fbpx

အီလက်ထရွန်နစ် ကုန်သွယ်ရေးအတွက် ရွေးချယ်စရာ သိုလှောင်ရုံအမျိုးအစား (၈)မျိုး 8 Types of Warehouse for e-commerce

သာမန် ပုဂ္ဂိုလ်တစ်ဦးအတွက် သိုလှောင်ရုံတစ်ခုသည် သိုလှောင်ရုံတစ်ခုမျှသာဖြစ်သည်။ အမှန်တကယ်တွင်မူ သိုလှောင်ရုံအမျိုးအစား အများအပြားရှိပြီး သိုလှောင်ရုံ အမျိုးအစား တစ်ခုနှင့် တစ်ခု လုပ်နည်းစနစ်များ မတူညီ ကွဲပြားခြားနားနေကြသည်။ အီလက်ထရွန်နစ် ကုန်သွယ်ရေးအတွက် ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှုသည် ပစ္စည်းများ ထိန်းသိမ်းထားသိုရာ နေရာမျှသာမဟုတ် သုံးစွဲသူအမှာစာများ လက်ခံသည်မှ သုံးစွဲသူများထံ မှာယူပစ္စည်းများ ပေးပို့သည်အထိ Order Fulfillment လုပ်ငန်းစဉ် တစ်ရပ်လုံး၏ အရေးပါသော ခွဲခြားမရသည့် အစိတ်အပိုင်တစ်ရပ် ဖြစ်သည်။
မှန်ကန်သည့် သိုလှောင်ရုံ တစ်ခုရှိခြင်းသည် အီလက်ထရွန်နစ် ကုန်သွယ်မှုလုပ်ငန်း တစ်ရပ်အဖြစ် သင်၏ အောင်မြင်မှုကို ပံ့ပိုးပေးမည့် အဓိက သော့ချက်တစ်ရပ်ဖြစ်သည်။ အီလက်ထရွန်နစ် ကုန်သွယ်ရေးကို စတင်ဆောင်ရွက်သူများနှင့် အသေးစား/အလတ်စား လုပ်ငန်းများအတွက် သိုလှောင်ရုံသည် အခြားအရာအားလုံးထက် ပိုမိုအရေးပါသည်။ သိုလှောင်ရုံအရွယ်အစား ကြီးမားရန် မလိုအပ်ပဲ ပစ္စည်းထားရှိနိုင်သော နေရာကို အမှန်တကယ် အပြည့်အဝ အသုံးချနိုင်ရန် လိုအပ်သည်။
အီလက်ထရွန်နစ် ကုန်သွယ်မှုလုပ်ငန်းအတွက် ကုန်ပစ္စည်းများ သိုလှောင်ရန် နေရာရှာဖွေသည့်အခါ သင်သိရှိထားသင့်သည့် သိုလှောင်ရုံ အမျိုးအစား (၈)မျိုးကို အောက်တွင်ဖော်ပြလိုက်ပါသည်။
အဆိုပါ သိုလှောင်ရုံအမျိုးအစားများသည် တစ်ခုနှင့် တစ်ခု လုပ်ငန်းသဘာဝနှင့် လုပ်နည်းစနစ်များ မတူညီ ကွဲပြားလျက်ရှိပြီး မည်သည့်အမျိုးအစားသည် သင့်လုပ်ငန်းအတွက် အသင့်လျော်ဆုံး ဖြစ်မည်ကို လေ့လာအကဲဖြတ်ကာ စီစစ်ရွေးချယ်သွားရမည်ဖြစ်သည်။

သိုလှောင်ရုံများ၏ ယေဘူယျအရည်အသွေးများ
————————————————
သိုလှောင်ရုံများသည် အခြေခံလုပ်ငန်းသဘာဝအရ သိုလှောင်ရုံအမျိုးအစားအလိုက် တစ်မူထူးခြားသော လုပ်နည်းစနစ်များဖြင့် ကွဲပြားခြားနားလျက်ရှိကြသည်။ သို့ရာတွင် လုပ်ငန်းတွင်ကျယ်ထိရောက်ပြီး လုံခြုံစိတ်ချရသော သိုလှောင်ရုံ တစ်ရုံတွင်ရှိရမည့် ယေဘူယျ သဘောလက္ခဏာများမှာမူ ရှိနေကြရမည်သာဖြစ်သည်။
အဆိုပါ သိုလှောင်ရုံကောင်းတစ်ရုံတွင် ရှိသင့်သည့် ယေဘူယျ သဘောလက္ခဏာများမှာ အောက်ပါ အချက်များဖြစ်သည်။

– ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံမှု (Safety and security)
– သင်တန်းပေးထားသော ဝန်ထမ်းများ (Trained Staffs)
– ဈေးကွက်နှင့် နီးစပ်မှု / အလွယ်တကူ သွားလာနိုင်မှု ( Accessibility and market proximity)
– သင့်လျော်သည့် ပစ္စည်းထားသိုရန်နေရာ (Appropriate storage space)
– နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာများ (Latest mechanical appliances)
– စနစ်တကျ စီမံပြင်ဆင်ထားသော သိုလှောင်ရုံအတွင်းပိုင်း (Properly Designed interiors)
– နောက်ဆုံးပေါ် စံသတ်မှတ်ချက်များနှင့်အညီ အရေးပေါ် အခြေအနေများကို တုန့်ပြန်မှုအစီအစဉ် ( Emergency protocol up to the latest standards)
– စနစ်ကျနသော ပစ္စည်းရွေးထုတ်မှုနှင့် လက်ခံမှုလုပ်နည်းစနစ်များ ( Organized picking and receiving processes)
– အရည်အသွေးစစ်မှန်မှု (Quality Check)
– နောက်ဆုံးအခြေအနေနှင့်အညီ မွမ်းမံထားသည့် software များ (Updated software)
– လျင်မြန်သည့် ပစ္စည်းပေးပို့မှုနှင့် သုံးစွဲသူဝန်ဆောင်မှု ( Prompt delivery and customer services)

သိုလှောင်ရုံအမျိုးအစားများ (Types of warehouse)
———————————
သင့်အနေဖြင့် နယ်စပ်ဖြတ်ကျော်လျက် ONLINE ဖြင့် ကုန်ပစ္စည်းများ ရောင်းချရန်စီစဉ်သည့်အခါ (သို့) သင့်ကုမ္ပဏီသည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပြီး သင့်ကုန်ပစ္စည်းများကို ထိထိရောက်ရောက် ထိန်းသိမ်းထားရှိရန်နေရာ မလုံလောက်သည့်အခါ မှန်ကန်သည့် သိုလှောင်ရုံတစ်ရုံ ရွေးချယ်ငှားရမ်းနိုင်ရေးသည် သင့်လုပ်ငန်းအတွက် များစွာအရေးပါလာပြီဖြစ်သည်။
သို့ဖြစ်၍ သင့်လုပ်ငန်းအတွက် အသင့်လျော်ဆုံး သိုလှောင်ရုံတစ်ရုံ ရွေးချယ်သည့်အခါ သင် ထည့်သွင်းစဉ်းစားသင့်သည့် သိုလှောင်ရုံအမျိုးအစား (၈)မျိုးကို ဖော်ပြလိုက်ပါသည်။

၁။ Public Warehouse (အများဆိုင်သိုလှောင်ရုံများ)
——————————
Public Warehouse များသည် အစိုးရ/ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ပိုင်ဆိုင်ထားကြပြီး ပုဂ္ဂလိက ကဏ္ဍများမှ ကုမ္ပဏီများအား အသုံးပြုခွင့်ပေးထားသည့် သိုလှောင်ရုံများဖြစ်သည်။ Public Warehouse များကို လုပ်ငန်းအဖွဲ့အစည်း အတွက်ဖြစ်စေ ၊ ပုဂ္ဂလိက အသုံးပြုမှုအတွက်ဖြစ်စေ နှစ်ရပ်လုံးအတွက် ငှားရမ်းအသုံးပြုနိုင်သည်။
အကယ်၍ သင်သည် အသေးစားနှင့် အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး သင်၏ ကုန်စည်ပစ္စည်းများကို ကာလတို ခေတ္တ သိုလှောင်ထိန်းသိမ်းထားရှိလိုပါက Public Warehouse သည် မှန်ကန်သည့် ရွေးချယ်မှုတစ်ရပ်ဖြစ်သည်။
အဆိုပါ သိုလှောင်ရုံ အမျိုးအစားသည် အများအားဖြင့် ခေတ်မီနည်းပညာများ တပ်ဆင်အသုံးပြုမှု အားနည်းသော်လည်း ယေဘူယျအားဖြင့် ဈေးနှုန်းလျော်ကန်သင့်မြတ်မှု အရှိဆုံးနှင့် အလွယ်ကူဆုံး ရွေးချယ်စရာ သိုလှောင်ရုံအမျိုးအစား ဖြစ်သည်။

၂။ ပုဂ္ဂလိကပိုင်သိုလှောင်ရုံများ ( Private Warehouse)
——————————–
ပုဂ္ဂလိက သိုလှောင်ရုံများသည် လက်ကားကုန်သည်ကြီးများ ၊ ကုန်စည်ဖြန့်ချီသူများ (သို့) ကုန်ပစ္စည်း ထတ်လုပ်သူများမှ ပုဂ္ဂလိ ပိုင်ဆိုင်ကြသည့် သိုလှောင်ရုံများဖြစ်သည်။ ကြီးမားသည့် လက်လီ နှင့် Online ဈေးကွက်ဖြန့်ချီသူများလည်း ၎င်းတို့ပိုင် သိုလှောင်ရုံများရှိကြသည်။ ယေဘူယျအားဖြင့် ပုဂ္ဂလိ သိုလှောင်ရုံများသည် အများဆိုင် Public Warehouse များထက် ဈေးနှုန်းပိုမို များပြားသော်လည်း အီလက်ထရွန်နစ် ကုန်သွယ်မှုဆိုင်ရာ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအနေဖြင့် အရေးပါသည့် ဒေသတစ်ခုအတွင်း အဓိကနှင့် ရေရှည်မဟာဗျူဟာအရ တည်ရှိလိုပါက ပုဂ္ဂလိက သိုလှောင်ရုံများသည် မှန်ကန်သည့် ရွေးချယ်မှုတစ်ရပ်ဖြစ်လာနိုင်ပေသည်။

၃။ ပြည်ပသွင်းကုန်များ (အခွန်မဆောင်မီ) ထားရှိရာ သိုလှောင်ရုံ (Bonded Warehouse)
———————————-
Bonded Warehouse များသည် ပြည်ပသွင်းကုန်များကို အကောက်ခွန်မပေးဆောင်မီ စာချုပ်ချုပ်ဆို၍ အပ်နှံထားရှိနိုင်သော သိုလှောင်ရုံဖြစ်သည်။ သက်ဆိုင်ရာ အာဏာပိုင်များက ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းလာသူ ကုမ္ပဏီများအား စာချုပ်ဖြင့် ငှားရမ်းအသုံးပြုခွင့်ပေးထားပြီး ပစ္စည်းများ ပြန်လည်မထုတ်မချင်း အဆိုပါ ပစ္စည်းများအတွက် အခွန်အခများ ပေးဆောင်ရန် မလိုပေ။
ထို့ပြင် ကန့်သတ်ကုန်ပစ္စည်းများကိုလည်း သက်ဆိုင်ရာ စာရွက်စာတမ်းကိစ္စပြီးစီးသည်အထိ သိုလှောင်ထားနိုင်သည်။
အဆိုပါ သိုလှောင်ရုံများသည် ကုန်ပစ္စည်းတင်သွင်းသူများအတွက် ဝယ်ယူသူ တွေ့သည်အထိ အကောက်ခွန်ပေးဆောင်ရန်မလိုပဲ ထိန်းသိမ်းထားရှိနိုင်သည့် အခွင့်အလမ်းရှိသည်။
ထို့ပြင် သိုလှောင်ထားရှိသည့် ကုန်ပစ္စည်းများ၏ အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် စိတ်ချလက်ချ ထားရှိနိုင်သဖြင့် အီလက်ထရွန်နစ်ကုန်သွယ်မှု လုပ်ငန်းများ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်သမားများအနေဖြင့် ရွေးချယ်သင့်သည့် အကောင်းဆုံး သိုလှောင်ရုံများပင်ဖြစ်သည်။

၄။ ခေတ်မီသိုလှောင်ရုံများ ( Smart Warehouse)
———————–
ခေတ်မီသိုလှောင်ရုံများ (Smart Wraehouse) ဆိုသည်မှာ အဆိုပါ သိုလှောင်ရုံများတွင် ကုန်ပစ္စည်းသိုလှောင်ထားရှိခြင်း ၊ အမှာစာ လက်ခံသည်မှ သုံးစွဲသူထံ ပစ္စည်းပေးပို့သည်အထိ Fullfillment လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုတို့ကို AI (Artificial Intelligence) ကဲ့သို့ ခေတ်မီ စနစ်များကို အသုံးပြုကာ ဆောင်ရွက်ပေးသည့် သိုလှောင်ရုံအမျိုးအစားဖြစ်သည်။
သူ၏ လုပ်အားအစား စက်ကို အစားထိုး၍ အသုံးပြုသည့် လုပ်ငန်းများတွင် စီမ့ခန့်ခွဲ့မှု ၊ ကြီးကြပ်မှုလုပ်ငန်းများအတွက် ခေတ်မီ Software များမှသည် ထုတ်ပိုးမှု ၊ ချိန်တွယ်မှု ၊ သယ်ယူမှုနှင့် ထားရှိမှုစသည့် လုပ်ငန်းများကို စက်ရုပ်များ ၊ မောင်းသူမဲ့ယာဉ်များအသုံးပြု ဆောင်ရွက်ခြင်းအထိ ပါဝင်သည်။
အမေဇုံ ၊ အလီဘာဘာ စသည့် ကော်ပိုရေးရှင်းကြီးများသည် ဧရာမ ခေတ်မီသိုလှောင်ရုံကြီးများကို အသုံးပြုကာ အမှာစာဖြည့်ဆည်းမှု ( အမှာစာလက်ခံသည်မှ ပစ္စည်းပေးပို့သည်အထိ ) လုပ်ငန်းများကို လျင်မြန်သွက်လက်စွာ ဆောင်ရွက်နေကြသည်။

၅။ စုစည်းပေါင်းစပ်ပေးသည့် သိုလှောင်ရုံများ (Consolidated Warehouse)
————————————-
စုစည်းပေါင်းစပ်ပေးသည့် သိုလှောင်ရုံ (Consolidated Warehouse) ဆိုသည်မှာ မတူညီသည့် ကုန်ပစ္စည်းပေးပို့သူများ ထံမှ ပို့ကုန်ပစ္စည်း (ငယ်)များအား လက်ခံကာ ပိုမိုကြီးမားသည့် ပို့ကုန်ပစ္စည်းအဖြစ် အမျိုးတူရာ စုစည်းပေါင်းစပ်ပေးသည့် သိုလှောင်ရုံများဖြစ်သည်။ အဓိက အချက်မှာ စုစည်းပေါင်းစပ်ထားသည့် ပို့ကုန်ပစ္စည်း အားလုံးသည် တူညီသည့် နေရပ်ဒေသတစ်ခုတည်းသို့ ပေးပို့ရန် ရည်ရွယ်ထားသည့် ပစ္စည်းများဖြစ်သည်။
Consolidated Warehouse များသည် လုပ်ငန်း အစပျိုးသူများနှင့် လုပ်ငန်းငယ်များအတက် ရင်းနှီးမြှုပ်နှံမှုနည်းနည်း ၊ ကုန်ပစ္စည်း အရေအတွက် ပမာဏ နည်းနည်းဖြင့် ဆောင်ရွက်နိုင်ခွင့်ရရှိသဖြင့် အလွန်ရေဋ္ဌွးချယ်သင့်သော သိုလှောင်ရုံအမျိုးအစား တစ်ခုဖြစ်သည်။

၆။ စုပေါင်းဖက်စပ်သိုလှောင်ရုံများ (Cooperative warehouse)
———————————
စုပေါင်းဖက်စပ်သိုလှောင်ရုံ (Cooperative warehouse ) ဆိုသည်မှာ တောင်သူလယ်သမား သမဝါယမအသင်းကဲ့သို့ စုပေါင်း အသင်းအဖွဲ့များမှ ပိုင်ဆိုင်ပြီး ဆောင်ရွက်သည့် သိုလှောင်ရုံဖြစ်သည်။ သက်ဆိုင်ရာ သမဝါယမ အသင်းအဖွဲ့ဝင်များသာမက ပြင်ပမှ ပုဂ္ဂိုလ်များ ၊ အဖွဲ့များပါ ကုန်ပစ္စည်းများ ထိန်းသိမ်းထားရှိနိုင်သည်။ အဖွဲ့ဝင်များအတွက် သိုလှောင်ရုံ ငှားရမ်းအသုံးပြုမှုကု အခြားပြင်ပပုဂ္ဂိုလ်များထက် လျော့နည်းသော နှုန်းထားဖြင့် ခွင့်ပြုပေးသည်။

၇။ အစိုးရပိုင် သိုလှောင်ရုံများ (Government Warehouse)
———————————–
အဆိုပါ သိုလှောင်ရုံများမှာ အစိုးရမှ တိုက်ရိုက်ပိုင်ဆိုင်ပြီး ထိန်းချုပ်စီမံသော သိုလှောင်ရုံများဖြစ်သည်။ အစဉ်အလာအရ အစိုးရ သိုလှောင်ရုံများသည် ဈေးနှုန်း သင့်တင့်လျောက်ပတ်စွာ သတ်မှတ်လေ့ရှိသော်လည်း လုပ်ငန်းအဖွဲ့တစ်ခုအနေဖြင့် သတ်မှတ်ထားသည့် ကာလအတွင်း ငှားရမ်းခ ပေးဆောင်နိုင်ခြင်းမရှိပါက အစိုးရအနေဖြင့် ငှားရမ်းခကျေသည်အထိ ၎င်း၏ ကုန်ပစ္စည်းများကို သိမ်းဆည်း /ဖယ်ရှား / ပိုင်ခွင့်ရှိမည်ဖြစ်သည်။

၈။. ဖြန့်ချီရေးဌာနများ (Distribution Centers)
———————————
ကုန်စည်ဖြန့်ချီရေးဌာန (Distribution Centers) သည် ကုန်ပစ္စည်းမာျး ယာယီသိုလှောင်ထိန်းသိမ်းရာ နေရာတစ်ခု (သို့) သိုလှောင်ရုံတစ်ခုဖြစ်ပြီး ကာလတိုအတွင်း အလျင်အမြန်ပေးပို့သွားရမည့် ပစ္စည်းများကို ခေတ္တ ထိန်းသိမ်းထားရှိခြင်းဖြစ်သည်။ ကုန်ပစ္စည်းအမြောက်အများကို လက်ခံထိန်းသိမ်း ပေးသော်လည်း ကာလတိုအတွင်း ပြန်လည်ရောင်းချသူများ ၊ လက်လီလက်ကားဆိုင်များသို့ ပြန်လည်ဖြန့်ချီလေ့ရှိသည်။
အချို့သော စားသောက်ကုန်နှင့် ပုတ်သိုးလွယ်ပစ္စည်းများမှာ တစ်ရက်တည်းအတွင်းတွင်ပင် ပစ္စည်းလက်ခံခြင်း ၊ ပြန်လည်ဖြန့်ဖြူးခြင်းကို ဆောင်ရွက်လေ့ရှိသည်။ ယေဘူယျအားဖြင့် Distribution Center များသည် ငှားရမ်းခ သက်သာလေ့ရှိသော်လည်း ထားသိုမည့် ကုန်ပစ္စည်းအမျိုးအစားအပေါ် မူတည်၍ ငှားရမ်းသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် သိုလှောင်ရုံအမျိုးအစားများမှာ အထက်ပါအတိုင်း အများအပြားရှိပြီး သက်ဆိုင်ရာ အမျိုးအစားအလိုက် သဘာဝသယံဇာတ နှင့် လုပ်ငန်းဆောင်ရွက်မှု နည်းစနစ်များ သီးခြားစီ ရှိနေမည်သာဖြစ်သည်။
သို့ဖြစ်ရာ သင့်လုပ်ငန်းလိုအပ်ချက် ၊ ရည်မှန်းထားသည့် ဈေးကွက် ၊ဘဏ္ဍာရေးအခြေအနေစသည်တို့အပေါ် မူတည်ကာ သင့်လိုအပ်ချက်နှင့် အသင့်လျော်ဆုံး သိုလှောင်ရုံတစ်ခုကို စီစစ်ရွေးချယ်သွားရမည်ဖြစ်ပေသည်။

အီလက်ထရွန်နစ် ကုန်သွယ်ရေးအတွက် ရွေးချယ်စရာ သိုလှောင်ရုံအမျိုးအစား (၈)မျိုး အနက် Public Warehouse အကြောင်း အသေးစိတ်ကို နောက်အပတ် ဆောင်းပါးတွင် ဆက်လက်ရေးသားဖော်ပြပေးသွားပါမည်။

#SuperLight #Logistics #Knowledge #Warehousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN