fbpx

သန့်ရှင်းသပ်ရပ်ပြီး ဘေးအန္တာရယ်ကင်းရှင်းသည့် သိုလှောင်ရုံဖြစ်အောင်ပြုလုပ်ခြင်း

1. သန့်ရှင်းရေးအချိန်ဇယား ထားရှိပါ။

——————————————–
သိုလှောင်ရုံဧရိယာဆိုသည်မှာ ကျယ်ဝန်းပြီး အဖွင့်ဖြစ်သည့်အတွက် အလွယ်တကူ ညစ်ပတ်ရန်မှာ လွယ်ကူလွန်းလှသည်။ မိမိ၏ သန့်ရှင်းရေးဝန်ထမ်းများအား သိုလှောင်ရုံတစ်ခုလုံး သန့်ရှင်းသပ်ရပ်နေရေးအတွက် လုံလောက်သော အစီအမံများရှိသည့် သန့်ရှင်းရေး ပြုလုပ်ရမည့်အချိန်ဇယားတစ်ခုကို သေချာချမှတ်ပေးထားရန် လိုအပ်ပါသည်။ မိမိသိုလှောင်ရုံ၏ သန့်ရှင်းရေးစံသတ်မှတ်ချက်သည် မိမိ ကုမဏ္ဏီ၏ ပုံရိပ်ကို ထင်ဟပ်စေနိုင်သကဲ့သို့ သိုလှောင်ရုံအတွင်းထားရှိသည့် ကုန်စည်တစ်ခုချင်းစီ၏ သန့်ရှင်းမှုနှင့် သိုလှောင်ရုံ၏ သပ်ရပ်သန့်ရှင်းမှုကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ ဝန်ထမ်းများအတွက် အလုပ်လုပ်ရသော လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်နေခြင်းကလည်း ဝန်ထမ်းများအတွက် သိုလှောင်ရုံအတွင်း မတော်တစ်ဆဖြစ်နိုင်ခြေများကို လျော့ချပေးနိုင်သလို သက်တောင့်သက်သာဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ပါသည်။

အချိန်ဇယားချမှတ်ထားရုံမက ထိုအချိန်ဇယားအတိုင်းလုပ်ဆောင်မှုရှိမရှိကိုပါ စစ်ဆေးသည့် နေ့အလိုက် စစ်ဆေးပြီးကြောင်းမှတ်တမ်းများ checklist များကိုပါပြုလုပ်ပြီး သိုလှောင်ရုံအတွက် သင့်တော်မှန်ကန်သည့် သန့်ရှင်းရေးပစ္စည်းများအာ ထောက်ပံ့ပေးသင့်ပါသည်။

2. အမှိုက်ပုံးထဲက အမှိုက်တွေကိုအမြဲပစ်ပေးပါ။

—————————————————
အမှိုက်ပုံးတွေဟာ အမှိုက်တွေနဲ့ ပြည့်နှက်မနေသင့်ပါဘူး။ တကယ်လို့ အမှိုက်တွေအမြဲပြည့်နေတဲ့ အမှိုက်ပုံးတွေကို သင့်လုပ်ငန်းခွင်ထဲမှာ ဒီအတိုင်းပဲထားထားမယ်ဆိုရင် သင့်ဝန်ထမ်းတွေနဲ့ လုပ်ငန်းခွင်ကို လာရောက်တတ်တဲ့ဧည့်သည့်တွေဟာသတ်မှတ်ပေးထားတဲ့အမှိုက်ပုံးတွေထဲကို အမှိုက်ပစ်ဖို့ထက် မမြင်ကွယ်ရာ သို့မဟုတ် အခြားနေရာတစ်ခုခုမှာ ပစ်ချထားခဲ့ကြပါလိမ့်မယ်။ ဒီလို စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းကနေ သင့်လုပ်ငန်းခွင်နဲ့သင့်ဝန်ထမ်းတွေအတွက် ထင်မှတ်မထားမိတဲ့ အန္တာရယ်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

3. ရှင်းနိုင်သမျှရှင်းပါ

———————-
သန့်ရှင်းရေးအချိန်ဇယားအတိုင်း သင်၏ လုပ်ငန်းခွင်အား မည်သို့ပင် သန့်ရှင်းနေစေရန် ဆောင်ရွက်စီမံထားပါစေ စက်ကိရိယာများနှင့် ယာဉ်များသွားလာနေသမျှ အချိန်တိုင်းသည် သင့်လုပ်ငန်းခွင်အား အနည်းနှင့်အများတော့ ရှုပ်ပွစေပါလိမ့်မည်။ စက်ကိရိယာများအသုံးပြုပြီးတိုင်း ၎င်းမှ ထွက်သည့် ဖြတ်စများ အတိုအစများအား ရှင်းလင်းခြင်း ၊ ယာဉ်များသွားလာခြင်းမှ ဖြစ်ပေါ်လာသည့် အမှိုက်သရိုက်များနှင့် ဆီပေကျန်မှုများကို သန့်ရှင်းရေး အချိန်ဇယားအတွင်းမှသာ ဆောင်ရွက်သည်ထက် ဖြစ်ပေါ်လာတိုင်း ရှင်းလင်းခြင်း သန့်စင်ခြင်းများ ကို ဆောင်ရွက်ခြင်းက သင့်လုပ်ငန်းခွင်အား သပ်ရပ်သန့်ရှင်း စေသည့်အပြင် ဘေးအန္တာရယ်ကင်းရှင်း ပြီး စိတ်ချလုံခြုံရသည့် လုပ်ငန်းခွင်အဖြစ်ပါ ဖန်တီးနိုင်ပါလိမ့်မည်။

4. ကုန်စည်များအား မကြာခဏ ရွေ့ပေးပါ

———————————————-
သိုလှောင်ရုံတစ်ရုံ၏ ငွေယိုပေါက်နှင့် ထားသိုရာနေရာများ အလေအလွင့် ဖြစ်နေရခြင်း ၏ အကြောင်းများမှ တစ်ခုဖြစ်သည့်ရက်လွန်နေသည့် သို့မဟုတ် ကာလရှည်ကြာစွာ ထိမ်းသန်းထားရသည့် ကုန်စည်များအတွက် နေရာပေးထားရခြင်းသည် သိုလှောင်ရုံအတွင်း ရှုပ်ပွနေစေပြီး ဖုန်နှင့် အညစ်အကြေးများအား စုဝေးပေးထားသကဲ့သို့ ဖြစ်စေသည်။ ကုန်ပစ္စည်းများနှင့် စာရင်းများအား အတိအကျဖြစ်စေရန် နှင့် အချိန်နှင့် တစ်ပြေးညီ စာရင်းတိကျမှုရှိနေစေရန် အမြဲစစ်ဆေးထားသင့်ပြီး မကြာခဏ စစ်ဆေးပေးနေခြင်းဖြင့် ကုန်ပစ္စည်းများ အား မကြာခဏရွှေ့ပေးဖြစ်နေပြီး ဖုန်မှုန်နှင့် အညစ်အကြေးများ အားလည်း သန့်ရှင်းပြီးသား ဖြစ်နေပါလိမ့်မည်။

5. ကြမ်းခင်းများအား ဧရိယာသတ်မှတ်ပေးပါ

————————————————-
သိမ်းဆည်း သိုလှောင်ရမည့် ကုန်ပစ္စည်းများအား စနစ်တကျ အစီအရီ ထားရှိနိုင်စေရန်အတွက် ကြမ်းခင်းများအား ဧရိယာသတ်မှတ်ဆွဲသားခြင်းများကို ပြုလုပ်လေ့ရှိသည်။ ကုန်ပစ္စည်းများကို မည်သည့် အကန့် မည်သည့် နေရာတွင် သတ်မှတ်ထားရှိသည်ဟု ခွဲခြားသတ်မှတ်ပေးထားခြင်းဖြင့် ကုန်ပစ္စည်းများ အထုတ် အသွင်း ဆောင်ရွက်ခြင်းများတွင် လွယ်ကူ လျင်မြန်စေပါသည်။ ယခုကဲ့သို့ ပြုလုပ်ခြင်း သည် လုပ်ငန်းခွင်နေရာများအား စနစ်ကျသပ်ရပ်စေပြီး သန့်ရှင်းရေးပြုလုပ်သည့် အခါများတွင်လည်း များစွာလွယ်ကူစေပါသည်။

6. အတားအဆီးများ အရံအတားများ ထားပါ

—————————————————
လုပ်ငန်းခွင်အတွင်း ဘေးကင်းစိတ်ချရစေရေးအတွက် အသုံးပြုနိုင်သည့် အဆီးအတား အကာအရံများကို ပုံစံအမျိုးမျိုးနဲ့တွေ့မြင်နိုင်ပါသည်။ တားမြစ်သတ်မှတ်ထားတဲ့နေရာမျိုးတွေမှာ သင့်ဝန်ထမ်းတွေ သတိလတ်လွတ် ဝင်ရောက်လုပ်ဆောင်မိခြင်းမှ မတော်တစ်ဆမှုများကို ကာကွယ်ပေးရန်အတွက် အသုံးပြုသင့်ပါတယ်။ ဥပမာအားဖြင့် ဝန်ချီစက်မောင်နှင်သည့်ဧရိယာအတွင်း မလာနိုင်အောင် သတ်မှတ်ကာရံပေးခြင်း၊ ကုန်တင်ကုန်ချပြုလုပ်သည့် ဒေါက်ဧရိယာ မှ ပြုတ်မကျအောင် အတားအဆီးပြုလုပ်ပေးထားခြင်းမျိုး ဖြစ်ပါသည်။ ယခုကဲ့သို့ပြုလုပ်ပေးခြင်းများသည် သိုလှောင်ရုံ သန့်ရှင်းသပ်ရပ်စေရုံ သာမက ဘေးကင်းလုံခြုံစေရန်ကိုပါ စိတ်ချသေချာစေပါသည်။

7. အရောင်းသွက်ပစ္စည်းများအား ကုန်တင်ကုန်ချ ဧရိယာအနီးတွင်ထားပါ

——————————————————————————-

မကြာခဏ ပို့ပေးရသော၊ ပုံမှန်ထက်ပိုမို အထုတ်အသွင်းပြုလုပ်ပေးရသော ကုန်စည်များကို ကုန်တင်ကုန်ချ ဧရိယာနှင့် အနီးဆုံး နေရာတွင် ထားရှိသင့်သည်။ ထိုသို့ ထားရှိခြင်းသည် သိုလှောင်ရုံအတွင်း သယ်ယူခြင်းကို လွယ်ကူစေပြီး အချိန်ကုန် သက်သာစေနိုင်သည်။ ကုန်စည်ရွေ့ပြောင်းသည့် နေရာတွင် သယ်ယူရသည့် အကွာအဝေး နည်းလေ ထိခိုက် ပျက်စီးမှု နည်းလေဖြစ်သည့်အတွက် ကုန်စည် ထိခိုက်ပျက်စီးမှုမှလည်း ကာကွယ် နိုင်သည့်အပြင် သင့် သိုလှောင်ရုံ၏ သပ်ရပ်သန့်ရှင်းမှုကိုလည်း များစွာကောင်းမွန်စေနိုင်ပါသည်။

8. သင့်တော်မှန်ကန်တဲ့ လုပ်ငန်းသုံးကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးပါ

——————————————————————————————
ရောင်ပြန်အင်္ကျီလား၊ ဓာတ်မီးပါတဲ့ လုံခြုံရေးဦးထုပ်လား ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်အသုံးပြုမည့် ကာကွယ်ရေးပစ္စည်း သည်ကိုယ့်လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ ပစ္စည်းဖြစ်ရပါမယ်။ ကာကွယ်ရေးပစ္စည်းသုံးရမယ်ဆိုတာနဲ့ ပထမဦးဆုံး ဦးစားပေး စဉ်းစားရမှာသည် မိမိ၏ ဝန်ထမ်းတွေအတွက် ဘေးကင်းစိတ်ချရစေဖို့ဖြစ်ပါတယ်။ မိမိက ထောက်ပံ့ပေးထားပေမယ့် တစ်ချို့သော ဝန်ထမ်းတွေသည် PPE တွေနဲ့ အကျွမ်းဝင်မှု မရှိတဲ့အတွက် နည်းမှန်လမ်းမှန် အသုံးပြုတတ်အောင်နဲ့ အမှန်တကယ်အသုံးပြုခြင်းရှိ မရှိကိုလည်း အချို့ဝန်ထမ်းတွေကို တာဝန်ကျခွဲဝေပေးပြီး ပုံမှန်စစ်ဆေးပေးဖို့လည်း လိုအပ်ပါသည်။

9. ဖိတ်ကျနေတဲ့ စက်သုံးဆီတွေကို ဂရုပြုပါ
————————————————-
ဆီလျှံခြင်း နဲ့ စက်အသုံးဆီတွေ ဖိတ်ကျပေကျံနေတတ်တာတွေဟာ သိုလှောင်ရုံတစ်ခုအတွင်း မတော်တစ်ဆမှု တစ်ခုဖြစ်နိုင်ဖို့အတွက် အခိုင်မာဆုံးသော အကြောင်းတရားတစ်ခုဖြစ်ပါတယ်။ မည်သို့သော ဆီဖိတ်ကျပေကျံခြင်း ကိုမဆို အရေးကြီးကဏ္ဏတစ်ခုအဖြစ် အလျင်အမြန် ဖြေရှင်းသင့်ပါတယ်။ ပစ္စည်းကိရိယာတစ်ခုကပဲဖြစ်ဖြစ်၊ ဆီသယ်ယူစဉ်ဖိတ်ကျံတာပဲဖြစ်ဖြစ် ဖိတ်ကျပေကျံတာနဲ့ ” ဆီလျှံထားသည်သတိထားပါ “ ဆိုသည့် အသိပေးဆိုင်းဘုတ်မျိုး ချထားသင့်ပြီး ချက်ခြင်းသန့်ရှင်းရေး ပြုလုပ်သင့်သည်။ အကယ်၍ မပြုလုပ်မိပါက မတော်တစ်ဆထိခိုက်ဒဏ်ရာရမှု ကိုမြင်တွေ့ရဖို့ သေချာသလောက်ရှိပါသည်။

10. လုပ်ငန်းခွင်အတွင်း အကောင်းမြင်စိတ်တွေများအောင် ထိန်းသိမ်းပါ

———————————————————————————
ဝန်ထမ်းတွေဆိုတာက ကိုယ့်တာဝန်ထမ်းဆောင်နေရတဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ခံစားချက်တွေ ရနေမယ်ဆိုရင် စိတ်ဓာတ်တက်ကြွမှုတွေ ပိုမိုကောင်းမွန်နေတတ်ကြပါတယ်။ ဒါဟာ သူတို့လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ပိုပြီး အားစိုက်လုပ်ဆောင်ပေးဖို့ အသင့်ဖြစ်နေတာမျိုးဖြစ်ပါတယ်။ အကောင်းမြင်စိတ်တွေများနေမယ်ဆိုရင်ပင်ပန်းနေရင်တောင်မှစွမ်းဆောင်ရည်အပြည့်အ၀ စိုက်ထုတ် လုပ်ဆောင်နေလို့နေမှန်း မသိဘဲနဲ့ကို လုပ်နေတတ်ကြတာမျိုးဖြစ်ပါတယ်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN