fbpx

2020 ပြည့်နှစ်အတွက် သိုလှောင်ရုံနည်းပညာဆိုင်ရာ ဦးတည်ချက်လားရာများ (Warehouse technology trends of 2020)

နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ ကျေးဇူးကြောင့် မျက်မှောက်ခေတ် သိုလှောင်ရုံလုပ်ငန်း ဆောင်ရွက်မှုများသည် လွန်ခဲ့သော နှစ် ၂၀ ၊ ၂၅ နှစ်က ဆောင်ရွက်ခဲ့သည်များနှင့် များစွာကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ၂၁ ရာစုမတိုင်မီက အချက်အလက်များ ဖြည့်သွင်းမှုသည် လက်ဖြင့် ရေးသွင်းရသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ခဲ့ပြီး သိုလှောင်ရုံဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ တစ်နေ့တာ အလုပ်ချိန် ထက်ဝက်ခန့်ကို စာရွက်စာတမ်းအလုပ်များနှင့် အချိန်ဖြုန်းခဲ့ရသည်။ သို့ရာတွင် နည်းပညာဆိုင်ရာ ခေတ်မီတိုးတက်လာမှုများသည် သိုလှောင်ရုံ ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်အပေါ် များစွာအထောက်အကူပြုခဲ့သည်။ သိုလှောင်ရုံ စီမံခန့်ခွဲမှုစနစ် (Warehouse management system) ၊ ဝှက်စာဖြင့် ကွန်ယက်တစ်ခုအတွင်း အချက်အလက်မျှဝေနိုင်သည့် Block Chain နည်းပညာ၊ နောက်ဆုံးပေါ်ခေတ်မီ စက်ရုပ်များစသည့် ခေတ်မီနည်းပညာ အထေက်အကူများဖြင့် သိုလှောင်ရုံများသည် အချိန်နှင့်အမျှ ပို၍ ပို၍ လုပ်ငန်းများ သွက်လက်တွင်ကျယ်လာကြသည်။
ဖွံ့ဖြိုးတိုးတက်နေသည့် သိုလှောင်ရုံဆိုင်ရာ နည်းပညာများသည် ကုမ္ပဏီများ ရင်ဆိုင်နေရသည့် အောက်ဖော်ပြပါ အခက်အခဲနှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

– သိုလှောင်ရုံကျွမ်းကျင်ဝန်ထမ်းများ ရှားပါးလာမှု
– ပစ္စည်းမှာကြားချိန်နှင့် ပစ္စည်းပေးပို့ချိန် ကြားကာလ တိုတောင်းလာမှု
– လူကြောင့် ပေါ်ပေါက်ရသည့် အမှားဖြစ်ပွားမှုနှုန်း
– အီလက်ထရွန်နစ် ကုန်သွယ်ရေးနှင့် ဘက်စုံနည်းလမ်းစုံ ပစ္စည်းပေးပို့မှု
– အရေအတွက် အနည်းငယ်သာမှာကြားသော အမှာစာများ ၊ (တစ်ခါတစ်ရံမှာယူသည့် တန်ဖိုးသည် ပစ္စည်းပေးပို့မှု စရိတ်စကနှင့် မကာမိသည့် အမှာစာမျိုး) အပေါ် ဖြည့်ဆည်းဆောင်ရွက်ရမှုများ

ထို့ပြင် သိုလှောင်ရုံဆိုင်ရာ ခေတ်မီနည်းပညာများသည် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။

– အလုပ်သမားစရိတ် လျော့ကျလာခြင်း
– ကုန်ထုတ်လုပ်မှုအချိန် ပိုမိုမြန်ဆန်လာခြင်း
– လုပ်ငန်းဆိုင်ရာ အမှားများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်လျော့နည်းလာခြင်း
– ကုန်ထုတ်စွမ်းအား နှင့် လုပ်ငန်းတွင်ကျယ်ထိရောက်မှုမြင့်တက်လာခြင်း
– ကုန်ပစ္စည်းစာရင်းများ ၊ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာခြင်း
ကုမ္ပဏီများအနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ကြရာတွင် ခေတ်မီနည်းပညာများက များစွာ ထောက်ကူပေးလျက်ရှိသည်မှာ အငြင်းပွားဖွယ်ရာမရှိပေ။

ယခု ၂၀၂၀ ပြည့်နှစ်အတွင်း သိုလှောင်ရုံနည်းပညာများ ခေတ်နှင့်အညီ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများကို ဆက်လက်လေ့လာသွားကြမည်ဖြစ်သည်။ လက်ရှိ နည်းပညာများအနက် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသော သိုလှောင်ရုံစီမံခန့်ခွဲမှုစနစ် (Warehouse management System – WMS) မှစတင်လေ့လာသွားမည်ဖြစ်သည်။

သိုလှောင်ရုံစီမံခန့်ခွဲမှုစနစ် (WMS – software) သည် သိုလှောင်ရုံ လုပ်ငန်းအများအပြားအား လူ့လူပ်အား အစား အစားထိုးဆောင်ကျဉ်းပေးနေသည့် software စနစ်တစ်ခုဖြစ်ပြီး သိုလှောင်ရုံလုပ်ငန်းစဉ်များ ပိုမို သွက်လက် တွင်ကျယ်စေမည့် နည်းလမ်းများကို ခွဲခြမ်းစိတ်ဖြာရွေးချယ်ပေးနိုင်သည်အထိ စွမ်းဆောင်ရည်ရှိ နည်းပညာတစ်ရပ်ဖြစ်သည်။
အဆိုပါ WMS software ကို ပိုမိုအဆင့်မြှင့်တင်ပေးမည့် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေကြလျက်ရှိရာ အောက်ဖော်ပြပါ နည်းပညာများ အပါအဝင် ဖြစ်သည်။

၁။ အသံနည်းပညာ (Voice Technology)
———————————————–
အဆိုပါ နည်းပညာမှာ အမှာစာများရွေးချယ်ခြင်း ၊ ကုန်ပစ္စည်းစာရင်းစီစစ် အကဲဖြတ်ခြင်းနှင့် ပို့ကုန်ပစ္စည်းများ လက်ခံခြင်း စသော လုပ်ငန်းများတွင် သိုလှောင်ရုံလုပ်သားများအား များစွာ အထောက်အကူပြုပေးနိုင်သည်။
WMS အသံနည်းပညာသည် နှုတ်ဖြင့် ညွှန်ကြားချက်များကို ဖတ်နိုင်စွမ်းနှင့် ကုန်ပစ္စည်းလွှဲပြောင်းပေးပို့မှု အတည်ပြုချက်များကို ဆက်လက်ပေးပို့နိုင်စွမ်းများ ရှိသည့်အပြင် အလွယ်တကူ နားလည်သိရှိနိုင်ပြီး အလုပ်သမားများ၏ သတင်းအချက်အလက်များအပေါ် အဓိပ္ပါယ်ကောက်လွဲမှားမှု ၊ နားလည်မှုလွဲမှားမှု ဖြစ်နိုင်ချေများကို လျှော့ချပေးသွားနိုင်မည် ဖြစ်သည်။

၂။ စက်မှ စက်သို့ နည်းပညာ (Machine to Machine technology)
————————————————-
စက်မှ စက်သို့ (တစ်နည်းအားဖြင့် စက်အချင်းချင်း ) နည်းပညာ (Machine to Machine technology or M2M) မှာ ကွန်ယက်တစ်ခုအတွင်း ချိတ်ဆက်ထားသော ကွန်ပြူတာကဲ့သို့ စက်ပစ္စည်းများအကြား သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းနှင့် သူ့အကူအညီမပါပဲ ၎င်းတို့ပါသော လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နည်းပညာဖြစ်သည်။
WMS M2M မှာ WMS software နှင့် ကွန်ပြူတာများအကြား သတင်းများပေးပို့နိုင်သည်။ ထိုသို့ စက်များ အချင်းချင်းကြား သတင်းများ ဖလှယ်နိုင်မှုကြောင့် WMS software အနေဖြင့် သိုလှောင်ရုံရှိ အခြား ကွန်ပြူတာများထံမှ အချက်အလက်များ စုဆောင်းရရှိပြီး စီစစ်ဆောင်ရွက်ကာ လိုအပ်သလို စီမံ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွားနိုင်မည်ဖြစ်သည်။

၃။ စက်အသိပညာ (သို့) စက်အလိုအလျောက်သင်ယူခြင်း (Machine learning)
———————————-
စက်အသိပညာ (သို့) စက်အလိုအလျောက်သင်ယူခြင်း (Machine Learning) မှာ အသိဉာဏ်တူ (Artificial Intelligence) ၏ အစိတ်အပိုင်း ကွန်ပြူတာပရိုဂရမ် (Application) တစ်ခုဖြစ်ပြီး တိကျသည့် ပရိုဂရမ်များ ရေးဆွဲထည့်သွင်းရန် မလိုအပ်ပဲ ရရှိထားသည့်အချက်အလက်များအပေါ် ပိုမို ကောင်းမွန်အောင် ပြုပြင်နိုင်သည့် တစ်နည်းအားဖြင့် အလိုအလျောက် လေ့လာသင်ယူနိုင်စွမ်းရှိသည့် စနစ်တစ်ရပ်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် စက်အသိပညာ (Machine Learning) မှာ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာသည့် နည်းစနစ်တစ်ရပ်ဖြစ်ပြီး အချက်အလက်များကို ခွဲခြမ်းလေ့လာကာ အကူအညီအနည်းငယ်မျှဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းရှိသော စနစ်ပင်ဖြစ်သည်အဆိုပါနည်းပညာပေါ်ပေါက်လာမှု သက်တမ်းအလွန်နုနယ်သေးသော်လည်း အလားအလာကောင်းရှိသော နည်းပညာတစ်ရပ်ဖြစ်သည်။ Machine Learning နည်းပညာအထောက်အကူဖြင့် WMS software မှ လုပ်ငန်းဆိုင်ရာ သဘောတရားများ စုစည်းမှု၊ လုပ်ငန်းစဉ်တစ်ရပ်သည် သတ်မှတ်ထားသည့် အေခြအနေကို ဖော်ဆောင်နိုင်ရန် အချိန်မည်မျှကြာမြင့်နိုင်သည်ကို ခန့်မှန်းတွက်ဆမှု ၊ စက်ရုပ်များထံသို့ ညွှန်ကြားချက်များ ပေးပို့မှုစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည်။

၄။ ရွေ့လျားစက်ပစ္စည်းများ (Mobile Devices)
—————————————-
ရွေ့လျားစက်ပစ္စည်း (Mobile Device)မှာ ဘားကုတ်ဖက်စက် ၊ တက်ဘလက်နှင့် ရေဒီယိုကြိမ်နှုန်းပြ ဖတ်စက်ကဲ့သို့ စက်ပစ္စည်းကိရိယာများကို ဆိုလိုခြင်းဖြစ်သည်။ ဘားကုတ်ဖတ်စက် (Barcode Scanners) မှာ အမှာစာ တစ်ခုချင်းစီပေါ်တွင် ပါဝင်သည့် ပစ္စည်းအမျိုးအမည်ကို မှန်ကန်စွာ ရွေးထုတ်နိုင်ရန်နှင့် ပစ္စည်းတင်ပို့မှု သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးနိုင်သည်။
ရေဒီယိုကြိမ်နှုန်းပြဖတ်စက် (Radio frequency identification – RFID) မှာလည်း သိုလှောင်ရုံအတွင်း ပစ္စည်းများ အမှန်တကယ် ရှိနေသည့်နေရာကို ညွှန်ပြနိုင်ပြီး သိုလှောင်ရုံလုပ်ငန်းများ ပိုမို သွက်လက်တွင်ကျယ်ရေးအတွက် များစွာ အထောက်အကူပြုနိုင်သည်။

အသုံးပြုသူအချင်းချင်း ဆက်သွယ်မှု အပြောင်းအလဲများ (Changes to user interfaces)
——————————————————-
အသုံးပြုသူ အချင်းချင်းအကြား ဆက်သွယ်မှု (User Interface) မှာ အသုံးပြုသူ (User) နှင့် ကွန်ပြူတာစနစ် တစ်ရပ်အကြား မျက်နှာချင်းဆိုင် တိုက်ရိုက်ဆက်သွယ်မှုကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါ user interfaces အပြောင်းအလဲများက WMS software ကို ပိုမိုသွက်လက် လွယ်ကူစွာ အသုံးပြုနိုင်စေပြီး ပိုမို ထိတွေ့မှုရရှိလာစေသည်။

သတင်းဖလှယ်နိုင်သည့် အင်တာနက်ကွန်ယက် (The Internet of Thing _ IOT)
——————————————————
The internet of thing (IOT) ကို အရှင်းလင်းဆုံး အဓိပ္ပါယ်ဖွင့်ရမည်ဆိုလျှင် အချက်အလက်များ စုဆောင်း ၊ ဖလှယ်နိုင်သည့် စက်ပစ္စည်းများ ချိတ်ဆက်ထားသည့် အင်တာနက် ကွန်ယက်တစ်ခုကို ခေါ်ဆိုခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ကွန်ပြူတာကဲ့သို့ စက်ပစ္စည်းများကို အင်တာနက်နှင့် ချိတ်ဆက်ကာ ၎င်းတို့အကြား သတင်းအချက်အလက်များ စီးဆင်းနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။ IOT ကို WMS နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ပစ္စည်းတင်လှည်းများ ခြေရာကောက်မှု ၊ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု နှင့် ကြိုတင်ခန့်မှန်းမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
Warehouse management system (WMS) တွင် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေသကဲ့သို့ အခြားနည်းပညာများကိုလည်း သိုလှောင်ရုံလုပ်ငန်းများတွင် ပိုမို အသုံးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်လျက်ရှိသည်။
သိုလှောင်ရုံစနစ်များအတွင်း Block chain နည်းပညာကို ပေါင်းစပ်ဆောင်ရွက်ခြင်းမှာ Supply Chain လုပ်ငန်းဆောင်ရွက်မှုများအတွင်း အဓိကနှင့် လတ်တလော တိုးတက်မှုတစ်ရပ်ပင်ဖြစ်သည်။

Warehouse management system (WMS) တွင် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေသကဲ့သို့ အခြားနည်းပညာများကိုလည်း သိုလှောင်ရုံလုပ်ငန်းများတွင် ပိုမိုအသုံးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်လျက်ရှိသည်။
သိုလှောင်ရုံစနစ်များအတွင်း Block chain နည်းပညာကို ပေါင်းစပ်ဆောင်ရွက်ခြင်းမှာ Supply Chain လုပ်ငန်းဆောင်ရွက်မှုများအတွင်း အဓိကနှင့် လတ်တလော တိုးတက်မှုတစ်ရပ်ဖြစ်သည်။ Block Chain နည်းပညာ၏ အဓိက အားသာချက်ဖြစ်သော သတင်းအချက်အလက်များကို လုံခြုံစိတ်ချရမှု ရှိစေခြင်း အပြင် ချိတ်ဆက်ထားသည့် စနစ်အများအပြားအတွင်း တစ်ချိန်တည်းတစ်ပြိုင်တည်း အချက်အလက်များကို မြင်တွေ့စေနိုင်သည်။ ကုမ္ပဏီများအနေဖြင့် Block Chain နည်းပညာ အသုံးပြုနေမှု၏ အားသာချက်များကို စတင်သိရှိမြင်တွေ့လာကြပြီး ဖြစ်ပြီး ကိရိယာတန်ဆာပလာများ ၊ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှု၊ အမှာစာသတိပေးခြင်းနှင့် လက်လီလက်ကား အရောင်းနှင့် ပစ္စည်းပေးသွင်းသူဆိုင်ရာ အချက်အလက်များ စသည့် ဧရိယာများတွင် ပိုမိုအသုံးပြုလာကြဖွယ်ရှိသည်။
သိုလှောင်ရုံလုပ်ငန်းများတွင် WMS Software ၏ ဟန်ချက်ညီထိန်းညှိပေးမှု ၊ WMS အသုံးပြုသည့် အချက်အလက်များကို မျှဝေမှုနှင့် ကာကွယ်ပေးမှုကို Block Chain နည်းပညာမှ ဖြည့်ဆည်းပေးမှုတို့အပြင် အလိုအလျောက် ရွေ့လျားစက်ရုပ်များ (Autonomous mobile robots – AMRS) ကလည်း အမှာစာများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လက်တွေ့လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြသည်။
အလိုအလျောက် ရွေ့လျားစက်ရုပ်များ (AMRS) တွင် မောင်းသူမဲ့ လေယာဉ်များ ၊ ယာဉ်မောင်းမလိုသည့် ဖော့ကလစ်များ ၊ အလိုအလျောက် ရွှေ့လျား စက်ခါးပတ်များ ပါဝင်သည်။ AMRs များသည် လူသားများထက်ပိုမိုလျင်မြန်စွာ ရွေ့လျားနိုင်သည့်အပြင် အမှားပြုလုပ်မှုလည်း ပိုမိုနည်းပါးကြသည်။

မျက်မှောက်ခေတ်မီ သိုလှောင်ရုံများတွင် နည်းပညာသည် အဓိကသော့ချက် ဆိုသည်မှာ သံသယဖြစ်ဖွယ်မလိုပေ။ သို့ရာတွင် ပေးရသည့် အဖိုးအခမှာ မနည်းလှပေ။ အလိုအလျောက် ရွေ့လျား စက်ရုပ်များ (ARMS) နှင့် Block Chain နည်းပညာတို့မှာ တန်ဖိုးမြင့်ပြီး မကြာခဏဆိုသလို ပြုပြင်မွမ်းမံမှုအတွက် ပစ္စည်းများ တပ်ဆင်ရန် အသုံးမပြုပဲ ရပ်နားထားရလေ့ရှိသည်။
သို့ဖြစ်၍ ကုမ္ပဏီများအနေဖြင့်ပ ၎င်းတို့အတွက် ရင်းနှီးမြှုပ်နှံခြင်း မပြုလုပ်မီ ကြိုတင်တွက်ဆမှုများ (ဥပမာ အလုပ်သမားအင်အားအပေါ် အကျိုးသက်ရောက်နိုင်မှု အပါအဝင် ) ပြုလုပ်ကြရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် Software များသည် အလိုအလျောက် စက်များထက် ပိုမို ဈေးသက်သာပြီး ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည် အကျိုးပြုသည့်နှုန်းမှာလည်း ပိုမို မြန်ဆန်နိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ပို၍ ပို၍ များပြားသော ကုမ္ပဏီများသည် WMS software ကို အသုံးပြုလာကြသည် ။ သို့ရာတွင် အဆိုပါ WMS မှာလည်း ယခုတိုင် အဆင့်မြှင့်တင်မှုများ လိုအပ်နေဆဲဖြစ်သည်။ နည်းပညာများသည် ပိုမို တတ်နိုင် (ဈေးချို) လာသည်နှင့်အမျှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပါ နည်းပညာသစ်များအတွက် ပိုမို ရင်းနှီးမြှုပ်နှံလာကြမည်ဖြစ်သည်။

#SuperLight #Logistics #Knowledge #2020_Trends #Warehousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN