fbpx

သင့်သိုလှောင်ရုံကို ရေကြောင့်ထိခိုက်ပျက်စီးမှုမှ ကာကွယ်ရန်နည်းလမ်းများ (Ways to protect your warehouse from water damage)

ရေကြောင့် ထိခိုက်ပျက်စီးမှု (Water Damage) သည် မတူညီသည့် အကြောင်းအရင်းအမျိုးမျိုးမှ စတင်ဖြစ်ပွားနိုင်သည်။ ဥပမာအားဖြင့် ပန်းကန်ဆေးစင် ရေပိုက်ခေါင်းကျိုးပဲ့ခြင်း ၊ ပန်းကန်ဆေးစင် ရေစိမ့်ယိုခြင်း ၊ အဝတ်လျှော်စက် ရေလျှံခြင်း ၊ အိမ်သာ ရေဆင်းပိုက် ပိတ်ဆို့ခြင်း ၊ ခေါင်မိုးရေယိုခြင်း ၊ ပြူတင်းပေါက် တံခါးများမှ ရေဝင်ခြင်း ၊ရေပိုက်များကျိုးပဲ့ခြင်း ၊ယိုစိမ့်ခြင်းမှသည် ပြင်းထန်သည့် ရာသီဥတုကြောင့် ရေကြီးရေလျှံဖြစ်မှုအထိ အကြောင်းအရင်းခံ အမျိုးမျိုး ဖြစ်သည်။ အဆိုပါ အကြောင်းရင်းခံများကြောင့် ဖြစ်ပွားသည့် ထိခိုက်ပျက်စီးမှုသည် မပြောပလောက်သည့် သာမန် ပျက်ဆီးဆုံးရှုံးမှုမှသည် အလွန်ပြင်းထန်ကြီးမားသော ဆုံးရှုံးမှုများအထိ ဖြစ်ပေါ်စေနိုင်သည်။ မည်သည့် အဆောက်အအုံကိုမဆို အဟန့်အတားမဲ့ ၊ အတားအဆီးမရှိသည့် ရေသည် ကြီးမားသော ပျက်စီးထိခိုက်မှုကို ဖြစ်စေနိုင်သည်။ များပြားလှစွာသော ခန့်မှန်းတွက်ချက်မှုများအရ “ ရေ” သည် ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးမှုကို ဖြစ်စေသည့် အကြီးမားဆုံး အကြောင်းရင်းခံ အချက်တစ်ရပ်ဖြစ်သည်။
မည်သည့်နေရာ ၊ မည်သည့် ပတ်ဝန်းကျင်တွင်မဆို ရေကြောင့် ထိခိုက်ပျက်ဆီး ဆုံးရှုံးရသည်မှာ မှန်သော်လည်း သိုလှောင်ရုံတစ်ခုအတွင်း ဆိုပါက ဆုံးရှုံးမှု ပမာဏ ပိုမိုများပြားမည်ဖြစ်သည်။ အထူးသဖြင့် ရောင်းကုန်ပစ္စည်းများကို ထိန်းသိမ်းထားသော သိုလှောင်ရုံဆိုလျှင် ပျက်စီးဆုံးရှုံးမှု ပမာဏသည် ပိုမို၍ များပြားမည်ဖြစ်သည်။
ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ကြီးမားသော ရေကြောင့် ထိခိုက်ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် အရေးကြုံလာပါက သိုလှောင်ရုံ မန်နေဂျာတစ်ဦးအနေဖြင့် အလွန့်အလွန် နိုးနိုးကြားကြား သတိ ၊ ဝီရိယ ရှိရမည် ဖြစ်သည်။
သို့ဖြစ်၍ ရေကြောင့် ထိခိုက်ပျက်စီးမှု ကြုံတွေ့ရခြင်းမရှိမီ (သို့) ရေကြောင့် ထိခိုက်ပျက်စီးမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် အသုံးပြုဆောင်ရွက်သင့်သည့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါသည်။

ကြုံတွေ့နိုင်သည့် အန္တရာယ်များ (The Risks)
—————————————————–
သိုလှောင်ရုံအတွင်း ဝင်ရောက်လာသည့် (သို့) တက်လာသည့်ရေသည် သာမန် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကိစ္စတစ်ရပ်ထက် များစွာ ပိုလွန်လှသည်။ အဆိုပါ ရေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုသည် သဘောမျှလောက်သာရှိသည့် အသုံးစရိတ်မှသည် များပြားလှစွာသော ဆုံးရှုံးမှုတန်ဖိုးနှင့် ပြုပြင်မှု ကုန်ကျစရိတ်များ အထိဖြစ်ပေါ်စေနိုင်သည်။
ထို့ပြင် သိုလှောင်ရုံဝန်းကျင်နှင့် သိုလှောင်ရုံအတွင်း ကာလတာရှည်စွာ ကြွင်းကျန်နေနိုင်သည့် ရေနှင့် အချိန်နှင့်အမျှ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနိုင်မှုများကိုလည်း ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။
ဥပမာအားဖြင့် သစ်သားများ ဆွေးမြေ့ခြင်း ၊ မှိုများပေါက်ဖွားခြင်း ၊ ဘတ်တီးရီးယားပေါက်ဖွားခြင်း ၊သံထည်များ သံချေးတက်ခြင်း ၊ ကြိတ်သားများ ဖောင်းကြွခြင်း ၊အထပ်သားကဲ့သို့ ပစ္စည်းများ အထပ်အလွှာများ ကွာဟခြင်းနှင့် အခြားအခြားသော ရေကြောင့် ထိခိုက်ပျက်စီးခံရမှုများ ဖြစ်သည်။ ထိုသို့သော ကြုံတွေ့နိုင်သည့် ထိခိုက်ပျက်စီးမှုများအနက် သတိပြုသင့်သည့် အချက်အချို့မှာ အောက်ပါ အတိုင်းဖြစ်သည်။

မှိုတက်မှု နှင့် ဖားဥစွဲခြင်း (Mould and Mildew)
—————————————————–
သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်လောက်အောင် သေးငယ်မှုန်မွှားသည့် ရေစက်ငယ်များ (သို့) မြင့်မားသည့် စိုထိုင်းဆသည် မှိုတက်ခြင်း နှင့် ဖားဥစွဲခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
မှိုတက်ခြင်း နှင့် ဖားဥစွဲခြင်းကို သာမန်အားဖြင့် ဘေးအန္တရာယ် မဖြစ်ပေါ်စေနိုင်ဟု တွေးထင်ကြသော်လည်း အမှန်တကယ်တွင်မူ ပစ္စည်းများ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်များပင်ဖြစ်သည်။  ထို့ပြင် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရေးအတွက် များပြားလှသော ကုန်ကျစရိတ်များကို သုံးစွဲရမည်ဖြစ်သည်။

အက်ကြောင်းများ (Cracks)
——————————
သိုလှောင်ရုံတစ်ခုသည် ထိခိုက်ပျက်စီးလွယ်ပြီး ရေကြောင့် ပိုမို ဆိုးရွားစွာ ပျက်စီးစေနိုင်သည်။ နံရံ ၊မျက်နှာကြတ်နှင့် ကြမ်းခင်းပေါ်ရှိ အင်မတန် သေးငယ်လှသော အက်ကြောင်းကလေးများသည် ရေငွေ့ (သို့) အစိုဓာတ်ကို သိုလှောင်ရုံအတွင်း ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးထားသည်။
အပူချိန်ပြောင်းလဲသည်နှင့်အမျှ အစိုဓာတ်သည် တဖြည်းဖြည်း တစ်နေရာမှ တစ်နေရာ ကူးစက်ကာ ပိုမိုကျယ်ပြန့်လာပြီး သင့်အဆောက်အအုံကို ပြိုလဲစေမည့် Wrecking Ball ( ဖျက်စီးရေး သံလုံးကြီး ) ဖြစ်လာနိုင်သည်။

ကြီးမားသော ထိခိုက်ပျက်စီးမှုများ (Large Scale Damages)
—————————————————–
ရေပိုက်ပေါက်ကွဲ ၊ ကျိုးပြတ်ခြင်း (သို့) ပြင်းထန်ဆိုးရွားသော ရာသီဥတုသည် အချိန်တိုကာလအတွင်း သင့်သိုလှောင်ရုံကို အကြီးအကျယ် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ ရေကြီးရေလျှံမှုသည် အဆောက်အအုံပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုကို သာမက သိုလှောင်ရုံအတွင်းရှိ ကုန်စည်ပစ္စည်းများကိုလည်း ကြီးမားစွာ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည်။

ကြိုတင်ကာကွယ်တားဆီးခြင်း (Prevention)
—————————————
မည်သည့်ဘေးအန္တရာယ်နှင့် ကြုံကြိုက်ရသည် ဖြစ်စေ အဆိုပါ ဘေးအန္တရာယ်ကို အစောပိုင်းစတင် ဖြစ်ပေါ်ချိန်ကပင် တားဆီးကာကွယ်နိုင်ရေးမှာ အထူးအရေးပါသည်။ သင့်အနေဖြင့် အရာရာကို ကြိုတင်မျှော်မှန်းပြင်ဆင်ထားနိုင်မည် မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။ သို့ရာတွင် သင့်အနေဖြင့် မည်သည့်အရာက အလုပ်ဖြစ်နိုင်ပြီး မည်သည့်အရာက အလုပ်မဖြစ်နိုင်ဆိုသည်ကိုမူ သိထားရန် လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်၍ သင်ရင်ဆိုင်ရမည့် အခြေအနေကို ပိုမို နားလည်သိရှိနိုင်ပြီး ဘေးအန္တရာယ်လျော့ပါး သက်သာစေနိုင်မည့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်သည်။

အကြောင်းအရင်းကို သိရှိပါ (Know the source)
—————————————————–
ဖြစ်ပွားရသည့် အကြောင်းအရင်းသည် အမြဲတန်း သင့် ထိန်းချုပ်မှု အောက်တွင်ရှိနေမည်မဟုတ်ပေ။ သို့ရာတွင် အကြိမ်များစွာ သင့်ထိန်းချုပ်မှုအောက်မှ ဖြစ်ပွားသည်ကို သတိပြုပါ။ ဖြစ်ပွားနိုင်မှု အကြောင်းအရင်းအတွက် မည်သည့် အချက်အား ရှာဖွေရမည်ဆိုခြင်းကို သင်သိရှိသည်နှင့် သင့်အနေဖြင့် မှန်ကန်သော ကြိုတင်ကာကွယ် တားဆီးမှုတစ်ရပ်ကို ဖော်ဆောင်လိုက်နိုင်ခြင်းဖြစ်သည်။
ရေကြောင့် ထိခိုက်ပျက်စီးမှုကို ဖြစ်ပွားစေသည့် ယေဘူယျအကြောင်းအရင်းများတွင် ရွာသွန်းမည့်မိုးရေ ၊ ပိတ်ဆို့ ၊ ခဲနေသော ရေပြွန်နှင့် ရေမြောင်းများ ၊ ရေပိုက်ဆက်သွယ်မှုစနစ် အနီးအထွေထွေ ဟောင်းနွမ်းယိုယွင်းပျက်စီးနေမှုများ ပါဝင်သည်။

မှန်ကန်သည့် အဆင့်များကိုဆောင်ရွက်ပါ (Take the right steps)
————————————————–
သင့် အဆောက်အအုံအပေါ် သုံးသပ်အကဲဖြတ်ချက်မှ သင် သိရှိထားသည်မာျးကို အခြေခံလျက်ပင် လုပ်နိုင်သည်များကို လုပ်ပါ။ ဥပမာအားဖြင့် ရေဆင်းလမ်းကြောင်းများ ပြုပြင်ခြင်း (သို့) အပြစ်အနာအဆာရှိ ပိုက်များ လဲလှယ်ခြင်းမျိုးဖြစ်သည်။ သင့်ခေါင်မိုးမှ ရေယိုစိမ့်မှု မဖြစ်စေရန် ခေါင်မိုးဖာထေးခြင်း ၊ ခေါင်မိုးရေလျှံမှု မဖြစ်စေရန် ခေါင်မိုးရေဆင်းစနစ်ကို ပြုပြင်ထိန်းသိမ်းခြင်းကို ဆောင်ရွက်ပါ။ သစ်ပင်အမြစ်တစ်ခုမှ ရေဆိုးထုတ်ပြွန် (သို့) ရေစွန့်ပိုက်ကို ထိုးဖောက် ဖျက်ဆီးသည်အထိ စောင့်ဆိုင်းမနေပဲ ရေထုတ်ပြွန်များကို ယခုပင် စစ်ဆေးလိုက်ပါ။
သင့် အဆောက်အအုံတွင် တပ်ဆင်ထားသည့် လေပူလေအေးနှင့် လေဝင် ၊ လေထွက်စနစ် HVAC Unit (Healing, Ventilation and Air Conditioning) ကို ယိုစိမ့်မှုများ မဖြစ်ပွားမီကပင် ကြိုတင်စစ်ဆေးပြုပြင်ပါ။
အမှန်တကယ် ရေလုံနိုင်မည့် အဆောက်အအုံ ဖြစ်ပေါ်ရေးကို ထည်သွင်းစဉ်းစားပါ။ ရေလုံသုတ်ဆေးသည် သာမန် သုတ်ဆေးထက် ၁၀ဆ ပိုထူပြီး ခေါင်မိုး ၊ နံရံများတွင် သုတ်နိုင်သဖြင့် စိုစွတ်သော အခြေအနေတွင် အက်ကွဲနိုင်သည့် ကွန်ကရိနှင့် အင်္ဂတေ နံရံများကို သုတ်ထားခြင်းဖြင့် ရေယိုစိမ့်ဝင်ရောက်မှုကို တားဆီးနိုင်သည်ကို ထည့်သွင်းစဉ်းစားပါ။

အမာခံကုမ္ပဏီနှင့် တိုင်ပင်ဆွေးနွေးပါ (Consult your insurer)
————————————
သင် “ ရေ” ကို မုန်းတီးသလောက် သင့်အာမခံကုမ္ပဏီမှလည်း မုန်းတီးမည်သာ ဖြစ်သည်။၎င်းတို့အနေဖြင့် ထုံးထမ်းအစဉ်အလာအတိုင်း သင့်ကို မှန်ကန်သော လမ်းညွှန်မှပြုရန် ဆန္ဒရှိနေမည်သာ ဖြစ်သည်။
မည်သူက မည်သည့်အရာကို မည်သည့်အချိန်တွင် စစ်ဆေးသင့်သည်ကို သိရှိနိုင်ရန် အာမခံကုမ္ပဏီနှင့် တိုင်ပင်ပါ။ ထို့ပြင် သင့်အာမခံ ပေါ်လစီနှင့် လွတ်ကွက် ၊ဟာကွက်များ တစ်စုံတစ်ရာ ရှိမရှိကိုလည်း စစ်ဆေးရန် မမေ့ပါနှင့်။

အပျက်အစီးများ ပြန်လည်ပြုပြင်မွမ်းမံခြင်း (Damage Restoration)
—————————————-
အပျက်အစီးများ ပြန်လည် ပြင်ဆင်မွမ်းမံရေးမှာ သင် စဉ်းပင် စဉ်းစားလိုသည့်အရာမဟုတ်ချေ။ သို့ရာတွင် အရေးပေါ် အစီအစဉ်တစ်ရပ်ရေးဆွဲထားရှိရန်မှာ အထူး အရေးကြီးသည်။ မျှော်လင့်မထားသည့် အရာများ ဖြစ်ပွားလာပါက သင့်အနေဖြင့် အံ့အားသင့်မှင်သတ်မိပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလိုမည်မဟုတ်ပါ။ သို့ဖြစ်၍ သင့်အနေဖြင့် ချက်ချင်းပြန်လည် တုန့်ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ ရေရှည်ပြုပြင်မွမ်းမံမှုအတွက် သင်သိရှိထားသင့်သည့် အဆင့်များကို ဖော်ပြလိုက်ပါသည်။

တုန့်ပြန်ရန် အသင့်ရှိပါစေ (Be Ready to strike)
————————————-
ရေကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်စေသည့် အခြေခံ အကြောင်းအရာများသည် ရေပိုက်ဆက်သွယ်မှုစနစ်ကြောင့် ဖြစ်ပါက အဆောက်အအုံ အတွင်းနေရာတိုင်းတွင် ရေသွားလာခြင်း မပြုနိုင်ရန် မည်သို့ ပိတ်ရမည်ကို သိရှိထားပါ။ ချက်ချင်းတုံ့ပြန်နိုင်ရန် အကောင်းဆုံး အစီအစဉ် ချမှတ်နိုင်ရေးနှင့် ရေရှည် အသုံးစရိတ် အသက်သာဆုံး ဖြစ်စေရန် သင့်အာမခံကုမ္ပဏီနှင့် ရေပိုက်ပြင်သမား နှစ်မျိုးလုံးကို ဆက်သွယ်၍ အကြံဉာဏ်ရယူပါ။

မည်သူနှင့် လက်တွဲဆောင်ရွက်ရမည်ကို သိထားပါ (Know who you would working with)
———————————————
အနီးအနားရှိ ပြုပြင်ထိန်းသိမ်းရေး ကုမ္ပဏီများနှင့် ၎င်းတို့ကို လိုအပ်ခြင်းမရှိမီကပင် ကြိုတင်၍ ရင်းနှီးကျွမ်းဝင်မှုရှိအောင် ပြုလုပ်ထားပါ။ မည်သူ မိမိအပေါ် လိုလိုလားလားရှိသည်ကို သိထားပါ။ များပြားလှစွာသော ဖြစ်နိုင်ခြေများနှင့် စပ်လျဉ်း၍ မည်သို့သော ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်သင့်သည်ကို ၎င်းတို့အား မေးမြန်းထားပါ။
ရေဘေးအရေးပေါ် ကြုံတွေ့လာချိန်တွင် စဉ်းစားတွေးတောနေချိန် မရနိုင်သည့်အပြင် ဘာလုပ်ရမည်ကို စမ်းတဝါးဝါး ဆောင်ရွက်နေချိန် မရသဖြင့် အရေးပေါ် အစီအစဉ်တစ်ရပ်ရပ်ကို ကြိုတင်ရေးဆွဲပြင်ဆင်ထားရှိရမည်ဖြစ်သည်။

သင့်လျော်သည့် ပစ္စည်းကိရိယာများ လက်ဝယ်ဆောင်ထားပါ (Have this right equipment on Hand)
———————————————–
ပြုပြင်မွမ်းမံ ပြင်ဆင်ရေးအဖွဲ့များကို စောင့်ဆိုင်းနေရချိန်တွင် စိုထိုင်းမှု ထိန်းစက် (Humidifiers) နှင့် ပန်ကာများသည် ရေခြောက်သွေ့အောင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် သင့်အား အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။ ရေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုနှင့် အချိန်ကုန်မှုနှင့် ဆက်စပ်နေသော ကုန်ကျစရိတ်အလားအလာများနှင့် အနည်းငယ်မျှသော ရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ်ကြည့်ပါ။ မပြောပလောက်သည့် ရင်းနှီးမြှုပ်နှံမှုက သင့်အား ထိုက်သင့်သလောက် အကျိုးပြုနိုင်သည်ကို မမေ့ပါနှင့်။

#SuperLight #Logistics #Knowledge #Warehouse

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN