စီမံခန့်ခွဲရေးဆိုင်ရာ ကွန်ပြူတာ ပရိုဂရမ်များ)သည် မရှိမဖြစ် အရေးပါသည့် လက်နက် ကိရိယာများအဖြစ် တည်ရှိနေခြင်းဖြစ်သည်။
ယခုအခါ သိုလှောင်ရုံ မန်နေဂျာများအား ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ပိုမို နိုင်နင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုပေးနိုင်သည့် သိုလှောင်ရုံ စီမံခန့်ခွဲမှုဆော့ဖ်ဝဲလ်များ အများအပြား ရှိနေပြီဖြစ်သည်။
အဆိုပါ ဆော့ဖ်ဝဲလ်များသည် ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှု ၊ သင်္ဘောတင်ပို့မှု ၊ သယ်ယူပို့ဆောင်မှု ၊ ကုန်စည်နှင့် သဘောၤတင်ပို့မှုများကို မျက်ခြေမပြတ် ခြေရာကောက်မှု စသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပိုမို တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စွမ်းရှိကြသည်။
ထို့အပြင် ၎င်းဆော့ဖ်ဝဲလ်များသည် လုပ်ငန်းရပ်များကို အလိုအလျောက် ထိန်းသိမ်းဆောင်ရွက်နိုင်သည့်အပြင် လုပ်ငန်းတွင်ကျယ် ထိရောက်ရေးကို ပိုမိုမြှင့်တင်ပေးနိုင်ကြသည်။
သိုလှောင်ရုံ စီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ်များကကို အသုံးပြု ဆောင်ရွက်ခြင်းဖြင့် ကုန်ပစ္စည်းနှင့် ကိရိယာများ လေလွင့် ဆုံးရှုံးမှု ကို လျှော့ချပေးနိုင်ကာ အသုံးစရိတ်များ လျော့နည်းသက်သာမှုနှင့်အတူ အမြတ်အစွန်းများ တိုးပွားလာစေမည့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေလျက်ရှိသည်။
အချို့သော သိုလှောင်ရုံ စီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ်များသည် သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းရပ်များကိုသာမက သယ်ယူပို့ဆောင်ရေး ၊ ကုန်စည်ဖြန့်ချီမှု ၊ကုန်ပစ္စည်းအမှာစာနှင့် ငွေတောင်းခံလွှာပေးပို့မှု စသည့် ကုန်စည်စီးဆင်းမှုနှင့် Supply Chain Management ဆိုင်ရာ လုပ်ငန်းရပ်များကို ပိုမိုတွင်ကျယ် ထိရောက်စေရေးအတွက် အထောက်အကူပြုပေးလျက်ရှိသည်။
လက်ရှိ အသုံးပြုနေကြသော သိုလှောင်ရုံ စီမံခန့်ခွဲမှုဆော့ဖ်ဝဲလ်များအနက် အကောင်းဆုံး ဆော့ဖ်ဝဲလ် ၅၂ ခုကို ဦးစားပေး အစဉ်အရမဟုတ်ပဲ အလျဉ်းသင့်သလိုပင် ဖော်ပြပေးလိုက်ပါသည်။

1. 4SIGHT Warehouse Management Software
2. mobe3 WMS
3. Robocom WMS
4. TECSYS WMS
5. IntelliTrack WMS RF Professional
6. Manhattan Associates Warehouse Management System
7. Wireless Warehouse In a Box
8. LogFire in the Warehouse
9. 3PL Warehouse Manager
10. Fishbowl Warehouse
11. HighJump Warehouse Management Systems
12. Foxfire Warehouse Management Software
13. Epicor WMS
14. JDA Software WMS
15. S2K Warehouse Management
16. NetSuite ERP Warehouse and Fulfillment
17. Latitude Warehouse Management System
18. Slingshot Inventory and Warehouse Management
19. TradeGecko Warehouse Management Software
20. Minerva Associates Warehouse Management & Inventory Control Solutions
21. Datex 3PL WMS
22. SAP Extended Warehouse Management System
23. Reflex WMS
24. Oracle Warehouse Management
25. IBM Sterling Warehouse Management System
26. Zebra Warehouse Management Solutions
27. Sage Geode
28. Dematic iQ
29. Easy WMS
30. ASCTrac WMS
31. Swisslog WM 6
32. ASSIST4 Warehouse Management
33. GOLD Warehouse Management
34. ExactaWMS
35. Cin7
36. Finale Inventory
37. CoreWarehouse
38. IQMS Warehouse Management System
39. Infor SCM
40. SKULabs
41. DistributionPlus Warehouse Management
42. Blue Link Warehouse Management
43. VeraCore
44. PowerHouseWMS
45. Beckard Masterworks WMS
46. Windward Inventory Control
47. 3PLink WMS
48. LA Software 3PL Warehouse Management Software
49. Microlistics WMS
50. Astro WMS
51. irms|360 Enterprise
52. AccellosOne WMS

 

 

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN