fbpx

သိုလှောင်ရုံလုပ်သားများအတွက် အခြေခံ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အကြံပြုချက် (၈) ချက် 8 Essential safety tips for warehouse workers

အမေရိကန်ပြည်ထောင်စု အလုပ်သမား ဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမား စာရင်းအင်းဗျူရိုမှ ပြုစုသည့် အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုတွင် သိုလှောင်ရုံလုပ်ငန်း အတွင်းရှိ အမျိုးမျိုးသော လုပ်ငန်းကဏ္ဍများသည် လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်မှုနှုန်း အမြင့်ဆုံးရှိလုပ်ငန်းများဖြစ်ကြောင်း သိရသည်။ ဤအချက်မှာ စိုးရိမ်ဖွယ်ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုအတွင်းရှိ လုပ်ငန်းဆောင်ရွက်နေသော သိုလှောင်ရုံအားလုံးသည် အလွန်တင်းကျပ်သည့် စံနှုန်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေကြခြင်းဖြစ်သည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုအဖွဲ့ (Occupational Safety and Health Administration) ကဲ့သိ့သော အာဏာပိုင် အဖွဲ့အစည်းများသည် သိုလှောင်ရုံနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွင်း အလုပ်လုပ်နေကြသည့် ဝန်ထမ်းများ ၊ အလုပ်သမားများအား ဖြစ်နိုင်သမျှ လုံခြုံစိတ်ချရမှု အရှိဆုံး စက်ရုံ ၊အလုပ်ရုံ ၊ လုပ်ငန်းခွင်များတွင် သိရှိထားသမျှ ဘေးအန္တရာယ် အကင်းဆုံးလုပ်နည်းလုပ်ဟန် အလေ့အကျင့်များကို လိုက်နာ ဆောင်ရွက်နိုင်ကြစေရန် နှစ်စဉ်နှစ်တိုင်း လိုအပ်မည့် ပြင်ဆင်ချနှိုင်းချက်များကို ချမှတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် အာဏာပိုင်အဖွဲ့အစည်းများသည် သိုလှောင်ရုံတစ်ခုချင်းစီတိုင်းသည် သတ်မှတ်ပြဌာန်းထားသည့် အကောင်းဆုံးအလေ့အကျင့် များကို အမှန်တကယ် လိုက်နာဆောင်ရွက်မှု ရှိစေရန် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုများကို ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ယေဘူယျအားဖြင့် နေ့စဉ်နေ့တိုင်း ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးမှာ သိုလှောင်ရုံ အဖွဲ့သားများ၏ ပုခုံးထက်သို့ ကျရောက်နေသည်သာဖြစ်သည်။ သို့ဖြစ်၍ သိုလှောင်ရုံလုပ်သားများအနေဖြင့် ၎င်းတို့လုပ်ငန်းဆောင်ရွက်ချိန်အတွင်း လိုက်နာဆောင်ရွက်သင့်သည့် လက်တွေ့ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကြံပြုချက် 8 ချက်ကို တင်ပြလိုက်ပါသည်။

၁။ တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်း အသုံးအဆောင်များ ဝတ်ဆင်ပါ
(Wear personal protective gear)
———————————
အန္တရာယ်ကာကွယ်ရေး တစ်ကိုယ်ရေသုံး ပစ္စည်းအသုံးအဆောင်များတွင် အန္တရာယ်ကာကွယ်ရေးမျက်မှန် ၊ ဖိုင်ဘာကဲ့သို့ မာကျောသည့် ပစ္စည်းဖြင့် ပြုလုပ်ထားသော ဦးထုပ် ၊ မီးဒဏ်ခံဝတ်စုံ ၊ ဖိနပ်ဦးထိပ်တွင် သံမဏိပြားတပ်ဆင်ထားသည့် အန္တရာယ်ကာကွယ်ရေးဖိနပ် ၊ နားကြပ်နှင့် သားရေလက်အိတ် စသည်များ ပါဝင်မည်။ ပုံမှန်အားဖြင့် သိုလှောင်ရုံဝန်ထမ်းများကို အန္တရာယ်ကာကွယ်ရေးအသုံးအဆောင်များအား အငှားစနစ်ဖြင့် ခွဲဝေပေးထားလေ့ရှိသည်။ သို့ရာတွင် ကန်ထရိုက်စနစ်ဖြင့် လာရောက်အလုပ်လုပ်သူများ (သို့)လုပ်ငန်းလိုအပ်ချက်အရ ယာယီအလုပ်သမားများမှာမူ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီအစဉ်ဖြင့် အန္တရာယ် ကာကွယ်ရေး အသုံးအဆောင်များကို ငှားရမ်း အသုံးပြုကြရမည်ဖြစ်သည်။လုပ်ငန်းအဆိုင်း မစတင်မီ သတ်မှတ်ထားချကများနှင့်အညီ ဘေးအန္တရာယ်ကာကွယ်ရေး ပစ္စည်း အသုံးအဆောင်များ ဝတ်ဆင်ထားခြင်း ရှိ ၊ မရှိ အစဉ်အမြဲ သတိပြုစစ်ဆေးနေရမည်ဖြစ်သည်။

၂။ ထိခိုက်ဒဏ်ရာ ရရှိသူများကို ချက်ချင်းသတင်းပို့ပါ

(Report injuries immediately)
———————————————–
ထိခိုက်ဒဏ်ရာ ရရှိမှုဟုဆိုရာတွင် မပြောပလောက်ဟု ထင်ရသည့် သေးငယ်သော ပြတ်ရှမှု (သို့) အပရိက ဒဏ်ရာများပါ အကျုံးဝင်မည်ဖြစ်သည်။ သိုလှောင်ရုံ အလုပ်သမားများအနေဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း ဖြစ်ပါက ထိခိုက်ဒဏ်ရာ ရရှိမှုကို ထိန်ချန်ထားရန် အကြောင်းမရှိပေ။ ထို့ပြင် အဆိုပါ ထိခိုက်မှုသည် လုပ်ငန်းသုံး ပစ္စည်းကရိယာတစ်ခု (သို့) လုပ်နည်းစနစ်တစ်ရပ်တွင် အမှားအယွင်း (သို့) ချွတ်ယွင်းမှုရှိနေသည်ကို ညွှန်းဆိုနေကြခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ မလိုလားအပ်သော ထိခိုက်မှုများထပ်မံမဖြစ်ပွားစေရေးအတွက် မည်သည့် ပြသနာတိုင်းကိုမဆို စီမံခန့်ခွဲသူ ၊ တာဝန်ရှိသူ သို့ ချက်ချင်းအစီရင်ခံ တင်ပြကြရမည်ဖြစ်သည်။

၃။ သင်လေ့ကျင့်သင်တန်းတက်ထားခြင်းမရှိသော ၊ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်လိုင်စင်မရှိသော လုပ်ငန်းတာဝန်များကို မည်သည့်အခါမျှ မထမ်းဆောင်ပါနှင့်

(Never performed duties you are not trained or licensed to do)
—————————————————–
ဤအချက်သည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အရေးပါဆုံးနှင့် အခြေခံအကျဆုံး ဥပဒေသများအနက် တစ်ခုဖြစ်သည်။ အလုပ်သမားတစ်ဦးသည် ၎င်းအပြည့်အဝ လေ့ကျင့်သင်တန်းတက်ထားခြင်း မရှိသော (သို့) ခွင့်ပြုချက် လိုင်စင်မရှိသော အထူးသဖြင့် ယာဉ်နှင့် စက်ကိရိယာမောင်းနှင်ခြင်းကဲ့သို့ လုပ်ငန်းတစ်ခုကို မည်သည့်အခါမှ ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်နေခြင်းမပြုသင့်ပေ။ အရိုးရှင်းဆုံး ပြောရမည်ဆိုလျှင် အကယ်၍ သင့်အပေါင်းအဖော်တစ်ဦး (သို့) မန်နေဂျာမှ သင့်ကို တာဝန်ပေးထားခြင်းမရှိသည့် လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် ညွှန်ကြားလာပါက အဆိုပါ အလုပ်ကို ဆောင်ရွက်ရန် လုံးဝအားမထုတ်ပါနှင့်။

၄။ မှန်ကန်သည့် ကုန်တင်ကုန်ချ နည်းစနစ်များကို လိုက်နာဆောင်ရွက်ပါ

(Follow proper lifting techinques)
—————————————–
သိုလှောင်ရုံများတွင် ထိခိုက်နာကျင်မှု ဖြစ်ပေါ်နိုင်ဆုံး လုပ်ငန်းများတွင် လေးလံသော ပစ္စည်း များ အတင်အချ ပြုလုပ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သိုလှောင်ရုံတာဝန်ရှိသူများအနေဖြင့် လေးလံပစ္စည်းများ အတင်အချအတွက် မှန်ကန်သည့် နည်းစနစ်များနှင့် သင့်လျော်သော ပစ္စည်းကိရိယာများကို အသုံးပြုသွားရန် လိုအပ်မည်ဖြစ်သည့်အပြင် အလုပ်သမားများအားလည်း လေ့ကျင့်သန်တန်းပေးမှုများကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။

၅။ ကြားလမ်းများကို ဖြတ်သန်းသည့်အခါ သတိပြုပါ

(Pay attention when crossing aisles)
—————————-
သိုလှောင်ရုံအတွင်း ကြားလမ်းများသည် ဘေးအန္တရာယ်အများဆုံး ဧရိယာများအနက် အချို့ပင်ဖြစ်သည်။ ကြားလမ်းများသည် သိုလှောင်ရုံ၏ လမ်းများဖြစ်ပြီး လေးလံသည့် စက်ပစ္စည်းများနှင့် ဖော့ကလစ်ကဲ့သို့ ယာဉ်များ ဥဒဟို သွားလာနေကြသည်။ သို့ဖြစ်၍ သိုလှောင်ရ့ုအတွင်း သွားလာသည့်အခါ ရောင်ပြန်ဆိုင်းဘုတ်များ ၊ သတိပေးညွှန်ကြားချက်များ ၊ ကြမ်းခင်းအမှတ်အသားများ ကဲ့သို့ မြင်သာသည့် ညွှန်ကြားချက်အားလုံးကို သတိပြုရန် လမ်းကူးသည့်အခါ ရှေ့ ၊နောက် နှစ်ဖက်လုံးကို အထူးသတိပြုကြည့်သွားရန်လိုအပ်မည်ဖြစ်သည်။

၆။ အရေးပေါ်လုပ်ထုံးလုပ်နည်းအားလုံးကို သိထားပါ

(Get to know emergency procedures)
————————————————-
သိုလှောင်ရုံ အလုပ်သမား အားလုံးကို ဘေးကင်းရာ ပြောင်းရွှေ့မှု လုပ်ထုံးလုပ်နည်း ၊ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်သတင်းပေးပို့မှု ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းများ စသည့် အရေးကြီးသော ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများကို ပီပီပြင်ပြင် လေ့ကျင့်သင်တန်းပေးထားသင့်သည်။ သိုလှောင်ရုံ အလုပ်သမားတစ်ဦးအနေဖြင့် မိမိ၏ သိုလှောင်ရုံတွင် ကျင့်သုံးလျက်ရှိသော ဘေးအန္တရာယ်ကင်းရှင်း လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံးကို သိရှိနိုင်ရန် လေ့လာသင့်သည်။

၇။ ဘေးအန္တရာယ်မကင်းရှင်းသည့် ပြုမူဆောင်ရွက်ချက်များကို သတင်းပို့ပါ

(Report unsafe behavior)
————————————————-
သိုလှောင်ရုံ လုပ်ငန်းခွင်အတွင်းတွင် ဘေးအန္တရာယ်ကင်းမှုမရှိသော အပြုအမူ ၊ လုပ်ဆောင်ချက်များကို ခွင့်မပြုနိုင်ပေ။ အပေါင်းအဖော်တစ်ဦးသည် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သင်မျက်မြင်ကိုယ်တွေ့ ဖြစ်ပါက (သို့) တစ်စုံတစ်ယောက်က မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း သင်သိရှိပါ တာဝန်ရှိသူထံသို့ ၎င်း၏ အပြုအမူနှင့် စပ်လျဉ်း၍ သတင်းပို့ပါ။ လုံးဝ မပြောပြလောက်ဟုထင်ရသော လိုက်နာရန် ပျက်ကွက်မှုတစ်စု (ဥပမာ ဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်း အသုံးအဆောင်များ ဝတ်ဆင်လိုမှုမရှိခြင်းကဲ့သို့ လုပ်ထုံးလုပ်နည်း လိုက်နာရန်ပျက်ကွက်မှုမျိုး ) စသည်ပင် အကြီးမားသော လုပ်ငန်းခွင်ဘေးအန္တရာယ်များကို ပေါ်ပေါက်လာစေနိုင်သည်ကို သတိပြုသင့်သည်။

၈။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အက်ဥပဒေလိုက်နာရန် ပျက်ကွက်မှုကို အစီရင်ခံတင်ပြပါ

(Report noncompliance to occupation safety and health act)
———————————————-
အမေရိကန်ပြည်ထောင်စုတွင် 1970 ခုနှစ် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအက်ဥပဒေ အရ အလုပ်သမားများနှင့်၎င်းတို့၏ ကိုယ်စားလှယ်များသည် ၎င်းတို့လုပ်ငန်းခွင်တွင် စိုးရိမ်ဖွယ် ဘေးအန္တရာယ်ရှိသည် (သို့) ၎င်းတို့၏ အလုပ်ရှင်သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး စံနှုန်းများကို လိုက်နာရန်ပျက်ကွက်သည်ဟု ၎င်းတို့ ယုံကြည်လျှင် ၎င်းတို့ လုပ်ငန်းခွင်သို့ လာရောက်စစ်ဆေးရန် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့သို့ အမှုဖွင့်တင်ပြနိုင်ခွင့်ရှိသည်။ သိုလှောင်ရုံတစ်ခုသည် သင့်တော်မှန်ကန်သည့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိဟု ယုံကြည်ရန်အကြောင်းပြချက်ရှိလျှင် တိုင်ကြားချက်ကို Online မှဖြစ်စေ ၊Fax (သို့) စာဖြင့်ဖြစ်စေ (သို့) တယ်လီဖုန်းဖြင့်ဖြစ်စေ အမှုဖွင့်တိုင်ကြားနိုင်သည်။  အမေရိကန်ပြည်ထောင်စု နည်းတူ အခြားနိုင်ငံအများအပြားတွင်လည်း အလုပ်ရုံနှင့် လုပ်ငန်းခွင် စစ်ဆေးရေးဌာနများ ၊ အလုပ်သမားဆိုင်ရာဥပဒေများ ၊ သတ်မှတ်ပြဌာန်းဆောင်ရွက်လျက်ရှိရာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတိုင်ကြားသွားကြရမည်ဖြစ်သည်။ အများအားဖြင့် သိုလှောင်ရုံများသည် ဘေးအန္တရာယ်ကင်းရှင်းမှု အနည်းဆုံးလူများ အလုပ်လုပ်နေကြရသည့် နေရာဖြစ်သည်ကို အစဉ် သတိပြုကာ အလုပ်လုပ်နေချိန်အတွင်း ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အစဉ် သတိပြု လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပေသည်။

 

#SuperLight #Logistics #Knowledge #Warehousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN