fbpx

Maintaining Warehouse Stock Organization (သိုလှောင်ရုံအတွင်း စနစ်တကျနေရာချထား စီမံဆောင်ရွက်ခြင်း)

မေး – သိုလှောင်ရုံတစ်ခုအတွင်း ပစ္စည်းများနှင့် ကုန်စည်များကို စနစ်တကျနေရာချထား စီမံဆောင်ရွက်ခြင်းဟာ လုပ်ငန်းများကို လွယ်ကူလျင်မြန်ထိရောက်စေဖို့အတွက် အမှန်တကယ်လိုအပ်ပါတယ် ဆိုတာ သင်လက်ခံပါသလား??

ဖြေ – မှန်ပါတယ်၊ အဲ့ဒီလိုမျိုး ကုန်စည်တွေကို စနစ်တကျ သိုလှေင်စီမံထားနိုင်ခြင်းဟာ ကုန်စည်များလက်ခံရာကစလို့ နေရာချထားခြင်း၊ ရွေးယူခြင်း၊ သဘောၤတင်ပို့ခြင်း တွေအထိ လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။

သိုလှောင်ရုံအတွင်း ပစ္စည်းနဲ့ကုန်စည်တွေကို စနစ်တကျနေရာချထား စီမံဆောင်ရွက်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းအချို့အား ရေးသားမျှဝေပေးလိုက်ပါတယ်။

(၁) ကုန်စည်အဝင်အားလုံးကို တံဆိပ် (Label) ကပ်ပါ
Label everything coming into receiving
======================================
သိုလှောင်ရုံကိုရောက်ရှိလာတဲ့ ဘယ်ပစ္စည်းကိုမဆို သိုလှောင်ရုံအတွင်း ဘယ်နေရာမှာထားရှိတယ်ဆိုတဲ့ ညွှန်းရပ်ဖော်ပြတဲ့ တံဆိပ်ကပ်ဖို့လိုပါတယ်။ ဒါမှ ဒီပစ္စည်းကိုနေရာချတာ၊ လွှဲပြောင်းတာ၊ ပြန်လည်ထုတ်ယူတာကို အလွယ်တကူဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ခေတ်မှီနည်းစနစ်အသုံးပြုတဲ့ သိုလှောင်ရုံတွေမှာ ကွန်ပြူတာနဲ့ချိတ်ဆက်ထားတဲ့ သတ်မှတ်ဘားကုတ် (Barcode label) များကို အသုံးပြုကြလေ့ရှိပါတယ်။

(၂) အထုတ်အသွင်း အများဆုံးပစ္စည်းများကို အလွယ်တကူထုတ်ယူနိုင်သည့်နေရာ သို့မဟုတ် သဘောၤတင်ဧရိယာနှင့် အနီးဆုံးတွင်ထားပါ
Place your high velocity items in easy-to-access and closet to your shipping area
==========================================================
သိုလှောင်ရုံအတွင်း ထိန်းသိမ်းထားတဲ့ကုန်ပစ္စည်းများအနက် မကြာခဏအများဆုံး အထုတ်အသွင်းပြုလုပ်လေ့ရှိတဲ့ ကုန်ပစ္စည်းများ (သိုလှောင်ရုံအတွင်း ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ) ကို အလွယ်တကူ အထုတ်အသွင်းပြုနိုင်တဲ့ နေရာမှာထားခြင်းဖြင့် အချိန်နှင့်လုပ်အားကို ခြွေတာနိုင်မှာဖြစ်ပါတယ်။

(၃) အလုပ်ဆိုင်းမပြီးခင် အလုပ်အားလုံးပြီးပါစေ
Complete orders before the end of a shift
================================
အလုပ်ဆိုင်းခွဲလုပ်ရတဲ့ သိုလှောင်ရုံများမှာ အလုပ်ဆိုင်းတစ်ခုမပြီးခင် တာဝန်ပေးထားတဲ့အလုပ်များ ပြီးစီးအောင်လုပ်နိုင်ဖို့ အလုပ်သမားများကို အချိန်ပေးပါ။ ဆိုလိုတာက သူတို့အလုပ်ချိန်အတွင်း နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်အောင် အလုပ်ခွဲဝေချထားပေးဖို့လိုပါတယ်။ ဒါ့အပြင် အလုပ်ဆိုင်းမပြီးခင် ပေးထားတဲ့အလုပ်များပြီးစီးမှု ရှိ မရှိ သေချာအောင်စစ်ဆေးပေးပါ။

(၄) သတ်မှတ်ချိန်အလိုက် စစ်ဆေးမှုဆောင်ရွက်ပါ
Implement cycle counts
====================================
သိုလှောင်ရုံအတွင်း ပစ္စည်းနှင့်ကုန်စည်များကို တစ်နှစ်မှတစ်ခါ မြေပြင်လက်ကျန်စာရင်းကောက် စစ်ဆေးမှုမျိုးမလုပ်ပဲ ပစ္စည်းနှင့်ကုန်စည်များကို သတ်မှတ်ချိန်အလိုက် (တစ်လတစ်ခါ၊ သုံးလတစ်ကြိမ် ဒါမှမဟုတ် သင့်လျော်သလိုသတ်မှတ်ပြီး) အလှည့်ကျပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးခြင်းဖြင့် ပိုမိုတိကျလွယ်ကူတဲ့စာရင်းများ ပြုစုနိုင်မှာဖြစ်ပါတယ်။

(၅) သန့်ရှင်းမှုကိုဦးစားပေးပါ
Make cleaning in priority
=========================
ကုန်ပစ္စည်းအဝင်မှန်သမျှ ပစ္စည်းတင်စင်များပေါ်မှာ ရှိပါစေ၊ သိုလှောင်ရုံထောင့်နဲ့ ကြားလမ်းများမှာ ကျန်ရှိမနေပါစေနဲ့၊ ဒါ့အပြင် ထုတ်ပိုးရာမှာ အသုံးပြုပစ္စည်းများနဲ့ စွန့်ပစ်ရမဲ့ပစ္စည်းများကို အလုပ်ဆိုင်းတစ်ခုမပြီးခင် အားလုံးသိမ်းဆည်းရှင်းလင်းပြီးပါစေ၊ ဒါမှ ပစ္စည်းအားလုံး သူ့နေရာနဲ့သူထားသိုပြီး အလွယ်တကူရှာတွေ့နိုင်မှာပါ။

(၆) သိုလှောင်ရုံမန်နေဂျာများအတွက် နေ့စဉ်စစ်ဆေးရမယ့်စာရင်း ပြုစုထားပါ
Create a daily checklist for the warehouse
========================================================
သိုလှောင်ရုံမန်နေဂျာများအနေနဲ့ သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများထိန်းသိမ်းမှုကို နေ့စဉ်သတိပြုဆောင်ရွက်ရန် လိုအပ်ပါတယ်။ သတ်မှတ်ချိန်အလိုက် ကုန်စည်များစစ်ဆေးမှု၊ သန့်ရှင်းရေး၊ ကုန်စည်များနေရာချထားမှု၊ သဘောၤတင်ပို့ရန်ပြင်ဆင်မှု စတဲ့အရေးကြီးကိစ္စရပ်များကို မကျန်ရစ်ရအောင် နေ့စဉ်စစ်ဆေးရမဲ့စာရင်းတစ်ခု ပြုစုထားရှိသင့်တာဖြစ်ပါတယ်။

(၇) Warehouse management software ကိုအသုံးပြုပါ
Use warehouse management software to your advantage
==============================================
ကွန်ပြူတာနဲ့ချိတ်ဆက်ထားတဲ့ သိုလှောင်ရုံထိန်းသိမ်းမှုစနစ် (Warehouse management system) ဟာ သိုလှောင်ရုံအတွင်း ထိန်းသိမ်းထားတဲ့ကုန်စည်အားလုံးကို အလွယ်တကူရှာဖွေသိရှိနိုင်တဲ့အတွက်ကြောင့် လုပ်ငန်းပိုမိုမြန်ဆန် ချောမွေ့စေမှာဖြစ်ပါတယ်။

#Super Light #Logistics #Knowledge #Maintaining_Warehouse_Stock_Organization

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN